Buddhist devotees take photos with their mobile phones outside a closed pagoda, amid restrictions to reduce the spread of the COVID-19 Coronavirus, during the Thadingyut festival, which is held on the full moon day of the Burmese lunar month of Thadingyut, on the outskirts of Yangon on October 31, 2020. (Photo by Ye Aung THU / AFP) (AFP / Ye Aung Thu)

ကိုရိုနာဗိုင်းရပ်စ်ထက်ပိုကြောက်ဖို့ကောင်းတဲ့ ဇွန်ဘီသမင်ဗိုင်းရပ်စ်ဆိုပြီး အရေးကြီးတဲ့အချက်တွေကို ထိန်ချန်ထားတဲ့သတင်းမှား

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

သမင်တွေမှာတွေ့ရတဲ့ “ဇွန်ဘီသမင်ဗိုင်းရပ်စ်ဟာ ကိုရိုနာဗိုင်းရပ်စ်ထက် ပိုကြောက်ဖို့ကောင်းတာကြောင့်” ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ “အလွန်အမင်းစိုးရိမ်” နေကြတယ်လို့ ဆိုထားတဲ့သတင်းတစ်ရပ်ကို Facebook ပေါ်မှာ အကြိမ်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ဗိုင်းရပ်စ်ဟာ  ကူးစက်ခံရတဲ့သမင်တွေရဲ့ ဦးနှောက်ကို ထိခိုက်စေပြီး “တိုက်ခိုက်လိုစိတ်” နဲ့ “သွေးစုပ်လိုစိတ်” တွေ ပေါ်ပေါက်လာစေတယ်လို့လည်း အဲဒီပို့စ်တွေမှာ ဆိုထားပါသေးတယ်။ ဒါပေမဲ့ ဒီအဆိုမှာ အရေးကြီးတဲ့အကြောင်းအရာတွေကို ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။ အဲဒီနာမည်မျိုးနဲ့ ဗိုင်းရပ်စ်ပိုးမရှိသလို သမင်တွေ “တိုက်ခိုက်လိုစိတ်” ဒါမှမဟုတ် “သွေးစုပ်လိုစိတ်” ဖြစ်စေတဲ့ ဗိုင်းရပ်စ်လည်း မရှိတဲ့အကြောင်း ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအထိ Chronic Wasting Disease (CWD) လိုမျိုး သမင်တွေမှာဖြစ်တဲ့အာရုံကြောဆိုင်ရာရောဂါတွေ လူသားတွေဆီကို ကူးစက်တယ်ဆိုတဲ့ သတင်းမျိုး မရှိသေးပါဘူး။

အဲဒီသတင်းကို မြန်မာဘာသာနဲ့ရေးသားထားတဲ့ blog တစ်ခုရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တုန်းက တင်ထားတာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

ပို့စ်ရဲ့ခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ပညာရှင်တေ စိုးရိမ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ထက် ကြောက်စရာ ကောင်းတဲ့ Zombie Virus” 

ပို့စ်ပါ စာသားတချို့ (မူရင်းသတ်ပုံအတိုင်း) ကတော့ အခုလိုပဲ ဖြစ်ပါတယ်။

“လတ်တလောဖြစ်ပွားနေသည့် Covid19 အပြင် ပညာရှင်တွေစိုးရိမ်နေကြတဲ့ Virus တစ်မျိုးရှိနေပါတယ်။သူကတော့ Zombie Virus (CDC)ပဲဖြစ်ပါတယ်။ Zombie Virus ဆိုတာ ရုပ်ရှင်တွေထဲကလို လူတွေဟာ လူစိတ်ပျောက်သွားပြီး လူအချင်းချင်းသွေးလိုက်စုပ်ကြတဲ့လူတစ်ပိုင်းဖုတ်ကောင်တစ်ပိုင်းတွေနဲ့ဆင်တူပါတယ်။”

“Zombie Virus ကူးစက်ခံထားရတဲ့ သမင်တွေကို Zombie Deer လို့ခေါ်ဝေါ်ကြပါတယ်။Virus ကူးစက်ခံရတဲ့သမင်တွေဟာ သူတို့ရဲ့ ဦးနှောက်ကိုထိန်းချုပ်ခံလိုက်ရပြီ အသိစိတ်ပျောက်ကာ တိုက်ခိုက်ချင်စိတ်တွေဖြစ်ပွားလာပါတယ်။”

တူညီတဲ့ပြောဆိုမှုတွေနဲ့ပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါသေးတယ်။

ဒါပေမဲ့ ဒီအဆိုမှာ အရေးကြီးတဲ့အချက်တွေကို ချန်လှပ်ထားခဲ့တာပါ။ 

အဲဒီမှာ ဖော်ပြထားတဲ့ “chronic wasting disease (CWD)” ဆိုတာဟာ သမင်မျိုးစိတ်အမျိုးမျိုးမှာဖြစ်တတ်တဲ့ရောဂါတစ်မျိုးကို ရည်ညွှန်းတာဖြစ်ပုံရတယ်လို့ အမေရိကန်ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးစင်တာ (CDC) ရဲ့ ကပ်ရောဂါဆိုင်ရာကျွမ်းကျင်ပညာရှင်နဲ့ ပြောခွင့်ရပုဂ္ဂိုလ် Ryan Maddox, PhD က AFP ကို ပြောပါတယ်။

“[CWD] ဟာ ဦးနှောက်အာရုံကြောဆိုင်ရာရောဂါလက္ခဏာအမျိုးမျိုးကို ဖြစ်ပေါ်စေပြီး အသက်တောင်ဆုံးရှုံးနိုင်ပါတယ်။ ရောဂါကူးစက်ခံရတဲ့တိရစ္ဆာန်တွေမှာ ရောဂါလက္ခဏာပြလာဖို့ အချိန် တစ်နှစ်ကျော်လောက် ကြာကောင်းကြာတတ်ပါတယ်။ ရောဂါလက္ခဏာတွေမှာတော့ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာတာ (ဒါမှမဟုတ် လုံးပါးပါးလာတာ)၊ ဒယိမ်းဒယိုင်ဖြစ်လာတာ၊ နုံးချည့်လာတာနဲ့ တခြားအာရုံကြောဆိုင်ရာရောဂါလက္ခဏာရပ်တွေ ပါဝင်တတ်ပါတယ်။ သွေးစုပ်တာတို့၊ တခြားတိရစ္ဆာန်တွေကို ရန်မူတိုက်ခိုက်တာမျိုးကတော့ CWD ကူးစက်ခံရတဲ့ သမင်မျိုးစိတ်တွေမှာ ဖြစ်လေ့ရှိတဲ့ရောဂါလက္ခဏာထဲမှာပါဘူး။” လို့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ Ryan Maddox PhD က AFP ကို email ကနေတစ်ဆင့် ဖြေကြားခဲ့ပါတယ်။ 

CDC ရဲ့ဝဘ်ဆိုဒ်မှာလည်း တိရစ္ဆာန်ကနေ လူကိုကူးစက်တဲ့ CWD ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေးသားထားတာမျိုး မရှိပါဘူး။

အောက်မှာ CDC ဝဘ်ဆိုဒ်ရဲ့ ကဏ္ဍတစ်ခုကို screenshot ယူထားတာဖြစ်ပြီး ဒီဖြစ်စဉ်နဲ့သက်ဆိုင်တဲ့စာသားကို AFP ကနေ အနီရောင်နဲ့ပြထားပါတယ်။

“CWD ကနေ လူသားတွေကို ကူးစက်နိုင်ခြေရှိမလားဆိုပြီး CDC နဲ့အတူ တွဲဖက်ကျန်းမာရေးပညာရှင်တွေ စောင့်ကြည့်လေ့လာနေတာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ လက်အောက်မှာ CDC ဝဘ်ဆိုဒ်ရဲ့ ကဏ္ဍတစ်ခုကို screenshot ယူထားတာဖြစ်ပြီး ဒီဖြစ်စဉ်နဲ့သက်ဆိုင်တဲ့စာသားကို AFP ကနေ အနီရောင်နဲ့ပြထားပါတယ်။ရှိအချိန်အထိ လူသားတွေမှာ CWD ကူးစက်ခံရမှု တစ်ခုမှမရှိသေးပါဘူး” လို့ Maddox က ထပ်လောင်း ပြောဆိုထားပါတယ်။ 

“ဒါပေမယ့် တချို့တိရစ္ဆာန်နဲ့ပတ်သက်လို့လေ့လာသူတွေကတော့ အကြံပြုတင်ပြကြတာရှိပါတယ်။ CWD ကူးစက်ခံရတဲ့တိရစ္ဆာန်အသားကိုစားမိတဲ့ ဒါမှမဟုတ် ရောဂါကူးစက်ခံရတဲ့ သမင်တွေရဲ့ ဦးနှောက်တို့၊ ခန္ဓာကိုယ်က ထွက်တဲ့အရည်တို့နဲ့ ထိတွေ့မိတဲ့ မျောက်လိုမျိုး လူမဟုတ်တဲ့ လူတူပရိုင်းမိတ်တွေမှာတော့ CWD နဲ့ဆက်စပ် တချို့ရောဂါအမျိုးအစားတွေ ဖြစ်ပွားနိုင်ခြေရှိပါတယ်တဲ့။ အဲဒီလေ့လာမှုတွေအရ လူသားတွေမှာလည်း ဒီရောဂါကူးစက်လာမှာကို သူတို့က စိုးရိမ်နေကြတာပါ။ လက်ရှိအချိန်မှာတော့ CWD ကူးစက်ခံရတယ်လို့ တွေ့ရှိထားတဲ့ဧရိယာမှာ အမဲလိုက်တဲ့ မုဆိုးတွေအနေနဲ့ ပစ်ခတ်လို့ရလာတဲ့အသားတွေကို မစားခင် CWD စစ်ဆေးကြဖို့ CDC က တိုက်တွန်းထားပါတယ်” လို့ Maddox က ဆိုပါတယ်။ 

အဓိကကျတဲ့စကားလုံးအမြောက်အမြားသုံးပြီးရှာဖွေခဲ့ပေမယ့် CWD ဟာ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်ထက် ပိုကြောက်ဖို့ကောင်းတဲ့အတွက် ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေ “အလွန်အမင်းစိုးရိမ်ပူပန်နေကြပါတယ်” လို့ဆိုထားတဲ့ ယုံကြည်လောက်တဲ့အစီရင်ခံစာတစ်စောင်မှ မတွေ့ရှိရသေးပါဘူး။