မူရင်းဓာတ်ပုံမှာတော့ “ကုလသမဂ္ဂသည် အာဖရိကအရေးတွင်မပါဝင်” ဆိုပြီး ပါရှိ

ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 18/06/2021 အချိန် 09:52

ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တစ်ဦး ဆိုင်းဘုတ်ဘေးမှာရပ်နေပြီး “Uninvolved in Peace” (ငြိမ်းချမ်းရေးကိစ္စတွင်မပါဝင်) ဆိုတဲ့စကားလုံးမျိုးဖြစ်ပေါ်နေပုံကို Facebook ၊ Instagram ၊Twitter နဲ့ Reddit တို့က ပို့စ်ပေါင်းများစွာမှာ ပြန်လည်မျှဝေနေကြပါတယ်။ ဒီဓာတ်ပုံဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာ နှစ်နဲ့ချီနေပြီဖြစ်ပြီး စင်ကာပူနဲ့မြန်မာနိုင်ငံမှာတော့ မကြာသေးခင်ကမှ ပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ နားလည်မှုလွဲစေနိုင်ပါတယ်။ ဒီဓာတ်ပုံဟာ ၂၀၀၇ ခုနှစ်တုန်းက တောင်အာဖရိကသတင်းစာတစ်စောင်အတွက် ကြော်ငြာကမ်ပိန်းတစ်ခုရိုက်ကူးတုန်းက ဓာတ်ပုံဖြစ်ပါတယ်။ အဲဒါအပြင် နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာပါဝင်တဲ့ ဓာတ်ပုံဟာ ပြန်လည်ပြုပြင်ခံထားရတာဖြစ်ပါတယ်။ မူလကြော်ငြာဓာတ်ပုံမှာတော့ “Uninvolved in Africa” (အာဖရိကအရေးကိစ္စတွင်မပါဝင်) ဆိုပြီး ပါရှိပါတယ်။