AA အဖွဲ့ဝင်တွေကို လူရောလက်နက်ပါ တပ်မတော်က ဖမ်းမိတယ်ဆိုတဲ့ ဓာတ်ပုံမှား

နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 12/11/2020 အချိန် 09:22

ရခိုင်တပ်မတော် (AA) အဖွဲ့ဝင်တွေကို ဖမ်းမိတယ်လို့ပြောဆိုမှုနဲ့အတူ ဓာတ်ပုံ (၄) ပုံကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ ပြန်လည် မျှဝေခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ ပျံ့နှံ့နေတဲ့ဓာတ်ပုံတွေဟာ ကိုလံဘီယာနိုင်ငံမှာ ကိုလံဘီယာစစ်တပ်က ပြောက်ကျားသူပုန်အဖွဲ့ (ELN) ကို စစ်ဆင်ရေးလုပ်တုန်းက ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ထဲကနေ screenshot ပြန်ရိုက်ယူထားတဲ့ပုံရိပ်တွေဖြစ်ပါတယ်။