In a picture taken on December 27, 2012, Myanmar actor Pyay Ti Oo (L) displays a jumper knitted by Myanmar democracy icon Aung San Suu Kyi during an auction in Yangon. A colourful woolly jumper knitted by Myanmar democracy icon Aung San Suu Kyi has fetched nearly 50,000 USD at a charity auction in Yangon, aides of the Nobel laureate said on December 28. AFP PHOTO / Ye Aung THU (Photo by Ye Aung Thu / AFP) (AFP / Ye Aung Thu)

ပြေတီဦးဖောင်ဒေးရှင်းက တစ်အိမ်ထောင်ကို ၅ သိန်းလှူမယ်ဆိုတဲ့သတင်းမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 03 ဒီဇင်ဘာ 2020 အချိန် 09h26
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP မြန်မာ
ပြေတီဦးနဲ့ ပြေတီဦးဖောင်ဒေးရှင်းကနေ မြန်မာနိုင်ငံက အိမ်ထောင်စုတစ်စုကို ကျပ် ၅ သိန်းလှူမယ်ဆိုလို့ဆိုထားတဲ့ ပို့စ်တွေ Facebook မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ အခုလိုပျံ့နှံ့နေတဲ့သတင်းဟာ မမှန်ကန်ကြောင်းနဲ့ ဖောင်ဒေးရှင်းအနေနဲ့ ပညာရေးအတွက်ပဲ အဓိကကူညီဆောင်ရွက်နေတာဖြစ်တဲ့အကြောင်း ပြေတီဦးဖောင်ဒေးရှင်းက ဆိုပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၃,၃၀၀ ကျော် ရှိခဲ့ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

အဲဒီပို့စ်ရဲ့ ခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “မြန်မာနိုင်ငံသားတစ်အိမ်ထောင်လျှင် 15 သိန်းကျပ်ရရှိမည့်အခွင့်အရေး။” (မူရင်းအတိုင်း)

ပို့စ်ပါ စာသားအချို့ကတော့ အခုလိုပါ။ “မိဘပြည်သူများခင်ဗျာ။    ။ စားဝတ်နေရေးအကျပ်အတည်းကာလတွင်နိုင်ငံတော်အတွက်တစ်ဖက်တစ်လှမ်းမှအထောက်အကူပြုသည့် Pyay Thi Oo ဖောင်ဒေးရှင်း မှ မြန်မာငွေသိန်းပေါင်း 5000 ကျပ်ကိုဤဂရုမှတိုက်ရိုက်လှူပေးသွားမှာဖြစ်ပါသည်။”

“ထို့ကြောင့်ဂရုစည်းကမ်းချက်များကိုတိကျစွာလိုက်နာပြီးတစ်အိမ်ထောင်စာ၅သိန်းကျပ်အားထုတ်ယူနိုင်ပါပြီ။” (မူရင်းအတိုင်း)

ပြေတီဦးဟာ အကယ်ဒမီဆုရမင်းသားတစ်ဦးဖြစ်ပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ အလားတူပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း တွေ့ရပါတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။

အခုလိုပျံ့နှံ့နေတဲ့ပို့စ်ပါ ပြောဆိုမှုတွေဟာ မမှန်ကန်ဘူးလို့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းရဲ့ ရုံးအဖွဲ့မှူးဦးညီညီက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ AFP ကို ဖုန်းကနေတစ်ဆင့် ဖြေကြားခဲ့ပါတယ်။ 

“ဒီပြောဆိုချက်တွေက လုံးဝမမှန်ပါဘူးခင်ဗျ။ ပြေတီဦးပညာရေးဖောင်ဒေးရှင်းက ကျောင်းသားတွေရဲ့ ပညာရေးအတွက်ပဲ အဓိကကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်” 

ပြေတီဦးပညာရေးဖောင်ဒေးရှင်းကလည်း ပညာရေးအတွက်ပဲအဓိကထားထောက်ပံ့ကူညီပေးနေတဲ့အကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တုန်းက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဲဒီကြေညာချက်ကို ဖောင်ဒေးရှင်းရဲ့ Facebook ဒီလင့်ခ်မှာ တင်ထားပါတယ်။

ဖောင်ဒေးရှင်းရဲ့ ကြေညာချက်ပါ စာသားတချို့က အခုလိုဖြစ်ပါတယ်။ 

“ပြေတီဦးပညာရေးဖောင်ဒေးရှင်းသည် ပညာဆက်လက်သင်ကြားရန်အတွက် အခက်အခဲဖြစ်နေသော ကျောင်းသား/သူများကို ကူညီရန် တည်ထောင်ထားသော မှတ်ပုံတင်ထားသည့် လူမှုအသင်းအဖွဲ့တစ်ခု ဖြစ်ပါသည်။ 

ပြေတီဦးပညာရေးဖောင်ဒေးရှင်းသည် တက္ကသိုလ်ဝင်တန်းအောင်မြင်၍ ပညာထူးချွန်ပြီး ကျောင်းဆက်တက်ရန် အခက်အခဲရှိသော ကျောင်းသား/သူများကို ကူညီထောက်ပံ့ခြင်းနှင့် အမှန်တကယ် အကူအညီလိုအပ်သောနေရာများတွင် တတ်နိုင်သမျှ သွားရောက်လှူဒါန်းခြင်းကိုသာ ဆောင်ရွက်လျက်ရှိပါသည်”

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်