အမှည့်လွန်ငှက်ပျောသီးမှာ ကင်ဆာကိုတိုက်ထုတ်နိုင်တဲ့ ဓာတ်ပစ္စည်းပါတယ်ဆိုတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်တွေ ပျံ့နှံ့

ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 13/07/2022 အချိန် 11:33

အမှည့်လွန်ပြီး အမည်းရောင်အစက်တွေပေါ်နေတဲ့ ငှက်ပျောသီးတွေမှာ ကင်ဆာကို တိုက်ထုတ်နိုင်ပြီး ကိုယ်ခံစွမ်းအားကို မြင့်တက်စေတဲ့ Tumour Necrosis Factor (TNF) ဆိုတဲ့ ဓာတ်ပစ္စည်းတစ်မျိုးပါဝင်တယ်လို့ ပြောဆိုထားတဲ့ပို့စ်တွေကို Facebook နဲ့ ဘလော့ဂ်ပို့စ် တော်တော်များများမှာ မျှဝေခဲ့ကြပါတယ်။ အဲဒီပို့စ်တွေမှာ ဂျပန်သုတေသီတွေပြုလုပ်ခဲ့တဲ့ စာတမ်းတစ်စောင်ကို ကိုးကားထားတာ တွေ့ရပေမယ့် အဲဒီလိုပြောဆိုမှုတွေဟာ နားလည်မှုလွဲစေနိုင်တာကို တွေ့ရပါတယ်။ တကယ်တမ်း အဲဒီစာတမ်းမှာတော့ ငှက်ပျောသီးမှာ ကိုယ်ခံအားကို မြင့်တက်စေတဲ့ ဓာတ်ပါဝင်တယ်လို့ ဖော်ပြခြင်းမရှိသလို အမှည့်လွန်နေတဲ့ငှက်ပျောသီးတွေကို စားသုံးဖို့ တိုက်တွန်းတာမျိုးလည်း မရှိပါဘူး။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ TNF ဟာ နို့တိုက်သတ္တဝါတွေမှာသာ တွေ့ရပြီး အပင်တွေကနေ ရရှိတာမဟုတ်ဘူးလို့ AFP ကို ပြောဆိုကြပါတယ်။