Donald Trump

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်နိုင်တယ်ဆိုတဲ့သတင်းမှား

ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 04/12/2020 အချိန် 09:40

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ပြန်လည်တိုက်ခိုက်ပြီး အနိုင်ရရှိသွားပြီလို့ဆိုထားတဲ့ပို့စ်တွေကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားနေတာပါ။ ၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင်ဟာ လက်ရှိသမ္မတဒေါ်နယ်လ်ထရမ့်ကို အနိုင်ရရှိခဲ့တာပါ။ ဒီဇင်ဘာ ၄ ရက်အထိသတင်းတွေအရ မဲပေးပွဲမှာမသမာမှုတွေရှိတယ်ဆိုပြီး ထရမ့်ရဲ့တရားစွဲဆိုမှုတွေအားလုံးဟာ ပြည်နယ်အချို့မှာ ပယ်ချခံလိုက်ရပြီဖြစ်ပါတယ်။ မဲမသမာမှုတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမတွေ့ရဘူးလို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။ နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာ YouTube ဗီဒီယိုတစ်ခုရဲ့ screenshot တွေပါဝင်ပြီး ဒီဗီဒီယိုကိုတင်တဲ့မီဒီယာကလည်း လူသိများတဲ့မီဒီယာအဖွဲ့အစည်းတစ်ခုမဟုတ်ပြန်ပါဘူး။