နှစ်ပေါင်းအတော်ကြာ ပင်လယ်ထဲနစ်မြုပ်နေပေမယ့် မပျက်စီးတဲ့ ကုရ်အာန်ကျမ်းစာအုပ်လို့ ဆိုထားတဲ့ ဓာတ်ပုံအမှား

နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 14/12/2020 အချိန် 06:00

နှစ်ပေါင်းအတန်ကြာ ပင်လယ်ကြမ်းပြင်အောက် နစ်မြုပ်ပေမယ့် ပျက်စီးခြင်းမရှိတဲ့ ကုရ်အာန်ကျမ်းစာအုပ်လို့ ဆိုထားတဲ့ ဓာတ်ပုံတွေကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ မျှဝေထားကြပါတယ်။ အမှန်တကယ်တော့ အဲဒီစာအုပ်ဟာ အမေရိကန်က Catherine McEver လို့ခေါ်တဲ့ အနုပညာရှင်တစ်ဦးရဲ့ ဖန်တီးမှုလက်ရာသာ ဖြစ်ပြီး၊ ဘာသာရေးနဲ့ ပတ်သက်ဆက်နွှယ်ခြင်း မရှိပါဘူး။ အဘိဓာန်စာအုပ်တစ်အုပ်ပေါ်မှာ ပုံဆောင်ခဲလေးတွေ ဖြစ်ပေါ်လာဖို့ သန့်ရှင်းရေးလုပ်တဲ့နေရာမှာသုံးတဲ့ ဓာတုပစ္စည်းတစ်မျိုးကို အသုံးပြု ဖန်တီးခဲ့တာ ဖြစ်တယ်လို့ အဲဒီအနုပညာရှင်က သူ့ရဲ့ Blog မှာ ၂၀၁၄ ခုနှစ်က ရှင်းပြထားပါတယ်။