တူရကီ-ဆီးရီးယားငလျင်ကြောင့် မိခင်ဆုံးရှုံးခဲ့ရတဲ့ ကလေးတွေလို့ ပြောဆိုထားတဲ့ TikTok ဗီဒီယိုဟောင်း ပျံ့နှံ့
ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 21/02/2023 အချိန် 06:44
လူပေါင်း ၃၅,၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ တူရကီနဲ့ဆီးရီးယားမှာ မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်တွေလို့ ပြောဆိုထားတဲ့ TikTok ဗီဒီယိုအဟောင်းတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေသောင်းချီ ကြည့်ရှုနေကြပါတယ်။ အဲဒီဗီဒီယိုမှာ လမ်းလျှောက်တတ်ခါစ ကလေးတစ်ဦးဟာ မွေးကင်းစကလေးငယ်ကို ဝမ်းနည်းပက်လက် ချော့မြူနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ အဲဒီဗီဒီယိုဟာ အဲဒီငလျင်မတိုင်ခင် ရိုက်ကူးထားတဲ့ ဗီဒီယိုဖြစ်ပြီး ကလေးတွေရဲ့ ရယ်ရွှင်ဖွယ်အခိုက်အတန့်တွေကို မျှဝေလေ့ရှိတဲ့ TikTok စာမျက်နှာတစ်ခုမှာ ပထမဆုံးတင်ထားတာ ဖြစ်ပါတယ်။