၂၀၁၈ အောက်တိုဘာတုန်းက ဆန္ဒပြပွဲကို ၂၀၂၁ ဆန္ဒပြပွဲလို့ဆိုထားတဲ့သတင်းမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 19 ဇန်နဝါရီ 2021 အချိန် 10h10
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP မြန်မာ
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ဆန္ဒပြပွဲတစ်ခုလို့ဆိုထားတဲ့ဓာတ်ပုံတစ်ပုံကို Facebook group ပေါင်းများစွာမှာ အကြိမ်ရေ ရာနဲ့ချီ ပြန်လည်မျှဝေလျက်ရှိကြပါတယ်။ ဓာတ်ပုံမှာ Facebook ကိုဆန္ဒပြနေတဲ့ပုံရိပ်တစ်ခုပါဝင်ပြီး မြန်မာ့အရေးမှာ Facebook ရဲ့ဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက်ဆန့်ကျင်တာလို့လည်း ဆိုပါတယ်။ ဒါပေမယ့် ဒီအဆိုဟာမှားယွင်းနေပြီး ပုံမှာမြင်ရတဲ့ဆန္ဒပြပွဲဟာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတုန်းက  ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တင်ထားတာဖြစ်ပါတယ်။

Image
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ကရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

ဓာတ်ပုံမှာ လူတချို့ကိုင်ထားတဲ့ဗီနိုင်းပါစာသားတွေက အခုလိုဖြစ်ပါတယ်။ “မဆီမဆိုင်နိုင်ငံရေးစွက်ဖက်သော (Facebook) ကို လုံး၀ ဆန့်ကျင်ရှုတ်ချသည်။”

ပို့စ်မှာပါဝင်တဲ့စာသားတွေကတော့ အခုလိုပါ။ 
“ပထမမဲရုံမူးဆရာ ဆရာမ
ဒုတိယ UEC
တတိယ အကြည်တော်
ဟောခု Facebook.ကိုပြောပြန်ပီ
နောက်ဆုံးNLD ကိုမဲထည့်ခဲ့တဲ့တို့ပြည်သူတေကို
ဆန့်ကျင်ပွဲလုပ်တော့မယ်
ရောဂါကတစ်ဖြည်းဖြည်းရင့်လာပီဗျို့??
CD”

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပခဲ့တဲ့ မြန်မာ့အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနိုင်ရရှိပြီး နှစ်လအကြာမှာ ဒီပို့စ်တွေ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ မဲပေးပွဲအပြီးမှာ အတိုက်အခံပါတီတွေက ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ခဲ့ကြပြီး ရွေးကောက်ပွဲအသစ် ထပ်မံကျင်းပပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီအကြောင်း AFP သတင်းကို ဒီလင့်ခ်နဲ့ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

အဲဒီဓာတ်ပုံကိုပဲ တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။ 

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ The Voice မှာ ဒီဓာတ်ပုံကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တုန်းက ဒီလင့်ခ်မှာတင်ထားတာ တွေ့ရပါတယ်။

Image
The Voice သတင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က ရယူထားတဲ့ screenshot

သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ကလေးတွင် Facebook ကို ဆန့်ကျင်ရှုတ်ချ ဆန္ဒပြ”

ကလေးမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့တစ်မြို့ဖြစ်ပါတယ်။

သတင်းပါစာသားတွေက အခုလိုဖြစ်ပါတယ်။ 

စစ်ကိုင်းဒေသကြီး ကလေးခရိုင်အတွင်းရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများအဖွဲ့ ကလေး၊ ကလေးဝနှင့် မင်းကင်းမြို့များမှ စစ်မှုထမ်းဟောင်းများက တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ဆင်ဖြည့်စွက်လှုပ်ရှားမှုများကို ဆန့်ကျင်ရှုတ်ချဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ဆန္ဒဖော်ထုတ်ပွဲကို အောက်တိုဘာလ ၅ ရက်နေ့၊ နံနက် ၈ နာရီ မိနစ် ၃၀ အချိန်မှစတင်ကာ တစ်နာရီအကြာ ကလေးမြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ 

ဆန္ဒထုတ်ဖော်ရာတွင် မြို့နယ်သုံးမြို့မှ စစ်မှုထမ်းဟောင်း ၂၁၅ ဦးပါဝင်ခဲ့ပြီး မြန်မာ့တပ်မတော်ကို အပြည့်အ၀ ထောက်ခံသည်၊ ပြည်သူကိုချစ်သော တပ်မတော် အောင်မြင်ပါစေ၊ မဆီမဆိုင်နိုင်ငံရေးစွက်ဖက်သော Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ တပ်မတော်အင်အားချိုးနှိမ်သူမှန်သမျှ တို့လက်မခံ၊ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးကော်မရှင်၏ မမျှမတ တစ်ဖက်သတ်အစီရင်ခံစာ တို့လုံးဝလက်မခံဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်ခဲ့ကြသည်။ 

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ The Voice သတင်းပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image

အလားတူဆန္ဒပြပွဲဓာတ်ပုံတွေကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တုန်းက Facebook ပေါ်မှာတင်ထားတာ AFP က တွေ့ရှိခဲ့ပါတယ်။ ဓာတ်ပုံထဲမြင်ရတဲ့ ဗီနိုင်းပါစာသားတွေဟာ နားလည်မှုလွဲစေတဲ့ပို့စ်တွေပါ ကြွေးကြော်သံတွေနဲ့အတူတူပဲဖြစ်နေတာ တွေ့ရပါတယ်။ 

Image
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက Facebook post ရဲ့ screenshot

ပို့စ်ပါစာသားအချို့ကတော့ အခုလိုဖြစ်ပါတယ်။

"ယနေ့  ကလေးမြို့ 
တပ်မတော်ထောက်ခံပွဲ
Credit #KyawKoKoTin"

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်