ကျွန်ုပ်တို့၏အကြောင်း

AFP ဟာ ဒီဂျစ်တယ်အချက်အလက်စစ်ဆေးရေးဝန်ဆောင်မှုကို ၂၀၁၇ တုန်းက ပြင်သစ်မှာ စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ အမေရိကန်ကနေစလို့ မြန်မာနိုင်ငံအထိ နိုင်ငံပေါင်းများစွာက ဂျာနယ်လစ်တွေနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်စိစစ်ရေးအဖွဲ့ (global fact-checking organisation) ကြီး ဖြစ်လာခဲ့ပါတယ်။ ကျွန်ုပ်တို့ဂျာနယ်လစ်တွေဟာ အွန်လိုင်းပေါ်က အကြောင်းအရာတွေကို အီသီယိုးပီးယားဘာသာစကားဖြစ်တဲ့ အမ်ဟားရစ် (Amharic) ကနေစလို့ ဟင်ဒီစကား၊ ပိုလန်စကား၊ ပေါ်တူဂီစကားတို့အထိ ဘာသာစကားပေါင်းစုံနဲ့ စောင့်ကြည့်စစ်ဆေးလျက်ရှိပါတယ်။ ဒီလိုစောင့်ကြည့်တဲ့နေရာမှာ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ နိုင်ငံရေး စတဲ့ကဏ္ဍတွေ ပါဝင်ပြီး အချက်အလက်အမှားတွေကို စိစစ်သက်သေပြဖို့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ AFP ဌာနခွဲပေါင်းများစွာနဲ့ ချိတ်ဆက်လုပ်ကိုင်လျက်ရှိပါတယ်။ စောင့်ကြည့်တဲ့အကြောင်းအရာတွေမှာ အများပြည်သူကို ထိခိုက်စေတဲ့၊ အကျိုးသက်ရောက်မှု ကြီးကြီးမားမားဖြစ်စေတဲ့ လိုရာဆွဲရေးသားထားတဲ့အကြောင်းအရာတွေကို အဓိကထား စိစစ်နေတာလည်းဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ အင်္ဂလိပ်ဘာသာစကားအဖွဲ့ကတော့ ဟောင်ကောင်၊ ဆစ်ဒနီ၊ ဝါရှင်တန်၊ ပါရီနဲ့ ဂျိုဟန်နာစဘာ့ဂ်စတဲ့ မြို့တွေမှာ အယ်ဒီတာတွေအသီးသီးနဲ့ ကမ္ဘာအနှံ့ဖြန့်ကြက်ပြီး ရှိနေပါတယ်။ 

Sophie Nicholson၊ ဒုတိယအယ်ဒီတာချုပ်၊ ပါရီ

Sophie Nicholson ဟာ global team ကို ကြီးကြပ်နေပြီး နည်းပညာကုမ္ပဏီတွေ၊ မီဒီယာအဖွဲ့အစည်းတွေ၊ သုတေသီတွေ၊ အချက်အလက်စိစစ်သူတွေနဲ့ အနီးကပ်အလုပ်လုပ်ကိုင်လျက် ရှိပါတယ်။ Sophie ဟာ ယခင်က မက္ကစီကိုစီးတီးမြို့မှာ နိုင်ငံခြားသတင်းထောက်အနေနဲ့ အလုပ်လုပ်ကိုင်ခဲ့ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံကနေ သတင်းတွေ ပေးပို့ခဲ့တာဖြစ်ပါတယ်။ Sophie ဟာ လန်ဒန်မြို့ဘီဘီစီသတင်းဌာနရဲ့ ရေဒီယိုနဲ့ရုပ်မြင်သံကြားဌာနမှာ စတင်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

Cat Barton၊ အာရှတိုက်ဆိုင်ရာအကြီးအကဲ၊ ဟောင်ကောင်

Cat Barton ဟာ အာရှပစိဖိတ်ဒေသ AFP သတင်းအချက်အလက်စိစစ်ရေးအကြီးအကဲဖြစ်ပါတယ်။ Cat ဟာ ဟောင်ကောင်မှာရှိတဲ့ ရုံးခွဲကနေ ဒေသတွင်းပျံ့နှံ့နေတဲ့အချက်အလက်မှားတွေကို ဖော်ထုတ်စိစစ်တဲ့ သတင်းသမားအဖွဲ့ကို ဦးဆောင်နေသူပါ။ Cat ဟာ ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ AFP ရဲ့ ဗြူရိုအကြီးအကဲ၊ အဲဒီနောက် ဗီယက်နမ်နိုင်ငံဆိုင်ရာ AFP ဗြူရိုရဲ့အကြီးအကဲအဖြစ် တာဝန်ယူခဲ့ပါတယ်။ 

Rachel Blundy၊ အာရှအကြီးတန်းအယ်ဒီတာ၊ ဟောင်ကောင်

Rachel Blundy ဟာ အာရှပစိဖိတ် Fact-check အဖွဲ့ကို ဦးဆောင်ပေးနေတဲ့ Fact-check အယ်ဒီတာတစ်ဦးဖြစ်ပါတယ်။ သူဟာ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအေဂျင်စီတစ်ခုဖြစ်တဲ့ Storyful မှာလုပ်ကိုင်ခဲ့သူဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်က user generated content - UGC (အွန်လိုင်းအသုံးပြုသူတွေဖန်တီးတဲ့အကြောင်းအရာ) တွေကို စိစစ်အတည်ပြုတဲ့နေရာမှာ ကျွမ်းကျင်သူဖြစ်ပါတယ်။ လန်ဒန်မြို့ဇာတိဖြစ်ပြီး ဗြိတိန်က သတင်းစာတွေမှာ သတင်းရေးသားခြင်းနဲ့ ဒီဂျစ်တယ်ထုတ်လုပ်ရေးကဏ္ဍတွေမှာ ငါးနှစ်ကျော် အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဟောင်ကောင်ကို ရွှေ့ပြောင်းခဲ့ပါတယ်။

Yenni Kwok၊ အာရှအယ်ဒီတာ၊ ဟောင်ကောင်

Yenni Kwok ဟာ ဟောင်ကောင်အခြေစိုက် Fact-check အယ်ဒီတာတစ်ဦးဖြစ်ပြီး အင်ဒိုနီးရှားနဲ့ မလေးရှားအဖွဲ့ကို ကြီးကြပ်နေသူဖြစ်ပါတယ်။ သူဟာ ဂျာကာတာနဲ့ ကွာလာလမ်ပူက ဂျာနယ်လစ်တွေနဲ့ အနီးကပ်လုပ်ကိုင်နေပြီး အဲဒီနှစ်နိုင်ငံမှာ ပျံ့နှံ့နေတဲ့အချက်အလက်အမှားတွေကို စိစစ်ဖော်ထုတ်လျက်ရှိပါတယ်။ သူဟာ ယခင်က Storyful၊ Time မဂ္ဂဇင်း၊ New York Times၊ CNN၊ South China Morning Post နဲ့ Asiaweek တို့မှာ ဂျာနယ်လစ်နဲ့ အယ်ဒီတာအဖြစ်အလုပ်လုပ်ကိုင်ခဲ့ဖူးပါတယ်။ 

Spencer Feingold၊ အာရှအယ်ဒီတာ၊ ဟောင်ကောင်

Spencer Feingold ဟာ ဟောင်ကောင်မှာနေထိုင်ပြီး အာရှတစ်ခွင်က အချက်အလက်အမှားတွေကို စောင့်ကြည့်နေတဲ့ Fact-check အယ်ဒီတာတစ်ဦးဖြစ်ပါတယ်။ AFP ကိုမရောက်ခင် CNN မှာ နိုင်ငံတကာသတင်းတွေကို ရေးသားနေသူဖြစ်ပြီး သတင်းဝဘ်ဆိုက်ပေါင်းများစွာအတွက်လည်း ရေးသားပေးခဲ့သူဖြစ်ပါတယ်။ သူဟာ နယူးဒေလီမြို့ The Times of India မှာလည်း ဂျာနယ်လစ်အနေနဲ့ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

Arthur MacMillan၊ မြောက်အမေရိကတိုက်အကြီးအကဲ၊ ဝါရှင်တန်ဒီစီ

Arthur MacMillan ဟာ အချက်အလက်မှားတွေကို တန်ပြန်တဲ့ စာမူတွေကို Fact-checker တွေနဲ့အတူ စိစစ်တည်းဖြတ်နေပြီး အစိုးရကျောထောက်နောက်ခံသတင်းမှားတိုက်ဖျက်ရေးကမ်ပိန်းတွေအတွက်လည်း အဓိကကျတဲ့ သတင်းတွေကို ရေးသားလျက်ရှိပါတယ်။ သူဟာ ယခင်က နယူးယောက်၊ ပါရီ၊ တီဟရန်၊ ဘဂ္ဂဒက်နဲ့ဟောင်ကောင်မြို့တို့မှာ အခြေစိုက်ခဲ့ပြီး ပါကစ္စတန်အပါအဝင် အခြားနိုင်ငံပေါင်းများစွာမှာလည်း အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ပါကစ္စတန်မှာ ၂၀၀၇ ခုနှစ်တုန်းက ဘနာဇီယာဘူတိုလုပ်ကြံခံရမှုအကြောင်းကိုလည်း သတင်းရေးသားခဲ့သူဖြစ်ပါတယ်။

Will Dunlop၊ အမေရိကန်အကြီးတန်းအယ်ဒီတာ၊ ဝါရှင်တန်ဒီစီ

Will Dunlop ဟာ အမေရိကန်နိုင်ငံက အချက်အလက်အမှားတွေအကြောင်း ဆောင်းပါးတွေကို ရေးသားတည်းဖြတ်နေသူဖြစ်ပါတယ်။ Dubai မြို့သတင်းထောက်အနေနဲ့ ၂၀၀၉ ခုနှစ်မှာ AFP ကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဘဂ္ဂဒက်မြို့မှာ ခြောက်နှစ်ကြာပြောင်းရွှေ့အခြေစိုက်ခဲ့ပြီး အစပိုင်းမှာ သတင်းထောက်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီကနေမှ ဒုတိယဗြူရိုအကြီးအကဲဖြစ်လာခဲ့ပါတယ်။ ၂၀၁၇ နှစ်မှာတော့ ဝါရှင်တန်မြို့မှာ အင်္ဂလိပ်ပိုင်းအယ်ဒီတာဖြစ်လာခဲ့ပြီး AFP Fact Check ကို ၂၀၂၀ ပြည့်နှစ်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ 

 Marisha Goldhamer ၊ ကနေဒါအကြီးတန်းအယ်ဒီတာ၊ ဝါရှင်တန်ဒီစီ

Marisha Goldhamer ဟာ AFP Fact Check အတွက် အင်္ဂလိပ်ပိုင်းဆိုင်ရာ မူလလက်ဟောင်းအယ်ဒီတာတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူဟာ ကနေဒါအဖွဲ့ကို ကြီးကြပ်ရင်းတစ်ဖက်မှာလည်း မြောက်အမေရိကတိုက်က အချက်အလက်အမှားတွေနဲ့ပတ်သက်လို့ Monteral၊ Toronto နဲ့ ဝါရှင်တန်က ဂျာနယ်လစ်တွေနဲ့ အနီးကပ်လုပ်ကိုင်လျက်ရှိပါတယ်။ Marisha ဟာ AFP ဝါရှင်တန်ရုံးကို ကို ၂၀၀၃ ခုနှစ်မှာ Multimedia အယ်ဒီတာအနေနဲ့ စတင်အလုပ်ဝင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ ဝဘ်ဆိုက်နဲ့ မိုဘိုင်းလ်ဖုန်းဆိုင်ရာ အကြီးတန်းအယ်ဒီတာအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရပါတယ်။ 

 Ian Timberlake၊ အမေရိကန်အယ်ဒီတာ၊ ဝါရှင်တန်ဒီစီ

Ian Timberlake ဟာ အမေရိကန်အခြေစိုက်သတင်းတွေတွေရေးကြတဲ့ အချက်အလက်အမှားဆိုင်ရာဆောင်းပါးတွေကို တည်းဖြတ်လျက်ရှိပါတယ်။ သူဟာ သူကိုယ်တိုင် အချက်အလက်တွေ စုံစမ်းစစ်ဆေးပြီး ကိုယ်တိုင် Fact Check တွေကို ရေးသားလျက်ရှိပါတယ်။ Ian ဟာ ၂၀၁၇ မှာ AFP ဝါရှင်တန်ကို ဝင်ရောက်ခဲ့ပြီး ၂၀၂၀ ဧပြီမှာတော့ AFP Fact Check ကို ဝင်ရောက်ခဲ့ပါတယ်။ သူဟာ ယခင်ကလည်း အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ သတင်းထောက်အနေနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သလို အဲဒီမတိုင်ခင်ကလည်း သူ့ရဲ့ဇာတိကနေဒါနိုင်ငံက သတင်းစာတစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။ 

Nina Lamparski၊ အာဖရိကအကြီးအကဲ၊ ပါရီ

Nina Lamparski သည် အာဖရိကရှိ ဒီဂျစ်တယ်စိစစ်အတည်ပြုရေးအဖွဲ့များကို ဦးဆောင်နေသူဖြစ်သည်။ ယင်းမတိုင်ခင်က ပါရီမြို့ရှိ AFP အင်္ဂလိပ်ပိုင်းဌာနတွင် အယ်ဒီတာတစ်ဦးဖြစ်ခဲ့ပြီး ဥရောပနှင့်အာဖရိကတစ်ခွင်ရှိ ဗြူရိုများမှ နေ့စဉ်သတင်းများကို စီမံခန့်ခွဲခဲ့သည်။ သူသည် ၂၀၁၅ ခုနှစ်တွင် AFP ကို ဝင်ရောက်ခဲ့ပြီး ဗီယင်နာမြို့တွင်နေထိုင်၍ အရှေ့နှင့်ဗဟိုဥရောပသတင်းများကို ရယူခဲ့သည်။ ယင်းမတိုင်မီ လန်ဒန်မြို့အခြေစိုက် BBC သတင်းဌာနတွင်လည်း အသံလွှင့်ဂျာနယ်လစ်တစ်ဦးအနေဖြင့် နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့သည်။ ထို့ပြင် ဆစ်ဒနီ၊ ဖနောင်ပန်နှင့် ဘရပ်ဆဲလ်မြို့များတွင်လည်း သတင်းစာနှင့်ရေဒီယိုများအတွက် အလုပ်လုပ်ကိုင်ခဲ့သည်။ 

Gaëlle Faure၊ အာဖရိကဒုတိယအကြီးအကဲ၊ ပါရီ

Gaëlle Faure သည် အာဖရိက Fact Check အဖွဲ့၏ အယ်ဒီတာတစ်ဦးဖြစ်ပြီး AFP ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် ဝင်ရောက်ခဲ့သည်။ Gaëlle သည် ယခင်က ပြင်သစ်နှင့်အမေရိကန် မီဒီယာအဖွဲ့အစည်းများတွင် စုံစမ်းစိစစ်ခြင်းနှင့် အတည်ပြုခြင်းဆိုင်ရာ လုပ်ငန်းများကိုအဓိကထား၍ သတင်းရေးသားခြင်းနှင့်တည်းဖြတ်ခြင်းများ လုပ်ကိုင်ခဲ့သည်။ 

 Brett Horner ၊ အာဖရိကအယ်ဒီတာ၊ Johannesburg

Brett Horner သည် AFP ဂျိုဟန်နာစဘာ့ဂ်ဗြူရိုတွင်အခြေစိုက်ပြီး တောင်အာဖရိက AFP Fact Check အဖွဲ့၏ အယ်ဒီတာဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာတွင် ဒီဂျစ်တယ်စိစစ်အတည်ပြုခြင်းဆိုင်ရာအဖွဲ့ကို ဝင်ရောက်ခဲ့သည်။ AFP ကို မဝင်ရောက်မီ Brett သည် တောင်အာဖရိကရှိ သတင်းဝဘ်ဆိုက်တစ်နှင့် ဒေသတွင်းသတင်းစာနှစ်စောင်အတွက် အယ်ဒီတာချုပ်အနေဖြင့် အလုပ်လုပ်ကိုင်ခဲ့သည်။ တောင်အာဖရိကတွင် ဂျာနယ်လစ်အနေဖြင့် နှစ် ၂၀ ကျော် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။ 

Montira Rungjirajittranon၊ Fact- Check သတင်းထောက်၊ ထိုင်းနိုင်ငံ

Montira Rungjirajittranon ခေါ် “Tak” သည် ထိုင်းနိုင်ငံ၊ AFP ဘန်ကောက်ဗြူရိုအခြေစိုက် Fact-Check သတင်းထောက်တစ်ဦးဖြစ်သည်။ City University Landon ရှိ Journalism School မှ ၂၀၁၇ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ ဒေသတွင် ပျံ့နှံ့လျက်ရှိသော အချက်အလက်မှားများကို စိစစ်ဖော်ထုတ်ရန် အာရှပစိဖိတ်ဒေသတွင်းအခြေစိုက် Fact-checkers (သတင်းအချက်အလက်စိစစ်သူများ)၊ အခြားဂျာနယ်လစ်များနှင့် လုပ်ကိုင်လျက်ရှိသည်။ AFP တွင်မလုပ်ကိုင်မီ ထိုင်းနိုင်ငံနှင့် ဟောင်ကောင်တို့ရှိ ဆိုရှယ်မီဒီယာနှင့် ဒီဂျစ်တယ်မားကတ်တင်းကဏ္ဍများတွင် လုပ်ကိုင်ခဲ့သည်။ 

Jake Soriano၊ အာရှအယ်ဒီတာ၊ ဖိလစ်ပိုင်

Jake Soriano ဟာ ဖိလစ်ပိုင် Fact-Check အယ်ဒီတာတစ်ဦးဖြစ်ပြီး AFP မနီလာဗြူရိုကို ၂၀၁၉ ခုနှစ်မှာ ဝင်ရောက်ခဲ့ပါတယ်။ သူဟာ အရင်က Tsek.ph အပါအဝင် ဖိလစ်ပိုင်မှာရှိတဲ့ fact-checking (အချက်အလက်စိစစ်ရေး) စီမံကိန်းတွေမှာ သတင်းဌာနတွေနဲ့ တက္ကသိုလ်ကြား ပူးပေါင်းဆောင်ရွက်သူအနေနဲ့ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ 

 Uzair Rizvi ၊ အချက်အလက်စိစစ်ရေးသတင်းထောက်၊ အိန္ဒိယ

Uzair Rizvi ဟာ AFP ဒေလီရုံးချုပ်မှာ အခြေစိုက်တဲ့ အချက်အလက်စိစစ်ရေးသတင်းထောက် ဖြစ်ပါတယ်။ သူက အိန္ဒိယက လူမှုကွန်ရက်နဲ့ လျှပ်တပြက်စာတိုပေးပိုတဲ့ Applications တွေမှာ ပျံ့နှံ့တဲ့ သတင်းမှားတွေကို စိစစ်ပါတယ်။ ၂၀၁၈ ခုနှစ် AFP မှာ မလုပ်ကိုင်မီ သူဟာ Hindustan Times သတင်းဌာနမှာ မာတီမီဒီယာသတင်းထောက် အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ Thomson Reuters Foundation မှာလည်း လုပ်ကိုင်ခဲ့ပြီး ကလေးသူငယ်ကျေးကျွန်ပြုခြင်း လူကုန်ကူးခြင်းတွေနဲ့ ပတ်သက်ပြီး သတင်းရေးသားခဲ့ပါတယ်။


Akhil Ranjan ၊ အချက်အလက်စိစစ်ရေးသတင်းထောက်၊ အိန္ဒိယ

Akhil Ranjan ဟာ အိန္ဒိယနိုင်ငံ AFP ဒေလီရုံချုပ်က အချက်အလက်စိစစ်ရေးသတင်းထောက် ဖြစ်ပါတယ်။ သူဟာ အင်တာနက်လူမှုကွန်ရက်ပေါ်က အင်္ဂလိပ်၊ ဟင်ဒီ၊ အူဒူနှင့်အခြားဒေသသုံးဘာသာစကားတွေနဲ့ ပျံ့နှံ့တဲ့ သတင်းအချက်အလက်အမှားတွေကို စိစစ်ပါတယ်။ သူက Google အသိမှတ်ပြု သတင်းအချက်အလက်စိစစ်သူတစ်ဦးဖြစ်ပြီး အွန်လိုင်းအချက်အလက် စိစစ်အတည်ပြုခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေကို သတင်းထောက်များနှင့် သတင်းစာပညာကျောင်းသားတွေအတွက် ကျင်းပပေးသူ ဖြစ်ပါတယ်။

Johnny Lieu ၊ အချက်အလက်စိစစ်ရေးသတင်းထောက်၊ ဆစ်ဒနီ

Johnny Lieu ဟာ  သြစတြေးလျနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းမှားနဲ့နားလည်မှုလွဲစေတဲ့ သတင်းအချက်အလက်တွေကို စိစစ်တဲ့ AFP ဆစ်ဒနီရုံးချုပ်အခြေစိုက် အချက်အလက်စိစစ်ရေးသတင်းထောက် ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က AFP မှာ အလုပ်မလုပ်ခင် သူဟာ အမေရိကန်နည်းပညာဝက်ဘ်ဆိုက်နဲ့  သြစတြေးလျရုပ်သံ Network Ten တို့မှာ အလုပ်လုပ်ခဲ့ပါတယ်။

Taylor Thompson-Fuller ၊ အချက်အလက်စိစစ်ရေးသတင်းထောက်၊ ဆစ်ဒနီ

Taylor Thompson-Fuller ဟာ နယူးဇီလန်နဲ့ ပစိဖိတ်ကျွန်းများဒေသဆိုင်ရာ အချက်အလက်စိစစ်ရေးသတင်းထောက် ဖြစ်ပါတယ်။ Taylor ဟာ အရင်က  သြစတြေးလျနိုင်ငံ Associated Press သတင်းဌာနမှာ သတင်းမှားတွေစိစစ်တဲ့ အလုပ်လုပ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဆစ်ဒနီအကျဉ်းထောင်ထဲက ဒေသခံအမျိုးသားတစ်ဦးသေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ စုံစမ်းဖော်ထုတ်တဲ့သတင်းကြောင့် Walkley Excellence in Journalism Award ဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရပါတယ်။

Richard Kang ၊ သတင်းအချက်အလက်စိစစ်ရေးသတင်းထောက်၊ တောင်ကိုရီးယား

Richard Kang သည် AFP ၏ ဆိုလ်မြို့ ရုံးချုပ်တွင် အခြေစိုက်သည့် အချက်အလက်စိစစ်ရေးသတင်းထောက်ဖြစ်ပြီး ကိုရီးယားဘာသာစကားဖြင့် ပျံ့နှံ့လျက်ရှိသည့် နားလည်မှုလွဲစေသည့်အချက်အလက်များကို စိစစ်လျက်ရှိသည်။ ၎င်းသည် AFP တွင် အလုပ်မလုပ်ကိုင်မီ BBC Moniroting နှင့် ဟောင်ကောင်အခြေစိုက် Financial Times သတင်းဌာနတို့တွင် အလုပ်လုပ်ကိုင်ခဲ့သည်။

Amy Sood၊ fact-check သတင်းထောက်၊ ဟောင်ကောင်

Amy Sood သည် ဟောင်ကောင်အခြေစိုက် သတင်းအချက်အလက်စိစစ်ရေးသတင်းထောက်တစ်ဦးဖြစ်ပြီး ပုံမှန်အားဖြင့် အင်ဒိုနီးရှားနှင့် အိန္ဒိယဆိုင်ရာ သတင်းအချက်အလက်များကို တာဝန်ယူထားသူဖြစ်ပါသည်။ AFP ကို မဝင်ရောက်မီ NBC news နှင့် CNN တို့တွင် အလုပ်သင်အဖြစ် လုပ်ကိုင်ခဲ့ပြီး အာရှပစိဖိတ်ဒေသတစ်ခွင်မှ သတင်းများကို ရေးသားခဲ့ပါသည်။ သူသည် ဟောင်ကောင်တက္ကသိုလ်ဂျာနယ်လစ်ဇင်ကျောင်းမှ မဟာဘွဲ့ရရှိထားသူဖြစ်ပါသည်။

Faith Brown၊ fact-check သတင်းထောက်၊ မနီလာ

Faith Brown သည် ဖိလစ်ပိုင်အခြေစိုက် fact-check သတင်းထောက်တစ်ဦးဖြစ်ပြီး AFP သို့မဝင်ရောက်မီ ဂျပန်ရုပ်သံသတင်းဌာနတစ်ခုဖြစ်သည့် NHK တွင် မနီလာအခြေစိုက် သတင်းထောက်တစ်ဦးအနေဖြင့် သတင်းမှာ ရေးသားခဲ့ပါသည်။

Qadaruddin Shishir ၊ fact-check အယ်ဒီတာ၊ ဒါကာ

Qadaruddin Shishir သည် AFP Fact Check ဘင်္ဂလားဒေ့ရှ်ဘာသာစကားဝဘ်ဆိုဒ်ကို ပူးတွဲတာဝန်ယူထားသည့် AFP ဒါကာဗြူရိုမှ အယ်ဒီတာတစ်ဦးဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်အခြေစိုက် BOOM Live တွင် အယ်ဒီတာအဖြစ်လုပ်ကိုင်ပြီးနောက် AFP သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ယခင်ကလည်း BD FactCheck နှင့် အခြားသော ဘင်္ဂလားဒေ့ရှ်နာမည်ကြီးရုပ်သံလိုင်းတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။ Shishir သည် ဒီဂျစ်တယ်အချက်အလက်စိစစ်ရေးဆိုင်ရာ သင်တန်းပို့ချသူတစ်ဦးလည်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ရှိ ဂျာနယ်လစ်များနှင့်ကျောင်းသားများအတွက် အလုပ်ရုံဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပပေးနေသူဖြစ်သည်။

Mazed Mohammad ၊ fact-check သတင်းထောက်၊ ဒါကာ

 Mazed Mohammad သည် AFP ဒါကာဗြူရိုအခြေစိုက် သတင်းအချက်အလက်စိစစ်ရေးသတင်းထောက်တစ်ဦးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ရှိ အွန်လိုင်းပေါ်ပျံ့နှံ့နေသော အချက်အလက်မှားများကို အင်္ဂလိပ်ဘာသာ၊ ဘင်္ဂလားဘာသာများဖြင့် ထုတ်ဖော်ရေးသားနေသူဖြစ်သည်။ ယခင်က ဘင်္ဂလားဒေ့ရှ်အခြေစိုက် BOOM Live တွင် သတင်းအချက်အလက်စိစစ်ရေးသတင်းထောက်အနေဖြင့် လုပ်ကိုင်ခဲ့ပြီး အွန်လိုင်းသတင်းအချက်အလက်စိစစ်ခြင်းနှင့် မီဒီယာဖွံ့ဖြိုးရေး သင်တန်းများကို ဦးဆောင်ခဲ့သူဖြစ်သည်။