အာရှပစိဖိတ်

ရန်ကုန်မှာ မိုခါမုန်တိုင်းကြောင့် ‘အိမ်တွေကျွတ်ထွက်ကုန်ပြီ’ ဆိုပြီး ဗီဒီယိုအဟောင်းတွေပျံ့နှံ့

ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 01/06/2023 အချိန် 07:16

လေပြင်းတိုက်တဲ့ဗီဒီယိုနဲ့ ရေကြီးနေတယ်လို့ယူဆရတဲ့ဗီဒီယိုတစ်ခုကို လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ဝေလျက်ရှိပြီး မေလက မုန်တိုင်းမိုခါ ရန်ကုန်ဆိပ်ကမ်းကို ဝင်ရောက်နေတာလို့ ဆိုထားပါတယ်။ အဲဒါအပြင် ‘အိမ်တွေလည်း ကျွတ်ပါကုန်ပြီ’ လို့ ပြောထားပါသေးတယ်။ ဒါပေမဲ့ ဒီဗီဒီယိုတွေဟာ မုန်တိုင်းမိုခါ မဝင်ရောက်ခင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပြီးဖြစ်ပါတယ်။ မြန်မာမီးသတ်ဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ရန်ကုန်မှာ သစ်ပင်အချို့လဲကျတာနဲ့ နေအိမ်အပျက်အစီးအနည်းအကျဉ်းလောက်ပဲ ရှိခဲ့တာ တွေ့ရပါတယ်။