This photo taken on July 7, 2017 shows migrant workers crossing the border between Thailand and Myanmar in a boat in Moei River near Mae Sot, Tak province in northern Thailand. - With only meagre belongings stuffed into backpacks and duffel bags, tens of thousands of Myanmar migrants have streamed home across the Thai border over the past two weeks. But it is not a joyous homecoming for the truckloads of men and women, who fled Thailand in fear of a new law that hardens penalties on the millions of undocumented migrant workers underpinning its economy. (Photo by Ye Aung THU / AFP) / TO GO WITH Myanmar-Thailand-economy, FOCUS by Phyo Hein KYAW and Marion THIBAUT (AFP / Ye Aung Thu)

ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင်ဝင်ရောက်သူတွေကို ထိုင်းအစိုးရကပစ်မိန့်ပေးထားတယ်ဆိုတဲ့သတင်းမှားပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်လာတဲ့အတွက် ထိုင်းနိုင်ငံထဲ တရားမဝင်ဝင်ရောက်တဲ့မြန်မာတွေကို ထိုင်းအစိုးရက ပစ်မိန့်ပေးလိုက်ပြီဆိုတဲ့ပြောဆိုမှုနဲ့အတူ ဓာတ်ပုံလေးပုံနဲ့ ဗီဒီယိုဖိုင်တစ်ခုကို Facebook ပေါ်က ပို့စ်ပေါင်းများစွာမှာ အကြိမ်ရေထောင်နဲ့ချီ ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ မှားယွင်းနေပြီး နားလည်မှုလွဲမှားစေတဲ့ပို့စ်တွေမှာ ထည့်သွင်းဖော်ပြထားတဲ့လင့်ခ်ပါဗီဒီယိုဟာ ထိုင်းတပ်မတော်သားတစ်ဦးကိုယ်တိုင် Facebook ပေါ်မှာ တိုက်ရိုက်လွှင့်ထားတဲ့ (Facebook Livestream) ဗီဒီယိုတစ်ခုပါ။ အဲဒီဗီဒီယိုမှာတော့ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ တရားမဝင်လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်အကြောင်း ထိုင်းစစ်ဘက်အရာရှိတစ်ဦးက ဆွေးနွေးပြောပြနေတာ တွေ့ရပါတယ်။ ထိုင်းအစိုးရပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကလည်း ထိုင်းအစိုးရဘက်က ဒီလိုထုတ်ပြန်ထားတာမျိုးမရှိဘူးလို့  AFP ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှာ ပြောပါတယ်။ 

ဓာတ်ပုံတွေနဲ့အတူ ဗီဒီယိုဖိုင်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၄၀၀ ကျော် ရှိနေတာပါ။

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲမှားစေတဲ့ပို့စ်ရဲ့ screenshot


နားလည်မှုလွဲစေတဲ့ပို့စ်ပါစာသားတချို့ကတော့ အခုလိုဖြစ်ပါတယ်။ 

“ထိုင်းအစိုးက စစ်တပ်အား ပစ်မိန့်ပေးပြီ/// 28.8.20(9:00)am/// မြန်မာနိုင်ငံ တွင် ကိုးဗစ် ရောဂါ ပိုးတွေ့၊ လူဦးရေ စံချိန်တင် မြင့်တတ် လာမူ့သတင်း တတ်လာပြီးနောက် မြန်မာနိုင်ငံ နှင့် အနီးဆုံး နယ်စပ် အိမ်နီးချင်း ထိုင်းနိင်ငံသည် အထူးကြောက်ရွံ့ပြီး ထိုင်း မြန်မာ နယ်စပ် ဂိတ် ပေါက် အားလုံးမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်လာသူမှန်သမျှ ပစ်ခွင့် ရှိသည်ဟု ထိုင်း အစိုးရက စစ်တပ်အား အာဏာပေးလိုက်သည်” (မူရင်းတင်သူ၏ သတ်ပုံအတိုင်း) 

တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ အလားတူဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေအပြင် ဝက်ဘ်ဆိုဒ်တွေရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်၊ YouTube ရဲ့ ဒီလင့်ခ်တွေမှာ တင်ထားတာ တွေ့ရပါတယ်။

ဒါပေမယ့် ဒါဟာ မှားယွင်းနေတာပါ။

နားလည်မှုလွဲမှားစေတဲ့ပို့စ်တွေမှာပါဝင်တဲ့ဗီဒီယိုဟာ Facebook မှာ Follower ၈၀,၀၀၀ ကျော်ရှိနေတဲ့ Aek Kriangsak ဆိုတဲ့ ထိုင်းတပ်မတော်သားတစ်ဦးက ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့၊ မနက် ၈ နာရီ ၁၉ မိနစ်တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တိုက်ရိုက် Live လွှင့်ပြီး တင်ထားတာဖြစ်ပါတယ်။ 

ဒီ live ဗီဒီယိုထွက်ပေါ်ပြီး နာရီပိုင်းအကြာမှာ နားလည်မှုလွဲမှားစေတဲ့ပို့စ်တွေ စတင်ပျံ့နှံ့လာတာဖြစ်ပါတယ်။ ဥပမာအားဖြင့် နေ့လယ် ၁၂ နာရီ ၂၃ မိနစ်တုန်းက ဒီလင့်ခ်မှာတွေ့ရတဲ့ ပို့စ်မျိုးပါ။ 

မူရင်း live ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့ စာသားကတော့ အခုလိုဖြစ်ပါတယ်။ “တရားမဝင်လူမှောင်ခိုကူးမှုကို ကြိုတင်တားဆီးရန် ထိုင်း-မြန်မာနယ်စပ်ကို မဲဆောက်ခရိုင်လုံခြုံရေးဌာနက စစ်ဆေးနေ” 

ဗီဒီယိုထဲက ထိုင်းစစ်တပ်အရာရှိပြောထားတဲ့စကားတချို့ကတော့ အခုလိုဖြစ်ပါတယ်။ “အခုပဲ ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးက ထိုင်းတပ်မတော်ကို အမိန့်ပေးလိုက်ပါပြီ။ တရားမဝင်လူမှောင်ခိုကူးတာတွေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ စီမံအုပ်ချုပ်ရေးပိုင်းကို အဆင့်မြှင့်တင်ပြီး၊ စစ်ဘက်၊ ရဲဘက်၊ တရားရေးနဲ့ နယ်စပ်ရဲ စတဲ့အဖွဲ့အစည်းတွေကို ဖိဖိစီးစီးစုံစမ်းစစ်ဆေးရပါမယ်တဲ့” 

ဒါပေမယ့် အဲဒီအရာရှိရဲ့ ပြောစကားထဲမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာတွေကို ပစ်ခတ်ဖို့အကြောင်းတော့ မပါဝင်ပါဘူး။

ဒီဗီဒီယိုကတော့ တရားမဝင်လူမှောင်ခိုကူးမှုနဲ့ပတ်သက်ပြီး ထိုင်းစစ်တပ်က နယ်စပ်မှာစုံစမ်းစစ်ဆေးမှုတွေလုပ်နေတုန်း ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာ မဲဆောက်မြို့၊ အမှတ် (၁) ထိုင်းမြန်မာချစ်ကြည်ရေးတံတားပေါ်ကနေ Facebook live stream (Facebook ကနေ တိုက်ရိုက်) လွှင့်ခဲ့တာဖြစ်တယ်လို့ Aek Kriangsak က AFP ကို Facebook မက်ဆင်ဂျာကနေ ဖြေကြားခဲ့ပါတယ်။ 

“လက်နက်တွေပါတာကတော့ စစ်ဝတ်စုံရဲ့ အစိတ်အပိုင်းအနေနဲ့ပါ။ ဒါပေမယ့် ဘယ်လိုအကြမ်းဖက်မှုမျိုးမှ မရှိပါဘူး။ အကြမ်းဖက်တယ်ဆိုတာ တရားမှမဝင်တာလေ။ မြန်မာနဲ့ထိုင်းနိုင်ငံကြားဆက်ဆံရေးက ကောင်းပြီးသားပါ” လို့ Aek Kriangsak က ဖြေပါတယ်။ 

မူရင်းတင်ထားတဲ့ဗီဒီယိုကို အောက်မှာ ဖော်ပြပေးထားပါတယ်။ 

နားလည်မှုလွဲမှားစေတဲ့ပို့စ်တွေမှာသုံးထားတဲ့ဓာတ်ပုံတွေဟာ မူလက Aek Kriangsak ရဲ့ Facebook မှာတင်ထားတာ ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။

နားလည်မှုလွဲမှားစေတဲ့ပို့စ်တွေမှာသုံးထားတဲ့ဓာတ်ပုံတွေဟာ မူလက Aek Kriangsak ရဲ့ Facebook မှာတင်ထားတာ ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။

- ထိုင်းအစိုးရက ငြင်းချက်ထုတ် - 

နားလည်မှုလွဲစေတဲ့သတင်းတွေ ပျံ့နှံ့နေတာနဲ့ပတ်သက်ပြီး AFP က ဆက်သွယ်မေးမြန်းတဲ့အခါ ဒီသတင်းတွေဟာ “မမှန်ကန်ဘူး” လို့ ထိုင်းအစိုးရပြောခွင့်ရပုဂ္ဂိုလ် Anucha Burapachaisri က ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှာ ဖုန်းကနေတစ်ဆင့် ဖြေကြားခဲ့ပါတယ်။ 

“ဒီသတင်းတွေက အမှန်မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဒုတိယအကျော့ COVID-19 ဖြစ်လာလို့ လူတွေ စိတ်မပူရအောင် ကျွန်တော်တို့က ထိန်းချုပ်မှုတွေကို ပိုပြီးကြပ်ကြပ်တည်းတည်းလုပ်ထားတဲ့သဘောပါ။ အထူးသဖြင့် နယ်စပ်မှာအလုပ်လုပ်နေသူတွေအတွက်ရည်ရွယ်တာပါ။ ဒါပေမယ့် ဘယ်လိုမျိုး အကြမ်းဖက်မှုမျိုးမှမရှိတာတော့ သေချာပါတယ်”