နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်ကို တုံ့ပြန်တဲ့ တရုတ်နိုင်ငံအရှေ့ပိုင်းက စစ်ရေးလေ့ကျင့်မှုလို့ ပြောဆိုထားတဲ့ ဗီဒီယိုအဟောင်းမှားယွင်း ပျံ့နှံ့
ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08/08/2022 အချိန် 07:51
အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်မတိုင်မီ ရက်အနည်းငယ်အလို တရုတ်နိုင်ငံ၊ အရှေ့ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုလို့ ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခု Facebook ပို့စ်တော်တော်များများမှာ ပျံ့နှံ့ခဲ့ပြီး အကြိမ်ရေ ရာနဲ့ချီ ကြည့်ရှုခဲ့ကြပါတယ်။ နန်စီပလိုစီရဲ့ခရီးစဉ်အပြီးမှာ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေကို ထိုင်ဝမ်ကျွန်းတဝိုက် ပြုလုပ်ခဲ့တာတွေ ရှိပေမယ့် Facebook ပို့စ်မှာပါဝင်တဲ့ ဗီဒီယိုကတော့ အကြောင်းအရာလွဲမှား မျှဝေထားတာ ဖြစ်ပါတယ်။ တကယ်တမ်း အဲဒီဗီဒီယိုဟာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက ပြုလုပ်တဲ့ ထိုင်ဝမ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုဗီဒီယိုသာ ဖြစ်ပါတယ်။