ကျွန်ုပ်တို့၏အဖွဲ့သားများ
AFP သတင်းအချက်အလက်စိစစ်မှုအကြောင်း
AFP Fact Check သည် ဘာသာစကားပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံသတင်းအေဂျင်စီဖြစ်သော Agence France-Presse အတွင်းရှိ ဌာနတစ်ခုဖြစ်သည်။ AFP သည် ကမ္ဘာပေါ်ရှိ သတင်းများကို တိကျ၊ မျှတပြီး ဘက်မလိုက်ဘဲ စဉ်ဆက်မပြတ် ရေးသားထုတ်ဝေနေသော သတင်းဌာနကြီးတစ်ခုဖြစ်သည်။
အွန်လိုင်းတွင် သတင်းမှားများနှင့် မဟုတ်မမှန်သတင်းများ ပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းရန် AFP သည် ၂၀၁၇ ခုနှစ်တွင် အချက်အလက်စစ်ဆေးခြင်းနှင့် ဒီဂျစ်တယ်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖန်တီးခဲ့သည်။ အဆိုပါနှစ် ပြင်သစ်ရွေးကောက်ပွဲအတွက် CrossCheck (အပြန်အလှန်စစ်ဆေး) ပူးပေါင်းပရောဂျက်တစ်ခုတွင် ဆုရရှိခဲ့သည့် ကျွန်ုပ်တို့၏ အတွေ့အကြုံများအပေါ်အခြေခံ၍ ယင်းသို့ ဖန်တီးခဲ့ခြင်းဖြစ်သည်။
ထိုအချိန်မှစ၍ AFP Fact Check သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်းများစွာတွင် သတင်းထောက် ၁၀၀ ကျော်ဖြင့် ကမ္ဘာ့ထိပ်တန်းအချက်အလက်စစ်ဆေးရေးအဖွဲ့အစည်းဖြစ်လာခဲ့သည်။
AFP အချက်အလက်စိစစ်ရေးသတင်းထောက်များသည် မိမိတို့နိုင်ငံအလိုက်ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများကို ထဲထဲဝင်ဝင်တိတိကျကျ တင်ပြနိုင်ရန် နိုင်ငံအလိုက် သက်ဆိုင်ရာရုံးခွဲများတွင် ဘာသာစကား ၂၆ မျိုးဖြင့် အွန်လိုင်းပေါ်မှ အကြောင်းအရာမျိုးစုံကို စောင့်ကြည့်လျက်ရှိကြသည်။ ကျွန်ုပ်တို့သည
AFP အချက်အလက်စိစစ်ရေးသတင်းထောက်များသည် မိမိတို့နိုင်ငံအလိုက်ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ အကြောင်းအရာများကို ထဲထဲဝင်ဝင်တိတိကျကျ တင်ပြနိုင်ရန် နိုင်ငံအလိုက် သက်ဆိုင်ရာရုံးခွဲများတွင် ဘာသာစကား ၂၆ မျိုးဖြင့် အွန်လိုင်းပေါ်မှ အကြောင်းအရာမျိုးစုံကို စောင့်ကြည့်လျက်ရှိကြသည်။ ကျွန်ုပ်တို့သည် အာရဗီ၊ ဘဟာဆာအင်ဒိုနီးရှား၊ ဘဟာဆာမလေးရှား၊ ဘင်္ဂါလီ၊ ဘူဂေးရီးယား၊ မြန်မာ၊ ကတ္တလန်၊ ခရိုအေးရှား၊ ချက်၊ ဒတ်ခ်ျ၊ အင်္ဂလိပ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမန်၊ ဂရိ၊ ဟင်ဒီ၊ ဟန်ဂေရီ၊ ကိုးရီးယား၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ဆားဘီးယား၊ စလိုဗက်၊ စပိန်၊ ဆွီဒင်နှင့် ထိုင်း စသော ဘာသာစကားများဖြင့် အချက်အလက် စိစစ်လျက်ရှိပါသည်။ ဆောင်းပါးများကို ဒေသတွင်း ရုံးချုပ်များတွင် စိစစ်တည်းဖြတ်ပြီး ကမ္ဘာလုံးဆိုင်ရာအဖွဲ့ကို ပါရီမြို့ရှိ AFP ရုံးချုပ်မှ စီမံခန့်ခွဲပါသည်။
ကျွန်ုပ်တို့၏ဝန်ထမ်းများ
Phil Chetwynd၊ ကမ္ဘာလုံးဆိုင်ရာသတင်းထုတ်ဝေမှုဒါရိုက်တာ၊ ပြင်သစ်
Phil Chetwynd သည် AFP ၏ သတင်းတည်းဖြတ်နည်းဗျူဟာနှင့် အေဂျင်စီ၏ သတင်းထောက် ၁,၇၀၀ ကို ကြီးကြပ်နေသူဖြစ်သည်။ အေဂျင်စီသို့ စတင်ဝင်ရောက်ခဲ့သည့် ၁၉၉၆ ခုနှစ်မှစ၍ နိုင်ငံပေါင်း ၂၀ မှ သတင်းပေးပို့ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အယ်ဒီတာချုပ်နှင့် အာရှ-ပစိဖိတ်ဒေသ၏ အယ်ဒီတာချုပ် အပါအဝင် ရာထူးများစွာကို ထမ်းဆောင်ခဲ့သည်။
Grégoire Lemarchand၊ ကမ္ဘာလုံးဆိုင်ရာသတင်းထုတ်ဝေမှုဒါရိုက်တာ၊ ဒစ်ဂျစ်တယ်နည်းဗျူဟာ ဒါရိုက်တာ၊ ပြန်ကြားရေးဒါရိုက်တာ၊ ပြင်သစ်
Grégoire Lemarchand သည် AFP ၏ ဒစ်ဂျစ်တယ်နည်းဗျူများအတွက် တာဝန်ခံတစ်ဦးဖြစ်သည်။ သူသည် AFP ၏ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေးကွန်ရက်ကို ၂၀၁၇ ခုနှစ်မှ စတင်ဦးဆောင်ခဲ့ပြီး ဆိုရှယ်မီဒီယာနည်းဗျူဟာပိုင်းဆိုင်ရာအတွက် ၂၀၁၂ ခုနှစ်မှာ ၂၀၂၄ ခုနှစ်အထိ တာဝန်ခံအဖြစ်ဆောင်ရွက်ခဲ့သည်။
Julie Charpentrat၊ ဒီဂျစ်တယ်စုံစမ်းစိစစ်ရေး ဒုတိယအယ်ဒီတာချုပ်၊ ပြင်သစ်
Julie Charpentrat သည် ကျန်းမာရေးဆိုင်ရာဖြစ်စဉ်များ၊ Covid-19 ကပ်ရောဂါများနှင့်ပတ်သက်သည့် မှားယွင်းသော/လုပ်ကြံဖန်တီးထားသောအျခက်အလက်များကို နှစ်နှစ်ကျော် စုံစမ်းစစ်ဆေးပြီးနောက် ၂၀၂၂ ခုနှစ်တွင် ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေး လက်ထောက်အယ်ဒီတာချုပ် ဖြစ်လာခဲ့သည်။ သူသည် AFP အတွက် စီးပွားရေး၊ အလုပ်အကိုင်နှင့် မိသားစုပြဿနာများအပါအဝင် အမျိုးမျိုးသော ဖြစ်စဉ်များအတွက် တာဝန်ယူဆောင်ရွက်ပေးခဲ့သူဖြစ်သည်။ သူသည် ဆန်ဖရန်စစ္စကိုနှင့် နယူးယောက်တို့တွင် သတင်းထောက်အနေဖြင့်လည်းကောင်း၊ ဗီဒီယိုဂျာနယ်လစ်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။
Nina Lamparski၊ ဒီဂျစ်တယ်စုံစမ်းစိစစ်ရေး ဒုတိယအယ်ဒီတာချုပ်၊ ပြင်သစ်
Nina Lamparski သည် အာဖရိက ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်လျက်ရှိသည်။ သူသည် ၂၀၁၅ ခုနှစ်တွင် BBC မှ AFP သို့ ဗီယင်နာအခြေစိုက် နိုင်ငံခြားသတင်းထောက်အဖြစ် ဝင်ရောက်ခဲ့သည်။ သူ၏အသက်မွေးဝမ်းကြောင်းဖြစ်သောဒီဂျစ်တယ်မီဒီယာ၊ ရေဒီယိုနှင့်ပုံနှိပ်ထုတ်ဝေခြင်း စသော လုပ်ငန်းတာဝန်များဖြင့် ဆစ်ဒနီ၊ ဖနောင်ပန်၊ လန်ဒန်နှင့် ဘရပ်ဆဲလ်တို့တွင် ရွှေ့ပြောင်းလုပ်ကိုင်ခဲ့သည်။
Cédric Simon၊ ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေး ဒုတိယအယ်ဒီတာချုပ်၊ ပြင်သစ်
Cédric Simon သည် ၂၀၂၄ ခုနှစ်တွင် AFP ၏ ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဝင်ရောက်ခဲ့သည်။ ယင်းမတိုင်မီ ဥရောပအဖွဲ့အစည်းနှင့်သက်ဆိုင်သည့်သတင်းများကို ရေးသားသည့် ဘရပ်ဆဲလ်သတင်းထောက်အဖြစ်လည်းကောင်း၊ ပြင်သစ်လွှတ်တော်သတင်းထောက်အဖြစ်လည်းကောင်း၊ AFP အတွင်း အခန်းကဏ္ဍအတော်များများတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။ သူသည် မာလ်တီမီဒီယာမှတ်တမ်းဌာနတွင်လည်း ဒုတိယအယ်ဒီတာချုပ်အဖြစ်လုပ်ကိုင်ခဲ့သည်။
Marie Bohner၊ ဖွံ့ဖြိုးရေးနှင့် မိတ်ဖက်ဆိုင်ရာအကြီးအကဲ၊ ဒီဂျစ်တယ် စုံစမ်းစစ်ဆေးရေး၊ ပြင်သစ်
Marie Bohner သည် ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက် လုပ်ဆောင်ပေးလျက်ရှိသည်။ သူသည် အခြားသော ဒီဂျစ်တယ်စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို စီမံခန့်ခွဲလျက်ရှိသည်။ သူမသည် First Draft အဖွဲ့ကိုယ်စား ၂၀၁၇ ခုနှစ်တွင် CrossCheck France ပရောဂျက်ကို ပူးတွဲလုပ်ကိုင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်အထိ အဆိုပါအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်အဖွဲ့များ၏ အကြီးအကဲဖြစ်ခဲ့သည်။
Elodie Martinez၊ ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ်စုံစမ်းစိစစ်မှု ဗီဒီယိုထုတ်လုပ်ရေးနှင့် သင်တန်းအကြီးအကဲ၊ ပြင်သစ်
Elodie Martinez သည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဒီဂျစ်တယ် စုံစမ်းစိစစ်ရေး လေ့ကျင့်ရေးညှိနှိုင်းရေးမှူး ဖြစ်လာခဲ့သည်။ ယခင်က သူသည် လက်တင်အမေရိကနှင့် စပိန်ဆိုင်ရာ ဒီဂျစ်တယ်စုံစမ်းစစ်ရေးအကြီးအကဲဖြစ်ပြီး AFP ၏ စပိန်အွန်လိုင်းသတင်းနှင့် ဆိုရှယ်မီဒီယာအဖွဲ့၏ အကြီးအကဲလည်းဖြစ်သည်။
Gaëlle Faure၊ အာဖရိကနှင့် ဥရောပ ဒစ်ဂျစ်တယ်သင်တန်းမန်နေဂျာ၊ ပြင်သစ်
Gaëlle Faure သည် အာဖရိကနှင့် ဥရောပရှိ AFP ဒစ်ဂျစ်တယ်သတင်းထောက်ပညာသင်တန်း ပရိုဂရမ် ကို ဦးဆောင်သည်။ သူသည် အာဖရိက ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးအဖွဲ့၏ လက်ထောက်အကြီးအကဲအဖြစ် AFP သို့ ၂၀၂၀ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။
Natalie Handel၊ ဒီဂျစ်တယ် စုံစမ်းစိစစ်မှုဗီဒီယိုထုတ်လုပ်ရေး ညှိနှိုင်းရေးမှူး၊ ပြင်သစ်
Natalie Handel သည် ဒီဂျစ်တယ် စုံစမ်းစိစစ်မှုဆိုင်ရာဗီဒီယိုထုတ်လုပ်မှုများကို ကြီးကြပ်လျက်ရှိသည်။ အမေရိကန်နှင့် ပြင်သစ်တွင် ဗီဒီယိုသတင်းထောက်အဖြစ် ဆယ်စုနှစ်တစ်ခုကြာ လုပ်ကိုင်ခဲ့ပြီးနောက် သိပ္ပံ၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာသတင်းများ ရေးသားသည့်ဘက်သို့ ကူးပြောင်းခဲ့သည်။ ယင်းနောက် ၂၀၀၉ ခုနှစ်တွင် AFP သို့ ဝင်ရောက်ခဲ့သည်။ သူသည် ၂၀၂၁ ခုနှစ်တွင် ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။
Myriam Adam၊ ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေး ဗီဒီယိုဂျာနယ်လစ်၊ ပြင်သစ်
Myriam Adam သည် ပဲရစ်ရှိ ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် အတူလုပ်ကိုင်လျက်ရှိသည့် ဗီဒီယိုဂျာနယ်လစ်တစ်ဦးဖြစ်သည်။ သူသည် ယခင်က ပြင်သစ်ရှိ အထွေထွေသတင်းများအတွက် ဗီဒီယို သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး Covid-19 ကပ်ရောဂါနှင့် Yello Vest ဆန္ဒပြပွဲများကဲ့သို့ ဖြစ်ရပ်များမှ သတင်းများကို ရယူခဲ့သည်။ ထို့အပြင် နီကိုးရှားတွင်အခြေစိုက်၍ အရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိက (MENA) ဒေသမှ သတင်းများကို ရယူတင်ဆက်ခဲ့သည်။
Yadira Lopez၊ ဒီဂျစ်တယ် စုံစမ်းစစ်ဆေးရေးဆိုင်ရာ ရုပ်သံဂျာနယ်လစ်၊ ပြင်သစ်
Yadira Lopez သည် စပိန်ဘာသာဗီဒီယိုထုတ်လုပ်မှုတွင် အဓိကထားလုပ်ကိုင်သည့်အပြင် အင်္ဂလိပ်ဘာသာနှင့် ဗီဒီယိုထုတ်လုပ်မှုကိုလည်း ကူညီလုပ်ကိုင်လျက်ရှိသည်။ သူမသည် AFPTV ၏ ဗီဒီယိုထုတ်လုပ်သူအဖြစ် ၂၀၂၃ ခုနှစ်တွင် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ယင်းမတိုင်မီတွင် Miami Herald အပါအဝင် ဖလော်ရီဒါနှင့် အော်ရီဂွန်တို့ရှိ သတင်းစာများတွင်လည်း လုပ်ကိုင်ခဲ့သည်။
Manon Jacob၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေး သတင်းထောက်၊ အမေရိကန်
Manon Jacob သည် ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်သော ယုံတမ်းဇာတ်လမ်းများကို ထုတ်ဖော်ရေးသားခြင်းအပါအဝင် မှားယွင်းခြင်း/လုပ်ကြံဖန်တီးထားသောသတင်းများကို ထုတ်ဖော်ရေးသားလျက်ရှိသည်။ သူသည် ၂၀၁၈ ခုနှစ်တွင် AFP ၏ journalism fellowship ပပရိုဂရမ်သို့ဝင်ရောက်ခဲ့သည်။ သူသည် ယခင်က Reuters နှင့် Politico Europe တို့တွင်လည်း လုပ်ကိုင်ခဲ့ဖူးသည်။
Chloé Rabs၊ ကျန်းမာရေးဆိုင်ရာ ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေး သတင်းထောက်၊ ပြင်သစ်
Chloé Rabs သည် ၂၀၂၂ ခုနှစ်တွင် ပြင်သစ် ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးအသင်းအား ဝင်ရောက်ခဲ့သည်။ ယခုတွင် သူမသည် ကျန်းမာရေးပိုင်းဆိုင်ရာနှင့်သက်ဆိုင်သည့် မှားယွင်း/လုပ်ကြံအချက်အလက်များအား စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။
Jacqueline Pietsch၊ နည်းပညာပိုင်းဆိုင်ရာပရောဂျက်မန်နေဂျာ၊ ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေး၊ ပြင်သစ်
Jacqueline Pietsch သည် ဒီဂျစ်တယ်အချက်အလက်စိစစ်ရေးအဖွဲ့အတွက် နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုကိစ္စရပ်များကို ကြီးကြပ်သည်။ ၁၉၉၆ ခုနှစ်တွင် AFP သို့ စတင်ဝင်ရောက်ခဲ့ပြီး ထိုအချိန်မှစ၍ AFP ၏ အင်္ဂလိပ်ဘာသာ ရုပ်သံထုတ်လုပ်ရေးအကြီးအကဲ၊ နယ်သာလန်နိုင်ငံဆိုင်ရာ သတင်းထောက်နှင့် အရှေ့တောင်အာရှဆိုင်ရာ ဗီဒီယိုသတင်းထောက် စသောရာထူးများအပါအဝင် ရာထူးကဏ္ဍအများအပြားတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
Denis Teyssou၊ AFP Medialab မန်နေဂျာ၊ ပြင်သစ်
Denis Teyssou သည် EU မှ ရန်ပုံငွေပံ့ပိုးထားသော Horizon ပရောဂျက် vera.ai (2022-2025) ၏ ဆန်းသစ်တီထွင်ရေးမန်နေဂျာဖြစ်ပြီး ယခင် EU ပရောဂျက် InVID (2016-2018) နှင့် WeVerify (2018-2021) တို့မှ ထွက်ပေါ်လာသည့် InVID-WeVerify verification plugin ကို တည်ထောင်သူဖြစ်သည်။
Bertrand Goupil၊ နည်းပညာပိုင်းဆိုင်ရာအင်ဂျင်နီယာ၊ AFP Medialab၊ ပြင်သစ်
Bertrand Goupil သည် အီးယူမှထောက်ပံ့ထားပြီး သတင်းအချက်အလက်စိစစ်သူများအတွက် ဖန်တီးထားသော နည်းပညာအထောက်အကူပြုပရောဂျက်များ (InVID၊ WeVerify၊ vera.ai) တွင် ပါဝင်သည့် InVID-WeVerify verification plugin အတွက် အဓိကနည်းပညာပိုင်းဆိုင်ရာ ဦးဆောင်သူဖြစ်သည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝန်ထမ်းများနှင့်ပတ်သက်၍ တတ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိရန် ကြိုးစားနေသော်လည်း အချို့သောနိုင်ငံများနှင့် ဝန်းကျင်အသိုက်အဝန်းများသည် စာနယ်ဇင်းနှင့်ပတ်သက်လာလျှင် အခြားနိုင်ငံများထက် ပိုမိုအကဲဆတ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အာရှ-ပစိဖိတ်အဖွဲ့မှ သတင်းထောက်အချို့၏ လုံခြုံရေးအတွက် အောက်ဖော်ပြပါစာရင်းတွင် ၎င်းတို့၏အမည်များကို ထည့်သွင်းဖော်ပြမည်မဟုတ်ပါ။
Daniel Funke၊ အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးအကြီးအကဲ၊ ဟောင်ကောင်
Daniel Funke သည် အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်သည်။၂၀၂၂ ခုနှစ်တွင် AFP သို့ ဝါရှင်တန်ဒီစီအခြေစိုက် ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေးအယ်ဒီတာအဖြစ် ဝင်ရောက်ခဲ့သည်။ ယင်းမတိုင်မီ သူသည် USA Today၊ PolitiFact၊ International Fact-Checking Network နှင့် Poynter Institute for Media Studies for Media Studies တို့တွင် သတင်းအချက်အလက်စိစစ်ရေး၊ နိုင်ငံရေးနှင့် နည်းပညာပိုင်းကျွမ်းကျင်သူ သတင်းထောက်နှင့် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။
Jake Soriano၊ အာရှ-ပစိဖိတ် ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေး လက်ထောက်အကြီးအကဲ၊ ဟောင်ကောင်
Jake Soriano သည် အာရှပစိဖိတ်အဖွဲ့ကို ဦးဆောင်ရာတွင် ကူညီပေးလျက်ရှိသည်။ သူသည် ၂၀၁၉ ခုနှစ်အတွင်း AFP မနီလာဗြူရိုတွင် ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေးသတင်းထောက်အဖြစ် စတင်ဝင်ရောက်ခဲ့သည်။ ယခင်က ဖိလစ်ပိုင်ရှိ အချက်အလက်စိစစ်ရေး ပရောဂျက်များတွင် လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည်။
Sophia Xu၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဒစ်ဂျစ်တယ်သင်တန်းမန်နေဂျာ၊ ဟောင်ကောင်
Sophia Xu သည် AFP ၏ အာရှ-ပစိဖိတ်ဒေသ ဒီဂျစ်တယ်စာနယ်ဇင်းသင်တန်းပရိုဂရမ်ကို ဦးဆောင်နေသူဖြစ်သည်။ သူမသည် AFP ဒီဂျစ်တယ်စုံစမ်းစစ်ဆေးရေးအယ်ဒီတာအဖြစ် ၂၀၂၀ ခုနှစ်တွင်ဝင်ရောက်ခဲ့သည်။ သူမသည် ဒီဂျစ်တယ်ဂျာနယ်လစ်ဇင်နှင့်ပတ်သက်၍ အာရှတစ်ဝန်းရှိ မီဒီယာညီလာခံများနှင့် တက္ကသိုလ်များတွင် ဂျာနယ်လစ်များနှင့် ကျောင်းသားရာပေါင်းများစွာကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်သည်။
Dene-Hern Chen, အယ်ဒီတာ, ဩစတြေးလျ၊
Dene-Hern Chen သည် ဩစတြေးလျ၊ နယူးဇီလန် နှင့် ပစိဖိတ်ကျွန်းစုများမှာ မှားယွင်းအချက်အလက်များအား ရေးသားစိစစ်နေသည့် အယ်ဒီတာဖြစ်သည်။ သူသည် ဘန်ကောက်အခြေစိုက်သတင်းထောက်အဖြစ်၂၀၁၈ ခုနှစ်တွင် AFP ကိုဝင်ရောက်ခဲ့ပြီး အာရှ-ပစိဖိတ်တည်းဖြတ်ရေးဌာနတွင် အယ်ဒီတာအဖြစ်လည်းကောင်း၊ ဟောင်ကောင်နှင့် ထိုင်ဝမ် ဗျူရိုအကြီးအကဲအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။
Sumit Dubey၊ အယ်ဒီတာ၊ အိန္ဒိယ
Sumit Dubey သည် နယူးဒေလီအခြေစိုက် ဒီဂျစ်တယ် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အယ်ဒီတာဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ အိန္ဒိယထိပ်တန်းသတင်းစာအမျိုးမျိုးတွင် အလုပ်လုပ်ခဲ့သည်။
Md Eyamin၊ အယ်ဒီတာ၊ ဘင်္ဂလားဒေ့ရှ်
Md Eyamin သည် ဘင်္ဂလီဘာသာအချက်အလက်စိစစ်မှုဆောင်းပါရေးသားထုတ်လုပ်မှုအား ကြီးကြပ်သူဖြစ်သည်။ သူသည် AFP သို့ ၂၀၂၃ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ယင်းမတိုင်မီ The Business Standard တွင် အကြီးတန်းသတင်းထောက်အဖြစ်လည်းကောင်း၊ the Bonik Barta တွင် သတင်းထောက်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နှင့် အိမ်နီးချင်းနိုင်ငံများရှိ စွမ်းအင်ကဏ္ဍဆိုင်ရာ အကြောင်းအရာများကို ရေးသားခဲ့သည်။
Safrin La Batu၊ အယ်ဒီတာ၊ အင်ဒိုနီးရှား
Safrin La Batu သည် အင်ဒိုနီးရှားရှိ သတင်းမှား/လုပ်ကြံဖန်တီးထားသောသတင်းများကို ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ The Jakarta Post နှင့်အတူ စုံစမ်းစစ်ဆေးရေးသတင်းထောက်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည်။
Jeff Li၊ အယ်ဒီတာ၊ ဟောင်ကောင်
Jeff Li သည် အာရှ-ပစိဖိတ်အဖွဲ့၏ အယ်ဒီတာဖြစ်သည်။ ၂၀၂၂ ခုနှစ်အတွင်း AFP သို့မဝင်ရောက်မီ BBC သတင်းဌာနတွင် ဂျာနယ်လစ်အဖြစ်လုပ်ကိုင်ခဲ့ပြီး ဟောင်ကောင်နှင့်တရုတ်သတင်းများကို ရေးသားခဲ့သည်။
Zoe Low၊ အယ်ဒီတာ၊ ဟောင်ကောင်
Zoe Low သည် အာရှ-ပစိဖိတ်အဖွဲ့၏ အယ်ဒီတာဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် AFP သို့မဝင်မီ South China Morning Post တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။
Nattaakorn Ploddee၊ အယ်ဒီတာ၊ ထိုင်း
Nattakorn Ploddee သည် ထိုင်းဘာသာပိုင်းအယ်ဒီတာဖြစ်ပြီး AFP ၏ ဒီဂျစ်တယ် စုံစမ်းစစ်ဆေးရေး အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်အတွင်း AFP သို့မဝင်ရောက်မီတွင် နိုင်ငံတကာသတင်းတင်ဆက်သူအဖြစ် လုပ်ကိုင်ခဲ့သည်။
Richard Pyne၊ အယ်ဒီတာ၊ ဟောင်ကောင်
Richard Pyne သည် အာရှ-ပစိဖိတ်အဖွဲ့အတွက် အယ်ဒီတာတစ်ဦးဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် AFP သို့မဝင်မီ Radio Television Hong Kong အတွက် သတင်းထောက်၊ သတင်းတင်ဆက်သူနှင့် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။
Purple Romero၊ အယ်ဒီတာ၊ ဟောင်ကောင်
Purple Romero သည် အာရှ-ပစိဖိတ်အဖွဲ့၏ အယ်ဒီတာတစ်ဦးဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ ဟောင်ကောင်တက္ကသိုလ်တွင် သင်ကြားရေးလက်ထောက်အဖြစ်လုပ်ကိုင်ခဲ့ပြီး AFP ၏ မနီလာဌာန၏ ဒီဂျစ်တယ် စုံစမ်းစစ်ဆေးရေးသတင်းထောက်အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။
Lucille Sodipe၊ အယ်ဒီတာ၊ ဖိလစ်ပိုင်
Lucille Sodipe သည် ဖိလစ်ပိုင်တွင် ပျံ့နှံ့နေသည့် သတင်းမှား/လုပ်ကြံဖန်တီးထားသော အကြောင်းအရာများကို ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၀ တွင် AFP သို့မဝင်ရောက်မီ ရုပ်သံမီဒီယာတွင်ဆယ်စုနှစ်တစ်ခုကျော်ကြာ အလုပ်လုပ်ခဲ့ပြီး ရုပ်မြင်သံကြားမှတ်တမ်းရုပ်ရှင်များစွာကို ထုတ်လွှင့်ခဲ့သည်။ သူသည် ဖိလစ်ပိုင်အချက်အလက်စစ်ဆေးရေးအဖွဲ့အစည်း Vera Files တွင် သတင်းထောက်နှင့် အယ်ဒီတာအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။
Raevathi Supramaniam၊ အယ်ဒီတာ၊ မလေးရှား
Raevathi Supramaniam သည် ကွာလာလမ်ပူအခြေစိုက် မာလ်တီမီဒီယာသတင်းထောက်တစ်ဦးဖြစ်သည်။ ဒစ်ဂျစ်တယ်စုံစမ်းစိစစ်ရေးအယ်ဒီတာအဖြစ် AFP သို့မဝင်ရောက်မီ မလေးရှားနိုင်ငံ၏အကြီးမားဆုံးသတင်းဌာနများတွင် ဆယ်စုနှစ်ချီလုပ်ကိုင်ဖူးသည့် အတွေ့အကြုံရှိခဲ့သည်။
Medha Vernekar, အယ်ဒီတာ၊ ဟောင်ကောင်
Medha Vernekar သည် ဩစတြေးလျနိုင်ငံမှ လုပ်ကြံဖန်တီးမှုအကြောင်းအရာများကို ထုတ်ဖော်ရေးသားသည့် အလွတ်တန်းသတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှစပြီး AFP ၏ အာရှ-ပစိဖိတ် အယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့သည်။ ယခင်က Storyful တွင် အလုပ်သင်အဖြစ်လည်း ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
Sachin Baghel၊ သတင်းထောက်၊ အိန္ဒိယ
Sachin သည် အိန္ဒိယနိုင်ငံမှ မှားယွင်း/လုပ်ကြံအချက်အလက်များကို စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၄ ခုတွင် AFP သို့ မဝင်ရောက်မီ BOOMLive အချက်အလက်စိစစ်ရေးအဖွဲ့အစည်းတွင် သတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့ပြီး အိန္ဒိယမီဒီယားအများအပြားတွင်လည်း မာလ်တီမီဒီယာသတင်းထောက်အဖြစ်လုပ်ကိုင်ဖူးသည်။
Ara Eugenio၊ သတင်းထောက်၊ ဖိလစ်ပိုင်
Ara Eugenio သည် ဖိလစ်ပိုင်ရှိ ဒီဂျစ်တယ် စုံစမ်းစစ်ဆေးရေး သတင်းထောက်တစ်ဦးဖြစ်သည်။ Summit Media တွင် ရုပ်/သံသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် AFP သို့ ဝင်ရောက်ခဲ့သည်။
Sammy Heung၊ သတင်းထောက်၊ ဟောင်ကောင်
Sammy Heung သည် ဟောင်ကောင်အခြေစိုက် အချက်အလက်စိစစ်ရေးသတင်းထောက်ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ the South China Morning Post တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။
Gemma Holliani Cahya၊ သတင်းထောက်၊ အင်ဒိုနီးရှား
Gemma Holliani Cahya သည် ဂျကာတာအခြေစိုက် ဒီဂျစ်တယ် စုံစမ်းစစ်ဆေးရေး သတင်းထောက်ဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် AFP သို့မဝင်ရောက်မီသူမသည် The Guardian၊ Los Angeles Times နှင့် Jakarta Post တို့တွင် သတင်းထောက်အဖြစ် အလုပ်လုပ်ခဲ့သည်။
Chayanit Itthipongmaetee၊ သတင်းထောက်၊ ထိုင်း
Chayanit Itthipongmaetee သည် ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ဒစ်ဂျစ်တယ် စိစစ်ရေး သတင်းထောက်တစ်ဦးဖြစ်သည်။ AFP တွင် မဝင်ရောက်မီ Chayanit သည် Coconuts Bangkok နှင့် Khaosod အင်္ဂလိပ်ဘာသာအတွက် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။
Pasika Khernamnuoy၊ သတင်းထောက်၊ ထိုင်း
Pasika Khernamnuoy သည် ဘန်ကောက်အခြေစိုက် ဒစ်ဂျစ်တယ်အချက်အလက်စိစစ်ရေး သတင်းထောက်တစ်ဦးဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် AFP သို့ မဝင်ရောက်မီ သူမသည် BBC တွင် လူမှုကွန်ရက်စာမျက်နှာအယ်ဒီတာအဖြစ် ထိုင်းနိုင်ငံဆိုင်ရာသတင်းများနှင့် ဒစ်ဂျစ်တယ်သတင်းဗျူဟာတွင် တာဝန်ယူထမ်းဆောင်ခဲ့သည်။
Akshita Kumari၊ သတင်းထောက်၊ အိန္ဒိယ
Akshita သည် အိန္ဒိယနိုင်ငံမှ မှားယွင်း/လုပ်ကြံအချက်အလက်များကို စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။ AFP သို့ မဝင်ရောက်မီ သူမသည် Hindustan Times တွင် နိုင်ငံရေးဆိုင်ရာအလုပ်သင်အဖြစ်လုပ်ကိုင်ခဲ့သည့်အပြင် အိန္ဒိယနိုင်ငံတွင်းရှိ သတင်းဝဘ်ဆိုဒ်အများအပြားအတွက် ပံ့ပိုးရေးသားသူအဖြစ်လည်း ပါဝင်ခဲ့သည်။
Devesh Mishra၊ သတင်းထောက်၊ အိန္ဒိယ
Devesh Mishra သည် အိန္ဒိယနိုင်ငံတွင် ပျံ့နှံ့နေသော သတင်းမှား/လုပ်ကြံဖန်တီးထားသောသတင်းများကို ဖော်ထုတ်ရေးသားလျက်ရှိသည်။ AFP သို့ မဝင်ရောက်မီ နယူးဒေလီရှိ အချက်အလက်စစ်ဆေးရေး ဝဘ်ဆိုဒ် BOOM Live တွင် သတင်းထောက်အဖြစ်လည်းကောင်း၊ Google News Initiative ပရိုဂရမ် FactShala အတွက် မီဒီယာသင်တန်းဆရာအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။
Rasheek Tabassum Mujib၊ သတင်းထောက်၊ ဘင်္ဂလားဒေ့ရှ်
Rasheek Tabassum Mujib သည် ဒါကာအခြေစိုက် ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေး သတင်းထောက်တစ်ဦးဖြစ်သည်။ သူသည် အမေရိကန်ပြည်ထောင်စုမှ the USA Today Network ပိုင် the Cape Cod TImes ၏ ကျန်းမာရေးနှင့် ပညာရေးသတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့သည်။ ဘော်စတွန်တက္ကသိုလ်တွင် မဟာဘွဲ့မရယူမီ သူမသည် ဒါကာမြို့ရှိ the Daily Star တွင် သတင်းထောက်အဖြစ်စတင်လုပ်ကိုင်ခဲ့သည်။
Felix Nathaniel၊ သတင်းထောက်၊ အင်ဒိုနီးရှား
Felix Nathaniel သည် အင်ဒိုနီးရှားနိုင်ငံမှ မှားယွင်း/လုပ်ကြံအချက်အလက်များကို စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် AFP သို့ မဝင်ရောက်မီ Tirto.id နှင့် TechinAsia တို့တွင် ထောက်လှမ်းရေးသတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့ပြီး နိုင်ငံရေး၊ လူ့အခွင့်အရေး၊ စီးပွားရေး၊ နည်းပညာနှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်များအား ရေးသားခဲ့သည်။
Harshana Silva၊ သတင်းထောက်၊ သီရိလင်္ကာ
Harshana သည် ၂၀၂၁ ခုနှစ်ကတည်းက သီရိလင်္ကာနိုင်ငံမှ မှားယွင်း/လုပ်ကြံအချက်အလက်များကို စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။ AFP သို့မဝင်ရောက်မီ သူသည် ကိုလံဘိုအခြေစိုက် အချက်အလက်စိစစ်ရေးအဖွဲ့တစ်ဖွဲ့အားဦးဆောင်ခဲ့ပြီး ဆင်ဟာလီသတင်းစာ Lankadeepa တွင် သတင်းထောက်အဖြစ် ရှစ်နှစ်ကြာလုပ်ကိုင်ခဲ့သည်။
Najmi Syahiran Mamat၊ သတင်းထောက်၊ မလေးရှား
Najmi သည် ကွာလာလမ်ပူတွင်အခြေစိုက်ပြီး မလေးရှားနှင့် စင်္ကာပူမှ မှားယွင်း/လုပ်ကြံအချက်အလက်များအား စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာတွင် AFP သို့မဝင်ရောက်မီ Channel News Asia၊ Free Malaysia Today နှင့် Astro AWANI တို့တွင်လည်း လုပ်ကိုင်ခဲ့သည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝန်ထမ်းများနှင့်ပတ်သက်၍ တတ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိရန် ကြိုးစားနေသော်လည်း အချို့သောနိုင်ငံများတွင် စာနယ်ဇင်းနှင့်ပတ်သက်လာလျှင် အခြားနိုင်ငံများထက် ပိုမို အကဲဆတ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏အာဖရိကအဖွဲ့မှ သတင်းထောက်အချို့၏ လုံခြုံရေးအတွက် အောက်ဖော်ပြပါစာရင်းတွင် ၎င်းတို့၏ နာမည်များ ပါဝင်မည်မဟုတ်ပါ။
Brett Horner၊ အာဖရိက ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးအကြီးအကဲ၊ တောင်အာဖရိက
Brett Horner သည် AFP ၏ အာဖရိကရှိဒီဂျစ်တယ်စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းကို ကြီးကြပ်လျက်ရှိသည်။ နှစ် ၂၀ အတွေ့အကြုံရှိသော ဝါရင့်ဂျာနယ်လစ်တစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် AFP သို့ဝင်ရောက်ခဲ့သည်။ ယခင်က တောင်အာဖရိကရှိ ဒေသတွင်းသတင်းစာနှစ်စောင်နှင့် သတင်းဝဘ်ဆိုက်တစ်ခု၏ အယ်ဒီတာချုပ်ဖြစ်ခဲ့သည်။
Peris Gachahi၊ အာဖရိက ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေး လက်ထောက်အကြီးအကဲ၊ ကင်ညာ
Peris Gachachi သည် အာဖရိကရှိ ဒီဂျစ်တယ်စုံစမ်းစစ်ဆေးရေး၏ လက်ထောက်အကြီးအကဲဖြစ်သည်။ သူသည် သတင်းအချက်အလက်စိစစ်မှုသတင်းထောက်အဖြစ် AFP ကို ၂၀၂၄ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ ယင်းမတိုင်မီ Pesa Check နှင့် Africa Uncernsored တို့တွင် အချက်အလက်စိစစ်ရေးသတင်းထောက်အဖြစ်လည်းကောင်း၊ ပရိုဂျုဆာအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။
Charlotte Durand၊ အယ်ဒီတာ၊ ပြင်သစ်
Charlotte Durand အာဖရိက ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးအဖွဲ့၏အယ်ဒီတာတစ်ဦးဖြစ်သည်။ သူမသည် AFP အား ၂၀၁၆ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး လန်ဒန်မြို့အခြေစိုက်သတင်းထောက်နှင့် ပါရီမြို့တွင် စီးပွားရေးသတင်းထောက် စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။
Oluseyi Awojulugbe၊ သတင်းထောက်၊ နိုင်ဂျီးရီးယား
Oluseyi Awojulugbe သည် နိုင်ဂျီးရီးယာမှာ မှားယွင်း/လုပ်ကြံအချက်အလက်များအား စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။ AFP သို့မဝင်ရောက်မီ သူမသည် ပြည်တွင်းအတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သည့် SBM Intelligence တွင် ထိပ်သီးလေ့လာသူအဖြစ်လုပ်ကိုင်ခဲ့သည်။ ဒါအပြင် Africa Check တွင် အချက်အလက်စိစစ်သူအဖြစ်လည်းကောင်း၊ နိုင်ဂျီးရီးယားရှိ TheCable သတင်းစာတိုက်တွင် သတင်းထောက်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။
Emilie Beraud၊ သတင်းထောက်၊ ပြင်သစ်
Emilie Beraud သည်အာဖရိကမှ မှားယွင်း/လုပ်ကြံသတင်းများကို စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၂ ခုနှစ်တွင် AFP ၏ ဒစ်ဂျစ်တယ်စိစစ်ရေးအဖွဲ့သို့မဝင်ရောက်မီ ပြင်သစ်ရုပ်မြင်သံကြား (France Télévision) ၏ ယဥ်ကျေးမှုနှင့် ကျန်းမာရေးသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။
Tendai Dube၊ သတင်းထောက်၊ တောင်အာဖရိက
Tendai Dube သည် ၂၀၁၈ ခုနှစ်မှစ၍ AFP သို့ ဝင်ရောက်ခဲ့ပြီး အာဖရိကတောင်ပိုင်းရှိ မှားယွင်း/လုပ်ကြံဖန်တီးထားသောသတင်းများကို ထုတ်ဖော်ရေးသားခဲ့သည်။ သူမသည် ယခင်က CNBC Africa နှင့် Reuters တို့တွင် အလုပ်လုပ်ခဲ့ဖူးသူဖြစ်သည်။
Tolera Fikru Gemta၊ သတင်းထောက်၊ အီသီယိုးပီးယား
Tolera Fikru Gemta သည် အီသီယိုးပီးယားရှိ မှားယွင်း/လုပ်ကြံဖန်တီးထားသောသတင်းများကို ထုတ်ဖော်ရေးသားလျက်ရှိသည်။ AFP သို့မ၀င်ခင် Tolera သည် PesaCheck တွင် အကြီးတန်း အချက်အလက်စစ်ဆေးသူအဖြစ် လုပ်ကိုင်ခဲ့သည်။
Suy Kahofi၊ သတင်းထောက်၊ အိုင်ဗရီကို့စ်
Suy Kahofi သည် ၂၀၂၂ ခုနှစ်တွင် AFP Abidjan ဗြူရိုသို့ ဝင်ရောက်ခဲ့သည်။ သူသည် အိုင်ဗရီကို့စ်နှင့် အာဖရိကရှိ ပြည်တွင်းပြည်ပမီဒီယာများတွင် ဆယ်စုနှစ် နှစ်ခုနီးပါးကြ အလုပ်လုပ်ကိုင်ခဲ့သည်။ BBC Afrique အတွက် Multimedia ရုပ်သံသတင်းထောက်တစ်ဦးအဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးပြီး ၂၀၁၆ ခုနှစ်မှစ၍ မှားယွင်း/လုပ်ကြံဖန်တီးထားသောသတင်းများကို စိစစ်ထုတ်ဖော်ရေးသားခဲ့သည်။
Monique Ngo Mayag၊ သတင်းထောက်၊ ဆီနီဂေါ
Monique Ngo Mayag သည် ၂၀၁၉ ခုနှစ်မှစ၍ AFP သို့ဝင်ရောက်ခဲ့ပြီး မှားယွင်း/လုပ်ကြံဖန်တီးထားသောသတင်းများကို စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။ ပထမဆုံး Gabon နိုင်ငံတွင် အခြေစိုက်ပြီး ယခုအခါ ဆီနီဂေါတွင် နေထိုင်လျက်ရှိပါသည်။ AFP သို့မဝင်မီ Monique သည် ကင်မရွန်းနိုင်ငံသားတစ်ဦးပိုင် ပုဂ္ဂလိမီဒီယာတွင် သတင်းထောက်အဖြစ် ဆယ်စုနှစ်တစ်ခုနီးပါးကြာ လုပ်ကိုင်ခဲ့သည်။ ယင်းနောက် အွန်လိုင်းသတင်းဝက်ဆိုက်တစ်ခုတွင် ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးသတင်းသမားအဖြစ် လုပ်ကိုင်ခဲ့သည်။
Samad Uthman, သတင်းထောက်၊ နိုင်ဂျီးရီးယား
Samad Uthman သည် နိုင်ဂျီးရီးယားတွင် အခြေစိုက်ပြီး အာဖရိကနှင့်သက်ဆိုင်သည့် မှားယွင်း/လုပ်ကြံအချက်အလက်များအား စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။ AFP သို့မဝင်ရောက်မီ နိုင်ဂျီးရီးယားနိုင်ငံရှိ TheCable သတင်းစာတွင် ထောက်လှမ်းရေးမာလ်တီမီဒီယာသတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့သည်။
Julie Jammot၊ ဥရောပဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေး အကြီးအကဲ၊ ပြင်သစ်
Julie Jammot သည် ဥရောပအဖွဲ့ကို ဦးဆောင်လျက်ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ဗီဒီယိုသတင်းထောက်အဖြစ် AFP ကို ဝင်ရောက်ခဲ့ပြီးနောက် တောင်အာဖရိက ဗီဒီယိုအသင်းအား ဦးဆောင်ရန် Johannesburg သို့ ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် San Francisco အခြေစိုက် နည်းပညာဆိုင်ရာသတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့ပြီး မီဒီယာနှင့် AI စသည့်အကြောင်းအရာများအား ရေးသားဖော်ပြခဲ့သည်။
Rachel Blundy၊ ဥရောပဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေး လက်ထောက်အကြီးအကဲ၊ ယူကေ
Rachel Blundy သည် ဥရောပအဖွဲ့၏ ဒုတိယအကြီးအကဲဖြစ်သည်။ ယခင်က ဟောင်ကောင်တွင်အခြေစိုက်ပြီး အာရှ-ပစိဖိတ်ဒေသတွင်းမှ ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဥ်များကို ဦးဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ သူသည် ဗြိတိန်နှင့် ဟောင်ကောင်ရှိ သတင်းစာတိုက်များတွင် လုပ်ကိုင်ခဲ့သည်။
Lavinia Abbott၊ အယ်ဒီတာ၊ ယူကေ
Lavinia Abbott သည် ဥရောပအသင်း၏အယ်ဒီတာတစ်ဦးဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ မဝင်ရောက်မီ ဗီဒီယိုထုတ်လုပ်သူအဖြစ် AFP သို့ ၂၀၂၂ ခုနှစ်တွင်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ယင်းမတိုင်ခင်တွင် ရုပ်ရှင်ရိုက်ကူးသူ၊ ထုတ်လုပ်သူအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။
Michelle Fitzpatrick၊ အယ်ဒီတာ၊ ဂျာမနီ
Michelle Fitzpatrick သည် ဥရောပအသင်း၏အယ်ဒီတာတစ်ဦးဖြစ်သည်။ သူမသည်၂၀၀၆ ခုနှစ်ကတည်းက AFP တွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးသို့မဝင်ရောက်မီ ဖရန့်ဖတ်၊ ပဲရစ်၊ ဖနွမ်းပင်နဲ့ လန်ဒန်တို့တွင်လည်း AFP သတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့သည်။
Sonia González၊ အယ်ဒီတာ၊ စပိန်
Sonia González သည် ဥရောပအဖွဲ့၏ အယ်ဒီတာဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် AFP ၏ ဒီဂျစ်တယ်စိစစ်ရေးအဖွဲ့သို့ မဝင်ရောက်မီ မက်ဒရစ်၊ မွန်တီဗီဒီယိုနှင့် ပဲရစ်ရှိ သက်ဆိုင်ရာရုံးခွဲများတွင်လည်းကောင်း၊ ဂရပ်ဖစ်နှင့် အွန်လိုင်းဝန်ဆောင်မှုကဏ္ဍများတွင်လည်းကောင်း အလုပ်လုပ်ခဲ့သည်။
Eric Lagneau၊ အယ်ဒီတာ၊ ပြင်သစ်
Eric Lagneau သည် ဥရောပအသင်း၏အယ်ဒီတာတစ်ဦးဖြစ်သည်။ သူသည် ၁၉၉၅ ခုနှစ်တွင် AFP သို့ဝင်ရောက်ခဲ့ပြီး ပဲရစ်ဗဟိုရုံးတွင် အားကစားနှင့် နိုင်ငံရေးရာကဏ္ဍမအမျိုးမျိုးတွင်လုပ်ကိုင်ခဲ့သည်။
Simon Morgan၊ အယ်ဒီတာ၊ ပြင်သစ်
Simon Morgan သည် ဥရောပအဖွဲ့၏ အယ်ဒီတာဖြစ်သည်။ သူသည် ၁၉၉၈ ခုနှစ်တွင် AFP သို့ဝင်ရောက်ခဲ့ပြီး ဖရန့်ခ်ဖတ်နှင့် ဗီယင်နာတို့တွင်သတင်းထောက်အဖြစ်အလုပ်လုပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ပဲရစ်ရုံးချုပ်ရှိ အင်္ဂလိပ်ပိုင်းတည်းဖြတ်ဌာနသို့ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဒီဂျစ်တယ်စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ဝင်ရောက်ခဲ့သည်။
Katarina Subasic၊ အယ်ဒီတာ၊ ဆားဘီးယား
Katarina Subasic သည် ဆားဘီးယား၊ ခရိုအေးရှား၊ မွန်တီနီဂရိုးနှင့် ဘော့စနီးယားအပြင် ဟာဇီဂိုဗီးနားနိုင်ငံများဆိုင်ရာ အချက်အလက်စစ်ဆေးသူအဖြစ် ၂၀၂၀ ပြည့်နှစ်မှစ၍ လုပ်ကိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အယ်ဒီတာဖြစ်လာခဲ့သည်။ သူသည် ဆားဘီးယားနှင့် အနောက်ဘော်လကန်ဒေသများဆိုင်ရာ သတင်းထောက်နှင့် အယ်ဒီတာအဖြစ် ၁၉၉၈ ခုနှစ်မှစတင်၍ AFP တွင် အလုပ်လုပ်ခဲ့သူဖြစ်သည်။
Katharina Zwins၊ အယ်ဒီတာ၊ သြစတြီးယား
Katharina Zwins သည် ဂျာမန်ဘာသာပိုင်းကို တာဝန်ယူထားသူဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် AFP သို့မ၀င်မီ သူမသည် ရှေ့နေတစ်ဦးအဖြစ် လေ့ကျင့်သင်ယူခဲ့ပြီး သြစတြီးယားသတင်းမဂ္ဂဇင်း profil တွင် အချက်အလက်စစ်ဆေးခြင်းပရောဂျက် faktiv ကို ပူးတွဲတည်ထောင်ခဲ့သူလည်းဖြစ်သည်။
Bozhidar Angueloff၊ သတင်းထောက်၊ ဘူဂေးရီးယာ
Bozhidar Angueloff သည် ဘူဂေးရီးယာနိုင်ငံမှ မှားယွင်း/လုပ်ကြံဖန်တီးထားသည့်အချက်အလက်များအာ စုံစမ်းဖော်ထုတ်ရေးသားလျက်ရှိသည်။ သူသည် ၂၀၂၅ ခုနှစ် တွင် AFP သို့မဝင်ရောက်မီ အချက်အလက်စုံစမ်းစစ်ဆေးရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Factcheck.bg အပါအဝင် သတင်းအဖွဲ့အစည်းအများအပြားတွင် လုပ်ကိုင်ခဲ့သည်။
Rossen Bossev၊ သတင်းထောက်၊ သြစတြီးယား
Rossen Bossev သည် ဘူလ်ဂေးရီးယားရှိ မှားယွင်း/လုပ်ကြံဖန်တီးထားသောအချက်အလက်များကို စစ်ဆေးထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၁ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ Capital တွင် ဂျာနယ်လစ်တစ်ဦးအဖြစ် ၁၅ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီး တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာသတင်းများကို ရေးသားခဲ့သည်။
Paula Căbescu၊ သတင်းထောက်၊ သြစတြီးယား
Paula Căbescu သည် ရိုမေးနီးယားရှိ သတင်းမှား/လုပ်ကြံဖန်တီးထားသောသတင်းများကို ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၁ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ ရိုမေးနီးယားအချက်အလက်စစ်ဆေးရေးဝဘ်ဆိုဒ် Factual နှင့် ဒေသတွင်း စုံစမ်းစစ်ဆေးရေးဂျာနယ်လစ်ဇင်ပရောဂျက် Să Fie Lumină တွင် အလုပ်လုပ်ခဲ့သည်။
Elena Crisan၊ သတင်းထောက်၊ သြစတြီးယား
Elena Crisan သည် ဂျာမနီ၊ သြစတြီးယာနှင့် ဆွစ်ဇာလန်တို့မှ မှားယွင်း/လုပ်ကြံဖန်တီးအချက်အလက်များအား စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ သူမသည် သြစတြီးယာအပတ်စဥ်သတင်းစာ profil တွင် အယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့သည်။
Maja Czarnecka၊ သတင်းထောက်၊ ပိုလန်
Maja Czarnecka သည် ပိုလန်ရှိ သတင်းမှား/လုပ်ကြံဖန်တီးထားသောသတင်းများကို ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် ဒီဂျစ်တယ်စိစစ်ရေးအဖွဲ့သို့မဝင်ရောက်မီ ဝါဆောမြို့ရှိ AFP သတင်းဌာနတွင် ဗီဒီယိုသတင်းထောက်အဖြစ်လည်းကောင်း၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ သတင်းများကိုရေးသားသည့် ဂျာနယ်လစ်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။
Magdalini Gkogkou၊ သတင်းထောက်၊ ဂရိ
Magdalini Gkogkou သည် ဂရိနှင့်ဆိုက်ပရပ်စ်မှာ မှားယွင်း/လုပ်ကြံအချက်အလက်များအား စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ 24Media တွင် သတင်းထောက်အဖြစ်လည်းကောင်း၊ ဂရိသတင်းစာ Shedia တွင် ပံ့ပို့ကူညီသူအဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။
Anna Hollingsworth၊ သတင်းထောက်၊ ဖင်လန်
Anna Hollingsworth သည် ဖင်လန်နိုင်ငံရှိ သတင်းမှား/လုပ်ကြံဖန်တီးထားသောသတင်းများကို စထုတ်တ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၂ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ လန်ဒန်ရှိ The Times နှင့် Sunday Times တို့တွင် ပရိသတ်များပြားရေးဆိုင်ရာအခန်းကဏ္ဍများတွင် လုပ်ကိုင်ခဲ့ဖူးပြီး ကျန်းမာရေးကဏ္ဍမှစ၍ လူမှုရေးပြောင်းလဲမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများကိုလည်း ရေးသားခဲ့ဖူးသည်။
Johanna Lehn၊ သတင်းထောက်၊ ဂျာမနီ
Johanna Lehn သည် ဂျာမနီ၊ သြစတြီးယားနှင့် ဆွစ်ဇာလန်နိုင်ငံရှိ သတင်းမှား/လုပ်ကြံဖန်တီးထားသောသတင်းများကို ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် AFP သို့မ၀င်မီ သူမသည် Redaktionsnetzwerk Deutschland (RND) ၏တစ်စိတ်တစ်ပိုင်းဖြစ်သည့် Kieler Nachrichten အတွက် အလုပ်လုပ်ခဲ့သည်။
Gabriela Lulić၊ သတင်းထောက်၊ ခရိုအေးရှား
Gabriela Lulić သည် ခရိုအေးရှားနိုင်ငံမှ မှားယွင်းအချက်အလက်များအား ထုတ်ဖော်စိစစ်လျှက်ရှိသည်။ သူမသည် ဒူဘရော့ဗ်နစ်တက္ကသိုလ်၏ Center for Information Verification and Civic Resilience တွင် ကျောင်းသူတစ်ဦးအဖြင့် အချက်အလက်မှားယွင်းပျံ့နှံ့မှုကို တိုက်ဖျက်မှုတွင် လုပ်ကိုင်ခဲ့သည်။
Liesa Pauwels၊ သတင်းထောက်၊ နယ်သာလန်
Liesa Pauwels သည် နယ်သာလန်နှင့် ဒတ်ချ်ဘာသာစကားပြောဘယ်လ်ဂျီယံမှာ သတင်းများအားရေးသားဖော်ပြသူ သတင်းထောက်တစ်ဦးဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ ၂၀၂၄ ဥရောပအဖွဲ့အစည်းဝေးကောက်ပွဲနှင့်သက်ဆိုင်သည့် အချက်အလက်စိစစ်ရေးပရောဂျက်တွင်လုပ်ကိုင်ခဲ့သည့်အပြင် ဘရပ်ဆဲလ်မြို့ရှိ ဥရောပသတင်းဌာနအများအပြားတွင်လည်း ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
Mina Pejakovic၊ သတင်းထောက်၊ ဆားဘီးယား
Mina Pejakovic သည် ဆားဘီးယား၊ ခရိုအေးရှား၊ မွန်တီနီဂရိုးနှင့် ဘော့စနီးယားအပြင် ဟာဇီဂိုဗီးနားမှာ မှားယွင်း/လုပ်ကြံအချက်အလက်များကို စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် AFP ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးအဖွဲ့အား မဝင်ရောက်မီ သူမသည် အလုပ်သင်သတင်းထောက်အဖြစ် AFP တွင်လုပ်ကိုင်ခဲ့ပြီး ဆားဘီးယားနှင့် အနောက်ဘော်လကန်ဒေသများမှာ သတင်းများအားထုတ်ဖော်ရေးသားခဲ့သည်။
Katerina Santurova၊ သတင်းထောက်၊ ချက်သမ္မတနိုင်ငံ
Katerina Santurova သည် ချက်သမ္မတနိုင်ငံမှ မှားယွင်း/လုပ်ကြံအချက်အလက်များအား စိစစ်ထုတ်ဖော်ရေးသားလျှက်ရှိသည်။ ၂၀၂၅ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ Katerina သည် နိုင်ငံတကာပညာရေးတွင် လုပ်ကိုင်ခဲ့ပြီး Deutsche Presse-Agentur dpa၊ Time Magazine နှင့် The Economist အပါအဝင် နိုင်ငံတကာနှင့် ချက်မီဒီယာများအတွက် လုပ်ကိုင်ခဲ့သည်။
Eduard Starkbauer၊ သတင်းထောက်၊ ဆလိုဗက်ကီးယား
Eduard Starkbauer သည် ဆလိုဗက်ကီးယားမှ မှားယွင်း/လုပ်ကြံအချက်အလက်များအား စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၄ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ သူသည် sme.sk နှင့် refresher.sk တို့တွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။
Ede Záborszky၊ သတင်းထောက်၊ သြစတြီးယား
Ede Záborszky သည် ဟန်ဂေရီရှိ သတင်းမှား/လုပ်ကြံဖန်တီးထားသောသတင်းများကို ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၁ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ ဟန်ဂေရီနိုင်ငံရှိ အကြီးဆုံးနှင့် သက်တမ်းအရှည်ကြာဆုံး အွန်လိုင်းသတင်းဆိုက်တစ်ခုဖြစ်သည့် Index.hu တွင် အလုပ်လုပ်ခဲ့ပြီး Radio Free Europe (RFE/RL) ၏ ဟန်ဂေရီဘာသာစကားဆိုင်ရာ အလွတ်သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။
Cintia Nabi Cabral၊ သတင်းထောက်၊ ပြင်သစ်
Cintia Nabi Cabral သည် ပြင်သစ်နိုင်ငံမှာ မှားယွင်း/လုပ်ကြံအချက်အလက်များအား ထုတ်ဖော်ရေးသားလျက်ရှိသည်။ သူသည် AFP ၏ Abidjan ဗျူရိုသို့ ၂၀၂၄ ခုနှစ်တွင် ဝင်ရောက်ခဲ့သည်။ ယင်းမတိုင်မီ သူမဟာ ပြင်သစ်ရုပ်မြင်သံကြား TF1 လုပ်ကိုင်ခဲ့ပြီး Tama Média ၏ podcast အစီအစဉ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အာဖရိကတိုက်တစ်ဝှမ်းက သတင်းအမှားများကို အဓိကထားစိစစ်ရေးသားခဲ့သည်။
Gaëlle Geoffroy၊ သတင်းထောက်၊ ပြင်သစ်
Gaëlle Geoffroy သည်ပြင်သစ်နိုင်ငံရှိ မှားယွင်း/လုပ်ကြံအချက်အလက်များကို ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၂ ခုနှစ်မှစပြီး AFP တွင်လုပ်ကိုင်ခဲ့ပြီး နိုင်ငံရေး၊ အထွေထွေသတင်းနှင့် စီးပွားရေးသတင်းထောက်အဖြစ်တာဝန်ယူလုပ်ကိုင်ခဲ့သည်။ Washington D.C. တွင်စီးပွားရေးဆိုင်ရာသတင်းထောက်အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။
Camille Kauffmann၊ သတင်းထောက်၊ ပြင်သစ်
Camille Kauffmann သည် ပြင်သစ်နိုင်ငံရှိ မှားယွင်း/လုပ်ကြံအချက်အလက်များအား ထုတ်ဖော်ရေးသားလျက်ရှိသည်။ သူမသည် ၂၀၂၁ ခုနှစ်တွင် AFP တွင် စတင်လုပ်ကိုင်ခဲ့ပြီး Marseille၊ Strasbourg နှင့် Berlin တို့တွင် ရာထူးအမျိုးမျိုးဖြင့် လုပ်ကိုင်ခဲ့သည်။ သူသည် AFP ၏ နေ့စဉ် Podcast ကိုလည်းထုတ်လုပ်ခဲ့ပြီး ပါရီရှိ AFP ၏ ရုံးချုပ်တွင် လုပ်ကိုင်ခဲ့သည်။
Pierre Moutot၊ သတင်းထောက်၊ ပြင်သစ်
Pierre Moutot သည် ၂၀၂၃ ခုနှစ်တွင် AFP သို့ ဝင်ရောက်ခဲ့သည်။ ပါရီရုံးချုပ်ရှိ သတင်းဌာနအများအပြားတွင်တာဝန်ယူလုပ်ကိုင်ခဲ့ပြီး လုပ်သမားအခွင့်အရေးနှင့် ဥပဒေဆိုင်ရာ အကြောင်းအရာများကို ဦးစားပေးရေးသားခဲ့သည်။ သူသည် AFP ၏ podcast ထုတ်လုပ်မှုတွင်လည်းပါဝင်ခဲ့ပြီး ပြင်သစ်မြောက်ပိုင်းနှင့် Brittany ရှိ ဒေသဆိုင်ရာရုံးများတွင် လုပ်ကိုင်ခဲ့သည်။ သူသည် ပြင်သစ်နိုင်ငံရှိ မှားယွင်း/လုပ်ကြံအချက်အလက်များကို သတင်းပို့သည်။
Alexis Orsini၊ သတင်းထောက်၊ ပြင်သစ်
Alexis Orsini သည်ပြင်သစ်နိုင်ငံရှိ မှားယွင်း/လုပ်ကြံသတင်းများကို ထုတ်ဖော်ရေးသားလျက်ရှိသည်။ ၂၀၂၂ ခုနှစ်တွင် AFP ၏ ဒီဂျစ်တယ်စိစစ်ရေးအဖွဲ့သို့မဝင်ရောက်မီ 20 Minutes သတင်းစာတိုက်၏ သတင်းအချက်အလက်စိစစ်သူအဖြစ် လုပ်ကိုင်ခဲ့သည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝန်ထမ်းများနှင့်ပတ်သက်၍ တတ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိရန် ကြိုးစားနေသော်လည်း အချို့သောနိုင်ငံများနှင့် ပတ်ဝန်းကျင်သည် သတင်းပညာနှင့်ပတ်သက်လာလျှင် အခြားနိုင်ငံများထက် ပိုမိုအန္တရာယ်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ လက်တင်အမေရိကအဖွဲ့မှ သတင်းထောက်အချို့၏ဘေးကင်းမှုကို ကာကွယ်ရန်အတွက် သတင်းထောက်အချို့၏နာမည်များအား ဖယ်ချန်ထားမှုများရှိသည်။
Anella Reta၊ လက်တင်အမေရိကနှင့် စပိန် ဒီဂျစ်တယ် စုံစမ်းစစ်ဆေးရေးအကြီးအကဲ၊ ဥရုဂွေး
Anella Reta သည် လက်တင်အမေရိက၊ ဘရာဇီးနှင့် စပိန်နိုင်ငံတို့ရှိ ဒစ်ဂျစ်တယ်စုံစမ်းစစ်ရေးအဖွဲ့များ၏ တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် AFP သို့ စတင်ဝင်ရောက်ခဲ့ပြီး စပိန်ဘာသာစကားရုပ်ပုံဝန်ဆောင်မှုအတွက် အယ်ဒီတာအဖြစ်လည်းကောင်း၊ မွန်တီဗီဒီယိုရှိ လက်တင်အမေရိသတင်းခန်းအတွက် အကြီးတန်းအယ်ဒီတာအဖြစ်လည်းကောင်း၊ ဆော်ပေါ်လိုတွင် သတင်းထောက်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။ ယင်းနောက် ၂၀၁၉ ခုနှစ်တွင် ဒီဂျစ်တယ်စိစစ်ရေးအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။
Miguel Bravo၊ စပိန်ဘာသာတည်းဖြတ်မှုညှိနှိုင်းရေးမှူး၊ မက္ကဆီကို
Miguel Bravo သည် မက္ကဆီကိုအခြေစိုက် စပိန်ဘာသာအချက်အလက်စိစစ်ရေးအဖွဲ့၏ တည်းဖြတ်မှုညှိနှိုင်းရေးမှူးဖြစ်သည်။ သူသည် ၂၀၁၉ ခုနှစ်မှစ၍ AFP တွင် မှားယွင်း/လုပ်ကြံဖန်တီးထားသောအချက်အလက်များမို စိစစ်ထုတ်ဖော်ရေးသားခဲ့သည်။ ယခင်က မက္ကဆီကို မီဒီယာများစွာတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး အစိုးရ၊ ကျန်းမာရေးနှင့် စီးပွားရေးစသည့် နယ်ပယ်များမှ သတင်းများကို အဓိကထား ရေးသားခဲ့သည်။
Maria Clara Pestre၊ ပေါ်တူဂီဘာသာတည်းဖြတ်မှုညှိနှိုင်းရေးမှူး၊ ဘရာဇီး
Maria Clara Pestre သည် ဘရာဇီးရှိ ပေါ်တူဂီဘာသာစကားအဖွဲ့၏ Rio de Janeiro အခြေစိုက် အယ်ဒီတာအဖြစ် လုပ်ကိုင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် AFP သို့ အချက်အလက်စိစစ်ရေးသတင်းထောက်အဖြစ်ဝင်ရောက်ခဲ့ပြီး အယ်ဒီတာအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ သူသည် Reuters သတင်းဌာန၏ပေါ်တူဂီဘာသာပိုင်း သတင်းကဏ္ဍနှင့် Globo.com ၏နည်းပညာဝဘ်ဆိုဒ်တွင် ယခင်ကလုပ်ကိုင်ခဲ့သည်။
Nadia Nasanovsky ၊ လက်တင်အမေရိက ဒီဂျစ်တယ်သင်တန်းမန်နေဂျာ၊ ဥရုဂွေး
Nadia Nasanovsky သည် လက်တင်အမေရိကရှိ AFP ၏ ဒီဂျစ်တယ်စာနယ်ဇင်းသင်တန်းအစီအစဉ်ကို ဦးဆောင်နေသူဖြစ်သည်။ သူသည် ၂၀၁၉ ခုနှစ်တွင် ဒီဂျစ်တယ်စုံစမ်းစစ်ဆေးရေးသတင်းထောက်အဖြစ် Buenos Aires တွင်လုပ်ကိုင်ခဲ့သည်။ AFP သို့ မဝင်ရောက်မီ အာဂျင်တီးနားမီဒီယာအများအပြားအတွက် အချက်အလက်စစ်ဆေးသူအဖြစ်နှင့် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။
Magdalena Advis၊ အယ်ဒီတာ၊ ချီလီ
Magdalena Advis သည် လက်တင်အမေရိကရှိ အချက်အလက်စိစစ်ရေးအသင်း၏ အယ်ဒီတာတစ်ဦးဖြစ်သည်။ Santiago အခြေစိုက် ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေး သတင်းထောက်တစ်ဦးအဖြစ် ယခင်ကလုပ်ကိုင်ခဲ့သည်။ ဖေဖော်ဝါရီ ၂၀၂၃ တွင် AFP သို့မ၀င်မီ သူမသည် ချီလီဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လုပ်ငန်းစဉ် (၂၀၂၁-၂၀၂၂) နှင့် လူမှုရေးအခွင့်အလမ်းမညီမျှမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများတွင် ပါဝင်ခဲ့သည်။
Andrés Felipe Martínez၊ အယ်ဒီတာ၊ ကိုလံဘီယာ
Andrés Felipe Martínez သည် စပိန်ဘာသာအဖွဲ့၏ အယ်ဒီတာတစ်ဦးဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် AFP ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးအဖွဲ့အားဝင်ရောက်ခဲ့သည်။ ယင်းမတိုင်မီတွင် Colombiacheck တွင် အချက်အလက်စိစစ်သူအဖြစ်လည်းကောင်း၊ El País de Cali ၏ သတင်းထောက်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။
Luiza Queiroz၊ အယ်ဒီတာ၊ ဘရာဇီး
Luiza Queiroz သည် ပေါ်တူဂီဘာသာ အချက်အလက်စိစစ်ရေးအဖွဲ့၏ အယ်ဒီတာဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် အချက်အလက်စိစစ်ရေးသတင်းထောက်အဖြစ် AFP သို့မဝင်ရောက်မီ Estado de S.Paulo နှင့် Veja မဂ္ဂဇင်းတို့တွင် နိုင်ငံရေးဆိုင်ရာသတင်းများအား ရေးသားခဲ့သည်။ သူသည် ဒေတာသတင်းပညာဆိုင်ရာကျွမ်းကျင်သူဖြစ်သည်။
Natalia Sanguino၊ အယ်ဒီတာ၊ စပိန်
Natalia Sanguino သည် မက်ဒရစ်မြို့အခြေစိုက် ဒီဂျစ်တယ် စုံစမ်းစစ်ဆေးရေး သတင်းထောက်တစ်ဦးဖြစ်သည်။ သူသည် AFP တွင် ၁၅ နှစ်ကျော်အလုပ်လုပ်ခဲ့သည့်ကာလအတွင်း စပိန်မာလ်တီမီဒီယာပိုင်း အယ်ဒီတာ၊ graphic နှင့် ဗီဒီယိုပိုင်းဆိုင်ရာ အယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။
Manuela Silva၊ အယ်ဒီတာ၊ ဥရုဂွေး
Manuela Silva သည် စပိန်ဘာသာအသင်း၏ အယ်ဒီတာတစ်ဦးဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် AFP သို့ အချက်အလက်စိစစ်ရေးသတင်းထောက်အဖြစ် မဝင်ရောက်မီ ဒေသတွင်းအေဂျင်စီတစ်ခုနှင့် နိုင်ငံတော်အချက်အလက်စစ်ဆေးရေးပရောဂျက်တစ်ခုတွင် အလုပ်လုပ်ခဲ့သည်။
Agustín Bagnasco၊ သတင်းထောက်၊ အာဂျင်တီးနား
Agustín Bagnasco သည် Buenos Aries ရှိ ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးသတင်းထောက်တစ်ယောက်ဖြစ်သည်။ သူသည် Telefe ရုပ်မြင်သံကြားချန်နယ်တွင် ထုတ်လုပ်သူအဖြစ်လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လတွင် AFP သို့ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
Sofía Barragán၊ သတင်းထောက်၊ အာဂျင်တီးနား
Sofía Barragán သည် Buenos Aires ရှိ ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေး သတင်းထောက်တစ်ဦးဖြစ်သည်။ ဇူလိုင်လ ၂၀၂၃ တွင် AFP သို့မ၀င်မီ၊ သူမသည် Áambito Financiero တွင် SEO စာရေးဆရာအဖြစ်လုပ်ကိုင်ခဲ့သည်။
Carla Díaz၊ သတင်းထောက်၊ ပီရူး
Carla Díaz သည် လီမာမြို့အခြေစိုက် ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးသတင်းထောက်တစ်ဦးဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် AFP ဖို၊မ ပိုင်းဆိုင်ရာနှင့် လူအခွင့်အရေးဆိုင်ရာအကြောင်းအရာများနှင်သက်ဆိုင်သည့် သုတေသီနှင့် ဒေတာစစ်ဆေးသူအဖြစ်လုပ်ကိုင်ခဲ့သည်။ သူမသည် ပီရူးနိုင်ငံရှိ သတင်းဌာနအများအပြားနှင့်လည်း လုပ်ကိုင်ခဲ့သည်။
Lucía Díaz၊ သတင်းထောက်၊ စပိန်
Lucía Díaz သည် မက်ဒရစ်မြို့အခြေစိုက် ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးသတင်းထောက်တစ်ဦးဖြစ်သည်။ ၂၀၂၄၊ ဇွန်လတွင် AFP သို့မဝင်ရောက်မီ သူမသည် Newtral (စပိန်) တွင် အချက်အလက်စိစစ်သူအဖြစ်လုပ်ကိုင်ခဲ့ပြီး နိုင်ငံရေးနှင့် လူမှုရေးပိုင်းဆိုင်ရာ အကြောင်းအရာများကို အဓိကထားရေးသားခဲ့သည်။ သူမသည် ဒေသတွင်းသတင်းစာတိုက်တစ်ခုတွင်လည်း လုပ်ကိုင်ခဲ့သည်။
Maximiliano Echegoyen၊ သတင်းထောက်၊ ချီလီ
Maximiliano Echegoyen သည် ဆန်တီယာဂိုရှိ ဒစ်ဂျစ်တယ်အချက်အလက်စိစစ်ရေးသတင်းထောက်တစ်ဦးဖြစ်သည်။ သူသည် Fast Check Cl တွင် အချက်အလက်စိစစ်သူအဖြစ်လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၂၅ တွင် AFP သို့ဝင်ရောက်ခဲ့သည်။
Lizeth Roman Mescua၊ သတင်းထောက်၊ ပီရူး
LIzeth Roman Mescua သည် Lima အခြေစိုက် ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေး သတင်းထောက်တစ်ဦးဖြစ်သည်။ ၂၀၂၆ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ ပီရူးသတင်းစာတိုက် La República တွင် အချက်အလက်စိစစ်ရေးသတင်းထောက်အဖြစ်လုပ်ကိုင်ခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ လူ့အခွင့်အရေးဆိုင်ရာအချက်အလက်များ၊ ရာသီဥတုဆိုင်ရာပြဿနာများနှင့် ကျန်းမာရေးအချက်အလက်များအား ရေးသားဖော်ပြခဲ့သည်။
Cristina Alonso Pascual၊ သတင်းထောက်၊ စပိန်
Cristina Alonso Pascual သည် Madrid အခြေစိုက် ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေးသတင်ထောက်ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် AFP သို့မဝင်ရောက်မီ သူသည် Newtral ၏ အချက်အလက်စိစစ်ရေးဌာန တွင် နိုင်ငံရေးဆိုင်ရာအကြောင်းအရာများကို ရေးသားစိစစ်ခဲ့သည့်အပြင် လန်ဒန်အခြေစိုက် Agencia EFE ၏ သတင်းထောက်အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝန်ထမ်းများနှင့်ပတ်သက်၍ တတ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိရန် ကြိုးစားနေသော်လည်း အချို့သောနိုင်ငံများနှင့် ပတ်ဝန်းကျင်များသည် စာနယ်ဇင်းနှင့်ပတ်သက်လာလျှင် အခြားနိုင်ငံများထက် ပိုမိုအကဲဆတ်သည်။ ထို့ကြောင့် အရှေ့အလယ်ပိုင်းအဖွဲ့တွင် အလုပ်လုပ်နေသော သတင်းထောက်အချို့၏ လုံခြုံရေးအရ အမည်ဖော်ပြမည်မဟုတ်ပါ။
Josette Abi Tamer၊ MENA ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေး အကြီးအကဲ၊ လက်ဘနွန်
Josette Abi Tamer သည် AFP ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက ဒစ်ဂျစ်တယ်စုံစမ်းစိစစ်ရေးလုပ်ငန်းစဥ်များအား ကြီးကြပ်သည်။ ၂၀၁၉ ခုနှစ်တွင် AFP သို့ မဝင်ရောက်မီ သူသည် ထိပ်တန်း လက်ဘနွန်နှင့် အာရပ်မီဒီယာများတွင် အကြီးတန်းအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ သူသည် ဤနယ်ပယ်တွင် အတွေ့အကြုံရှိ သင်တန်းပို့ချသူနှင့် ဟောပြောသူတစ်ဦးလည်း ဖြစ်သည်။
Stéphanie Youssef၊ အယ်ဒီတာ၊ ဆိုက်ပရပ်စ်
Stéphanie Youssef အာရဗြီဘာသာစကားဆိုင်ရာ လူမှုမီဒီယာအကောင့်များကို ကြီးကြပ်ပြီး အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသဆိုင်ရာ ဒစ်ဂျစ်တယ်စုံစမ်းစစ်ဆေးရေး အယ်ဒီတာဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် AFP တွင်မဝင်ရောက်မီ သတင်းနှင့် လူမှုမီဒီယာအယ်ဒီတာအဖြစ် လက်ဘနွန်အခြေစိုက် LBCI TV တွင် လုပ်ကိုင်ခဲ့သည်။
Marisha Goldhamer၊ မြောက်အမေရိကဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေးအကြီးအကဲ၊ USA
Marisha Goldhamer သည် အမေရိကန်နှင့် ကနေဒါနိုင်ငံမှာ ဒစ်ဂျစ်တယ် စုံစမ်းစစ်ဆေးရေးအသင်းအား ဦးဆောင်ကြီးကြပ်သည်။ Marisha သည် ၂၀၀၃ ခုနှစ်တွင် AFP သို့ ဝင်ရောက်ခဲ့ပြီး မာလ်တီမီဒီယာနှင့် AFP ၏ လူမှုကွန်ရက်စာမျက်နှာလုပ်ငန်စဥ်များအား ကိုင်တွယ်ခဲ့သည်။
Bill McCarthy၊ သတင်းထောက်၊ အမေရိကန်
Bill McCarthy သည် အမေရိကန်ပြည်ထောင်စုရှိ သတင်းမှား/လုပ်ကြံဖန်တီးထားသည့် အချက်အလက်များကိိိို စိစစ်ထုတ်ဖော်ရေးသားနေသူဖြစ်သည်။ သူသည် ၂၀၂၂ ခုနှစ်တွင် AFP သို မဝင်ရောက်မီ PolitiFact တွင် သတင်းထောက်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး အမေရိကန် မီဒီယာနှင့် နိုင်ငံရေး၊ အွန်လိုင်း မှားယွင်း/လုပ်ကြံဖန်တီးထားသော အချက်အလက်များကို စိစစ်စ်ဖော်ထုတ်ရေးသားခဲ့သည်။
Gwen Roley၊ သတင်းထောက်၊ ကနေဒါ
Gwen Roley သည် ကနေဒါနိုင်ငံတွင် အကြောင်းအရာအမျိုးမျိုးနှင့်သက်ဆိုင်သည့် မှားယွင်း/လုပ်ကြံဖန်တီးထားသည့်အချက်အလက်များကို စိစစ်ထုတ်ဖော်ရေးသားလျက်ရှိသည်။ သူမသည် အမေရိကန် နှင့် ကနေဒါနိုင်ငံတို့တွင် သတင်းထောက်နှင့် သုတေသီအဖြစ် လုပ်ကိုင်ပြီးနောက် ၂၀၂၃ ခုနှစ်တွင် AFP သို့ ဝင်ရောက်ခဲ့သည်။