အာဖရိက

၂၀၂၀ ခုနှစ်က ဆူဒန်နိုင်ငံမှာ ဆီဖြည့်ဖို့ တန်းစီနေတဲ့ ကားတွေဖြစ်ပြီး မြန်မာနိုင်ငံက မဟုတ်ပါ

ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 22/04/2022 အချိန် 11:59

၂၀၂၂ ခုနှစ်၊ ဧပြီလက စက်သုံးဆီပြတ်လပ်မှာ စိုးရိမ်တဲ့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့နောက် ရန်ကုန်က ဆီဆိုင်တစ်ဆိုင်မှာ ဆီဖြည့်ဖို့တန်းစီနေတဲ့ ကားတန်းရှည်လို့ ပြောဆိုထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ မျှဝေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံဟာ အကြောင်းအရာလွဲမှား ဖော်ပြထားတာ ဖြစ်ပါတယ်။ တကယ်တမ်း ဒီဓာတ်ပုံဟာ ဆူဒန်နိုင်ငံက စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေမှာ ၂၀၂၀ ခုနှစ်ကတည်းက ဖော်ပြခဲ့တဲ့ ဓာတ်ပုံဟောင်း ဖြစ်ပါတယ်။