BLACK LIVES MATTER

ဒီဓာတ်ပုံကို ဂျိုးဘိုင်ဒန် သမ္မတမဖြစ်မီ ရိုက်ကူးခဲ့တာဖြစ်ပြီး ပုံထဲက ကလေးဟာ ဂျော့ချ်ဖလွိုက်ရဲ့ သား မဟုတ်ပါဘူး

ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 03/08/2021 အချိန် 10:28

အမေရိကန်နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန်ဟာ ၂၀၂၀ ခုနှစ်က ရဲဖမ်းဆီးမှုတစ်ခုအတွင်း သေဆုံးခဲ့ရတဲ့ လူမဲအမျိုးသား ဂျော့ချ်ဖလွိုက်ရဲ့သားဖြစ်သူရှေ့မှာ ဒူးထောက်ပြီး သူ့ဖခင်သေဆုံးမှုအတွက် တောင်းပန်ခဲ့တယ်လို့ ဆိုထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီမျှဝေခဲ့ကြပါတယ်။ အဲဒီအဆိုက မှားပါတယ်။ အဲဒီဓာတ်ပုံကို ဘိုင်ဒန်ရဲ့ သမ္မတမဖြစ်မီ မဲဆွယ်စည်းရုံးမှုကာလအတွင်း ရိုက်ကူးခဲ့တာဖြစ်ပြီး၊ ဓာတ်ပုံထဲက ကလေးဟာလည်း သေဆုံးသူဖလွိုက်ရဲ့သား မဟုတ်ပါဘူး။