ဗီယက်နမ်တွင် လက်ရှိ ရေကြီးနေသည့်ဖြစ်စဉ်ဟုဆိုထားသည့် ဓာတ်ပုံများပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 19 အောက်တိုဘာ 2020 အချိန် 22h15
- အပ်ဒိတ်ရက်စွဲ 20 အောက်တိုဘာ 2020 အချိန် 10h13
- ဖတ်ရန် ကြာချိန် 1 မိနစ်
- Louis BAUDOIN-LAARMAN, AFP မြန်မာ
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တုန်းက ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၈၄ ကြိမ် ရှိခဲ့ပါတယ်။
ပို့စ်ပါ စာသားတချို့ကတော့ အခုလိုဖြစ်ပါတယ်။ “သဘာဝဘေးတွေ
ဗီယက်နမ်နိုင်ငံတွင် ရေကြီးမှုဒဏ်ကြုံနေရပြီး ဒေသအတွင်းက
နေအိမ်များ၊ဝက်မွေးမြူ ရေးခြံများရေဘေးသင့်ဒဏ် ခံစားနေရပုံ” (မူရင်းအတိုင်း)
တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ အလားတူဓာတ်ပုံတွေကို ဒီလင့်ခ်မှာလည်း ပြန်လည်မျှဝေခဲ့ပါတယ်။
ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။
နားလည်မှုလွဲစေနိုင်တဲ့ပို့စ်တွေမှာ ဓာတ်ပုံ ၅ ပုံ ပါဝင်ပြီး အဲဒီအထဲက ပထမပုံနဲ့ ဒုတိယပုံဟာ ဗီယက်နမ်နိုင်ငံ Thanh Hoa ပြည်နယ်၊ ကျေးလက်ခရိုင်တစ်ခုဖြစ်တဲ့ Yen Dinh မှာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလတုန်းက အပူပိုင်းလေဖိအားနည်းရပ်ဝန်းကြောင့် မုန်တိုင်းဝင်ရောက်ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တာပါ။ အဲဒီဓာတ်ပုံကို Thanh Hoa ပြည်နယ်မှာ နေထိုင်သူတွေအတွက်ဖွဲ့ထားတဲ့ Facebook group တစ်ခုရဲ့ ဒီလင့်ခ်မှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တုန်းက ပထမဆုံး တင်ထားတာဖြစ်ပါတယ်။
နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာပါဝင်တဲ့တတိယမြောက်ဓာတ်ပုံကိုတော့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် (Bangkok Post) ဝက်ဘ်ဆိုဒ်ရဲ့ ၂၀၁၆ ခုနှစ် တရုတ်နိုင်ငံက ရေကြီးမှုဖြစ်စဉ်အကြောင်းသတင်းတစ်ပုဒ်မှာ တွေ့ရပါတယ်။
ဓာတ်ပုံအောက်မှာရေးထိုးထားတဲ့ပုံစာကတော့ အခုလိုပဲဖြစ်ပါတယ်။ “တရုတ်နိုင်ငံ၊ အန်းဟွေးပြည်နယ်၊ လျူအန်းမြို့တွင် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနှင့် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာစည်းမျဉ်းများကြောင့် မိမိကိုယ်တိုင်ရေဘေးလွတ်ရာသို့မသွားမီ ဝက်များကို မရွှေ့ပြောင်းနိုင်သည့်အတွက် ရေကြီးနေသည့် ဝက်ခြံကို ဖြတ်လျှောက်ရင်း မျက်ရည်သုတ်နေသော ခြံလုပ်သားတစ်ဦးကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ ရိုက်တာ)”
မကြာသေးခင်က ဗီယက်နမ်နိုင်ငံမှာ ရေကြီးမှုဖြစ်စဉ်ကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပြီး ဒီအကြောင်းရေးထားတဲ့ AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်