ကိုဗစ်ကာလမှာ ဘာသာရေးစည်းဝေးပွဲကြီးတစ်ခုကို သာသနာရေးဝန်ကြီးသူရဦးအောင်ကို တက်ရောက်ခဲ့တယ်ဆိုတဲ့သတင်းမှား

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ရန်ကုန်မြို့မှာကျင်းပတဲ့ တမန်တော်မိုဟာမက်မွေးနေ့ပွဲအထိမ်းအမှတ် လူအများအပြားစုဝေးနေတဲ့ပွဲတစ်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုနဲ့အတူ ဓာတ်ပုံနှစ်ပုံကို Facebook နဲ့ Twitter ပေါ်မှာ အကြိမ်ရေရာနဲ့ချီ ပြန်လည်မျှဝေလျက်ရှိပါတယ်။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ်ဆိုတဲ့စည်းကမ်းချက်ကို လျစ်လျူရှုပြီး ဒီလိုမျိုးတက်ရောက်ခဲ့တာလို့လည်း ဆိုထားပါသေးတယ်။  ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ ဓာတ်ပုံတွေဟာ COVID-19 ကာလမတိုင်ခင်ကတည်းကဖြစ်ပြီး တမန်တော်မိုဟာမက်မွေးနေ့ပွဲကို သူရဦးအောင်ကိုတက်ရောက်တဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတုန်းက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။  

ဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့က တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၉၇ ကြိမ် ရှိနေတာပါ။

နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ရဲ့ screenshot

ပို့စ်ပါစာသားအချို့ကတော့ အခုလိုဖြစ်ပါတယ်။ “သာသနာရေးဝန်ကြီးဌာန ဝန်ကြီး
အစ္စလာမ် မိုဟာမက်သခင်နေ့ အခမ်းအနားတက်ရောက်
ဗုဒ္ဓဘာသာ ဘုရားတွေမဖွင့်သေး
ဘုန်းကြီးကျောင်းတွေ ဥပုဒ်မစောင့်ရသေးဘူးနော်” (မူရင်းအတိုင်း)

COVID-19 နဲ့ပတ်သက်လို့ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနကနေ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တုန်းက ပန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဝန်ကြီးဌာနရဲ့ ပန်ကြားချက်ပါစာသားတချို့က အခုလိုဖြစ်ပါတယ်။ 

“မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ပိုမိုကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲခရီးသွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းမပြုဘဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့နေထိုင်ရာနေအိမ်များတွင်သာ တတ်နိုင်သမျှနေထိုင်ကြရန် တိုက်တွန်းနှိုးဆော် ပန်ကြားအပ်ပါသည်”

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ပြည်သူများ နေအိမ်တွင်နေထိုင်ရေး ပန်ကြားချက်  (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၉ ရက်)

Posted by Ministry of Health and Sports, Myanmar on Thursday, November 19, 2020

မြန်မာနိုင်ငံမှာ ပထမဆုံး COVID-19 ဖြစ်ပွားသူတွေကို ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တုန်းက စတင်တွေ့ရှိခဲ့တဲ့အကြောင်း AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

အဲဒီဓာတ်ပုံတွေကို အလားတူပြောဆိုမှုတွေနဲ့အတူ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တုန်းက ဒီပို့စ်မှာ တင်ထားပါသေးတယ်။

ဒီဓာတ်ပုံတွေကိုပဲ တူညီတဲ့ပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်မျှဝေထားကြပါတယ်။

နားလည်မှုလွဲမှားစေတဲ့ဓာတ်ပုံ ၂ ပုံအနက်က ပထမဓာတ်ပုံကို တူညီတဲ့ပြောဆိုမှုတွေနဲ့ Twitter ရဲ့ ဒီလင့်ခ်မှာ လည်း တင်ထားတာ တွေ့ရပါတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဓာတ်ပုံတွေကို မြန်မာအခြေစိုက် One News Myanmar သတင်းဌာနမှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တုန်းက ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။

One News Myanmar သတင်းရဲ့ screenshot

သတင်းခေါင်းစဉ်က “ကိုးကွယ်ရာဘာသာတရား အဆုံးအမများကိုလိုက်နာပြီး နိုင်ငံအပေါ်သစ္စာစောင့်သိရန် သာသနာရေးဝန်ကြီးပြော” ဆိုပြီးဖြစ်ပါတယ်။

သတင်းပါ စာသားအချို့ကတော့ အခုလိုပါ။ 

“နိုင်ငံသားတိုင်းဟာ မိမိယုံကြည်ကိုးကွယ်ရာ ဘာသာသာသနာရဲ့ အဆုံးအမတွေကို လိုက်နာပြီး နိုင်ငံတော်အပေါ် သစ္စာ စောင့်သိဖို့လိုတယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။

နိုဝင်ဘာ (၁၆)ရက် မနက်ပိုင်းက ရန်ကုန်မြို့ M 3 Food Center မှာ ကျင်းပတဲ့ မဟာတမန်တော်မြတ် မိုဟမ္မဒ်သခင်နေ့ အခမ်းအနားရဲ့ အဖွင့်အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့တာပါ”

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါ ဓာတ်ပုံတွေ (ဘယ်) နဲ့ One News Myanmar သတင်းပါဓာတ်ပုံတွေ (ညာ) ရဲ့ screenshot တွေကို နှိုင်းယှဉ်ပြထားတာဖြစ်ပါတယ်။

အဲဒီအခမ်းအနားကို ဝန်ကြီးသူရဦးအောင်ကိုတက်ရောက်ခဲ့တယ်ဆိုတဲ့အကြောင်း မြန်မာအစိုးရမီဒီယာတွေရဲ့သတင်းရေးသားဖော်ပြမှုကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တွေ့ရပါတယ်။