ခရိုင်းမီးယားမှာဖမ်းဆီးတဲ့ဗီဒီယိုကို အမေရိကန်ဗိုလ်ချုပ်ကြီးအဖမ်းခံရလို့ဆိုထားတဲ့အချက်အလက်မှားဗီဒီယိုပျံ့နှံ့

နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 20/05/2022 အချိန် 11:27

ရုရှားအထူးထောက်လှမ်းရေးအဖွဲ့က အမျိုးသားတစ်ဦးကိုဖမ်းဆီးခေါ်ဆောင်လာတဲ့ဗီဒီယိုကို Facebook ပို့စ်တွေမှာ အကြိမ်ရေထောင်ချီ ကြည့်ရှုခဲ့ကြပြီး ဒါဟာ အမေရိကန်ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတစ်ဦးကို ယူကရိန်းမှာဖမ်းမိတာလို့ ဆိုထားပါတယ်။ ဒါပေမဲ့ AFP ရဲ့ စုံစမ်းစစ်ဆေးမှုအရ ခရိုင်းမီးယားဒေသမှာ “တရားမဝင်လက်နက်ကိုင်အဖွဲ့” တစ်ဖွဲ့ကို လက်နက်တွေ ထောက်ပံ့တယ်ဆိုတဲ့ သံသယမှုနဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိတဲ့သတင်းနဲ့ ဆက်စပ်နေတာ တွေ့ရပါတယ်။ နေတိုးအဖွဲ့ကတော့ အမေရိကန်ဗိုလ်ချုပ်ကြီး Roger Cloutier ကို ယူကရိန်းမှာ ဖမ်းမိတယ်လို့ဆိုထားတဲ့ ကောလာဟလတွေဟာ မဟုတ်မှန်ကြောင်း အကြိမ်ကြိမ် ပြောဆိုထားပြီးဖြစ်ပါတယ်။