တူရကီငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် နားလည်မှုလွဲစေတဲ့အချက်အလက်တွေနဲ့ ဓာတ်ပုံဟောင်းပျံ့နှံ့
ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 01/03/2023 အချိန် 07:08
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက တူရကီအရှေ့တောင်ပိုင်းနဲ့ အိမ်နီးချင်း ဆီးရီးယားနိုင်ငံတွေမှာ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပေါင်မုန့်တွေကိုင်ထားတဲ့အဖိုးအိုတစ်ဦး အဆောက်အအုံအပျက်အစီးတွေရှေ့ ငိုကြွေးနေတဲ့ ဓာတ်ပုံဟောင်းတစ်ခုကို နားလည်မှုလွဲစေတဲ့အချက်အလက်တွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံကို ၁၉၉၉ ခုနှစ်က တူရကီအနောက်မြောက်ပိုင်းဒေသမှာလှုပ်ခတ်သွားတဲ့ငလျင်နဲ့ပတ်သက်တဲ့ သတင်းတွေထဲမှာ ဖော်ပြထားတာတွေ့ရပါတယ်။