တူရကီ-ဆီးရီးယားငလျင် “ဆူနာမီ”ဆိုပြီး မှားယွင်းပြောဆိုမှုနဲ့ တောင်အာဖရိက ဗီဒီယိုဟောင်း ပျံ့နှံ့

ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 13/02/2023 အချိန် 08:16

ဖေဖော်ဝါရီလ ၆ ရက်နေ့က တူရကီ-ဆီးရီးယားနယ်စပ်မှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့်ဖြစ်တဲ့ “ဆူနာမီ”ဆိုပြီး မှားယွင်းပြောဆိုမှုနဲ့အတူ ကမ်းခြေတစ်ခုအပေါ် ရေလှိုင်းကြီးတွေရိုက်ခတ်နေတဲ့ ဗီဒီယိုတစ်ခုကို Facebook မှာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုဟာ ၂၀၁၇ ခုနှစ်၊ မတ်လက တောင်အဖရိကကမ်းခြေတစ်ခုမှာ လှိုင်းကြီးရိုက်ခတ်နေတဲ့မြင်ကွင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။