အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် ပဋိပက္ခအတွင်း ဒုံးကျည်ပစ်ခတ်နေတယ်ဆိုတဲ့ ဗီဒီယိုအမှား ပျံ့နှံ့

နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 20/10/2020 အချိန် 10:12

လက်ရှိစစ်ရေးပဋိပက္ခ တင်းမာနေတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံအကြား ဒုံးကျည်လက်နက်ကြီးတွေ ပစ်ခတ်နေတယ်လို့ ဆိုထားတဲ့ ဗီဒီယိုတစ်ခု Facebook ပေါ်မှာ ပျံ့နှံ့နေပြီး၊ ကြည့်ရှုတဲ့အကြိမ်ရေ သောင်းနဲ့ချီရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ မှားယွင်းနေပြီး ဒီဗီဒီယိုဟာ ၂၀၁၉ ခုနှစ်က ရုရှားနိုင်ငံမှာ စစ်ရေးပြအခမ်းအနားတစ်ခုကို ကြည့်ရှုနေသူတွေရဲ့ ဗီဒီယိုပဲ ဖြစ်ပါတယ်။