Aung La N Sang known as Burmese Pythoon from Myanmar celebrates after the fight with Mohamed Ali from Egypt (not visible) during the mixed martial arts match for the middle weight division at the Thuwanna Indoor Stadium in Yangon on March 18, 2016. (Photo by YE AUNG THU / AFP) (AFP / Ye Aung Thu)

အောင်လအင်န်ဆန်က မြန်မာငွေ သိန်းပေါင်း ၅ သောင်းလှူမယ်ဆိုတဲ့သတင်းမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 07 အောက်တိုဘာ 2020 အချိန် 10h51
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP မြန်မာ
မြန်မာစပါးကြီးမြွေလို့လူသိများတဲ့ အောင်လအင်န်ဆန်က မြန်မာနိုင်ငံသားတွေကို သိန်းပေါင်း ၅ သောင်းလှူမယ်ဆိုပြီး ပြောထားတဲ့ Facebook ပို့စ်တွေကို အကြိမ်ရေသောင်းချီ ပြန်လည်မျှဝေခဲ့ပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပြီး အောင်လကတော့ ပျံ့နှံ့နေတဲ့ပို့စ်တွေမှာပါဝင်တဲ့အချက်တွေက မဟုတ်မှန်တဲ့အကြောင်း သူ့ရဲ့ Facebook page ကနေ ပြန်လည် ဖြေရှင်းထားပါတယ်။

အဲဒီပို့စ်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၂၂,၀၀၀ ကျော် ရှိခဲ့တာပါ။ 

ပို့စ်မှာပါတဲ့ စာသားတချို့ကတော့ အခုလိုပဲ ဖြစ်ပါတယ်။ 

“မြန်မာ့ဂုဏ်ဆောင်MNAကစားသမားအောင်လှအန်ဆန်းနှုင့်ပြည်သူ့အချစ်တော် ဦးအောင်မင်းသိန်း တို့မှ တစ်ဦးကို မြန်မာငွေကျပ်သိန်းပေါင်း (၅၀၀၀၀)သိန်း ပူးပေါင်းပြီး အကူအညီပီးလှူဒါန်းပေးသွားမည် ဤဂရုမှဖုန်းဆက်ပြီးငွေလွှဲပေးသွားမှာဖြစ်သည့်အတွက်ဂရုစည်းကမ်းချက်များကိုလိုက်နာပြီးတစ်အိမ်ထောင်100000ksထုတ်ယူလိုက်ပါ” (မူရင်းသတ်ပုံအတိုင်း)

Image
နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က ရယူထားတဲ့ screenshot

မြန်မာစပါးကြီးမြွေ (Burmese Python) လို့ လူသိများတဲ့ Aung La Nsang ဟာ မြန်မာပြည်ဖွား MMA ဖိုက်တာတစ်ဦးဖြစ်ပြီး လက်ရှိ One Championship ရဲ့ မစ်ဒယ်လ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ (One Championship's Middleweight and Light Heavyweight World Champion) ဖြစ်ပါတယ်။

အလားတူဓာတ်ပုံတွေကို တူညီတဲ့ပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း ပြန်လည်မျှဝေခဲ့ကြပါသေးတယ်။ 

ဒါပေမယ့် ဒီအဆိုတွေဟာ မှားယွင်းနေတာပါ။ 

အောင်လကတော့ သူ့အနေနဲ့ ဒီလိုမျိုးပြောထားတာမျိုးမရှိဘူးလို့ စက်တင်ဘာလ ၃၀ ရက်နေ့တုန်းက တင်ထားတဲ့သူ့ပို့စ်ရဲ့ ဒီလင့်ခ်မှာ ပြန်လည်ဖြေရှင်းထားပါတယ်။ 

အောင်လရဲ့ပို့စ်မှာတင်ထားတဲ့စာသားတချို့ကတော့ အခုလိုပဲ ဖြစ်ပါတယ်။

“အားလုံးကိုအသိပေးလိုတဲ့အရေးကြီးတဲ့အကြောင်းအရာကတော့ဒီအတောအတွင်းတချို့FacebookPageတွေကနေပြီးတော့ ကျွန်တော်နဲ့အလှူရှင်များပူးပေါင်းပြီးလှူဒါန်းမှုပြုနေတဲ့အကြောင်းသတင်းအမှားတွေကိုဖြန့်ဝေနေတာကိုတွေ့မြင်နေရတဲ့အတွက် သတင်းအမှားတွေကိုမယုံကြည်ကြဖို့နဲ့မိမိရဲ့ကိုယ်ရေးအချက်အလက်များကိုFacebookCommentကော်မဲန့်တွေမှာမပေးကြဖို့အသိပေးလိုပါတယ်။Facebookအသုံးပြုခြင်းက၊ကောင်းကျိုးတွေအမျာအပြားရှိပေမယ့်သတင်းအတုတွေ၊သတင်းအမှားတွေအမြောက်အမြားရှိနေတာကိုလည်းသတိပြုသင့်ပါတယ်။ Facebook ရဲ့ Blue Mark ရရှိထားတဲ့ဒီကျွန်တော့်ရဲ့တရားဝင် Facebookစာမျက်နှာမှာပဲကျွန်တော်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကိုဖော်ပြပေးသွာမှာဖြစ်ပါတယ်။” (မူရင်းအတိုင်း)

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်