တရုတ်လေယာဉ်ပျက်ကျတဲ့ဗီဒီယိုလို့ ဆိုထားတဲ့ ကွန်ပျူတာသရုပ်ဖော်ဗီဒီယို မှားယွင်း ပျံ့နှံ့

နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 24/03/2022 အချိန် 04:19

တရုတ်နိုင်ငံ တောင်ပိုင်းမှာ ပျက်ကျသွားတဲ့ ဂျက်လေယာဉ်ရဲ့ နောက်ဆုံးအချိန်မြင်ကွင်းလို့ ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook နဲ့ ဘလော့ဂ်စာမျက်နှာ ပို့စ်တွေမှာ မျှဝေခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီဗီဒီယိုဟာ ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်က ပျက်ကျခဲ့တဲ့ China Eastern Airlines လေယာဉ်ရဲ့ မြင်ကွင်းတွေ မဟုတ်ဘဲ လွန်ခဲ့တဲ့သုံးနှစ်က အီသီယိုးပီးယားလေကြောင်းလိုင်း မတော်တဆမှုတစ်ခုကို ကွန်ပျူတာနဲ့ဖန်တီးထားတဲ့ ဗီဒီယိုသာ ဖြစ်ပါတယ်။