(၁၅) မိနစ်တစ်ကြိမ် ရေသောက်ခြင်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းကို ကာကွယ်နိုင်တယ်ဆိုတဲ့ သတင်းမှား

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

(၁၅) မိနစ်တစ်ကြိမ် ရေသောက်ပေးခြင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကာကွယ်ပေးနိုင်ကြောင်း ဂျပန်နိုင်ငံက ထုတ်ပြန်တယ်ဆိုတဲ့ ပို့စ်တစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ မျှဝေခဲ့ကြပါတယ်။ အဲဒီအဆိုဟာ နားလည်မှုလွဲစေနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ရေသောက်တာဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို မကာကွယ်နိုင်ဘူးလို့ ပြောဆိုထားသလို၊ ဂျပန်နိုင်ငံကလည်း ရေသောက်ခြင်းကို COVID-19 ရောဂါကာကွယ်ရေးနည်းလမ်းတစ်ခုအဖြစ် ထုတ်ပြန် ကြေညာထားခြင်း မရှိပါဘူး။

အဲဒီပို့စ်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ (၂၄) ရက်က Facebook ရဲ့ ဒီနေရာမှာ ဖော်ပြခဲ့တာ ဖြစ်ပြီး အကြိမ်ရေ ၂,၉၀၀ ကျော် မျှဝေထားတာ တွေ့ရပါတယ်။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ရဲ့ screenshot

ပို့စ်မှာ “ဂျပန်ကကြေငြာလိုက်ပါပြီ 15မိနစ်တချိန်ခြားပြီး ရေသောက်ပေးပါ ပိုးဟာ ရေနဲ့အတူ အစာအိမ်ထဲရောက်ပြီးအစာချေ အက်ဆစ်ကြောင့် ပျက်စီးစေပါသည်........”(မူရင်းသတ်ပုံအတိုင်း) လို့ ရေးသားထားပါတယ်။

အလားတူ ပို့စ်တွေကို Facebook ရဲ့ ဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း ဖော်ပြခဲ့ကြပြီး၊ ပြန်လည်မျှဝေသူ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။

အဲဒီအဆိုဟာ နားလည်မှုလွဲစေနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဒီ Twitter ပို့စ် မှာ “ရေသောက်ခြင်းဖြင့် ရေဓာတ်ပြည့်ဝအောင် နေထိုင်ခြင်းသည် အထွေထွေကျန်းမာရေးအတွက် အရေးကြီးသော်လည်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား တားဆီးနိုင်ခြင်း မရှိ” လို့ ရေးသား ဖော်ပြထားပါတယ်။

WHO ရဲ့ Twitter ပို့စ်

အောက်ဖော်ပြပါ ဗီဒီယိုမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးအကြံပြုချက်တွေကို ကြည့်ရှုနိုင်ပါတယ်။

ဂျပန်နိုင်ငံရဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တုံ့ပြန်ရေးကို ကြီးကြပ်နေတဲ့ ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖုံလုံရေး ဝန်ကြီးဌာန ကလည်း COVID-19 ကို ကာကွယ်ဖို့ မကြာခဏ ရေသောက်ရမယ်လို့ အကြံပြု ထုတ်ပြန်ထားတာမျိုး မရှိပါဘူး။

ဝန်ကြီးဌာန Website ရဲ့ “ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉ (COVID-19) အကြောင်း” စာမျက်နှာမှာတော့ နေ့စဉ်ဆောင်ရွက်ရမယ့် ကာကွယ်ရေးနည်းလမ်းတွေ အဖြစ် မကြာခဏ လက်ဆေးဖို့၊ နှာချေ ချောင်းဆိုးတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ကြဖို့ အကြံပြုထားပါတယ်။ ဝန်ကြီးဌာနရဲ့ အကြံပြုချက်တွေထဲမှာ ရေကို မကြာခဏသောက်ဖို့ ဖော်ပြထားတာမျိုးတော့ မတွေ့ရပါဘူး။ 

Screenshot of advisory

ဝန်ကြီးဌာနရဲ့ အကြံပြုချက်တွေကို Website ရဲ့ ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာ ဖတ်ရှုနိုင်ပါတယ်။

ရေသောက်ပြီး ခံတွင်း စိုစွတ်အောင်ထားခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှု ကာကွယ်နိုင်တယ်လို့ ပြောဆိုထားတဲ့ အလားတူ သတင်းမှားတစ်ခုကိုလည်း  AFP သတင်းအချက်အလက်စိစစ်ရေးက စိစစ် ဖော်ပြခဲ့ပြီး ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။