၁၂ လရာသီခွင်မှာ ၁၃ ခုမြောက်နက္ခတ်တစ်လုံး NASA ထပ်တိုးတယ်ဆိုတဲ့သတင်းမှား ပျံ့နှံ့

နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 23/07/2020 အချိန် 07:12

အမေရိကန်အာကာသအေဂျင်စီ (NASA) အနေနဲ့ ၁၂ ရာသီခွင်မှာ ၁၃ ခုမြောက် ရာသီရုပ်တစ်ခုကိုထပ်ပေါင်းထည့်လိုက်ပြီး “Ophiuchus” လို့ အမည်ပေးလိုက်ပြီဆိုတဲ့ ပြောဆိုမှုတွေကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လတုန်းက Facebook ပေါ်မှာ အကြိမ်ရေ ရာနဲ့ချီ ပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒီပြောဆိုမှုတွေဟာ မှားယွင်းနေပြီး NASA အနေနဲ့ ရာသီရုပ်အသစ်ကို ဖန်တီးခဲ့တာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။ ဒီပြောဆိုမှုတွေဟာ ၂၀၁၁ ခုနှစ်တုန်းကလည်း အွန်လိုင်းမှာပျံ့နှံ့ခဲ့ဖူးပြီး အဲဒီကတည်းက ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ထောင်နဲ့ချီ ရှိနေတာပါ။