လူနဲ့တူတဲ့ထူးဆန်းတဲ့သတ္တဝါ မန္တလေးမှာတွေ့တယ်ဆိုတဲ့ အချက်အလက်မှားဓာတ်ပုံပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

တိရစ္ဆာန်ကိုယ်နဲ့လူမျက်နှာပါဝင်တဲ့သတ္တဝါတစ်ကောင်ကို မန္တလေးမြို့ ဆင်ခြေဖုံးတစ်နေရာမှာ တွေ့ရတယ်ဆိုတဲ့ ပြောဆိုမှုနဲ့အတူ ထူးဆန်းတဲ့သတ္တဝါတစ်ကောင်ပုံကို လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ဘလော့ဂ်ပို့စ်တွေမှာ အကြိမ်ပေါင်းများစွာ မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ တကယ်တမ်း ပုံတွေမှာမြင်ရတာ အီတလီပန်းပုပညာရှင်တစ်ဦးက ရော်ဘာတု သို့မဟုတ် ဆီလီကွန်နဲ့ဖန်တီးထားတဲ့ အနုပညာလက်ရာတစ်ခုသာဖြစ်ပြီး တကယ့်တိရစ္ဆာန်အစစ် မဟုတ်ပါဘူး။

ထူးဆန်းတဲ့သတ္တဝါပုံတွေပါဝင်တဲ့ ပို့စ်တွေကို ပြန်လည်မျှဝေမှု အကြိမ်ရေ ရာဂဏန်းဝန်းကျင်ရှိပြီး ဥပမာအားဖြင့် ၂၀၂၂ ခုနှစ်၊ မေလ ၁၁ ရက်နေ့က Facebook ဒီလင့်ခ်မှာ တင်ထားတဲ့ ပို့စ်မျိုးဖြစ်ပါတယ်။

သတိပေးချက်

နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်က ရယူထားတဲ့ screenshot


Facebook လင့်ခ်ထဲက ဘလော့ဂ်ပို့စ်ပါ စာသားအချို့က အခုလိုဖြစ်ပါတယ်။

“မန္တလေးမြို့ဆင်ခြေဖုန်ူးတနေရာတွင် ထူးဆန်းသောလူနှင့်တူသောသတ္တဝါတကောင်တွေရှိ
မန္တလေးမြို့ဆင်ခြေဖုန်ူးတနေရာတွင် ထူးဆန်းသောလူနှင့်တူသောသတ္တဝါတကောင်တွေ့ရှိ
အီးတီလိုလို လူလိုလိုနဲ့ ထူးဆန်းတဲ့ အကောင်တကောင်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်
မျက်လုံးပြာပြာကြီး လက်သည်းရှည်ကြီးတွေလဲပါရှိပါတယ်
ပုံစံကြီးကကြောက်စရာကြီးပါ” (မူရင်းအတိုင်း)

တူညီတဲ့ပုံတွေနဲ့ အလားတူပြောဆိုမှုတွေပါဝင်တဲ့ပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်အပြင် ဘလော့ဂ်ပို့စ်တွေရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံတွေကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်က အီတလီပန်းပုပညာရှင် Laira Maganuco ရဲ့ Facebook ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။

ဓာတ်ပုံတွေကိုတော့ အခုလိုအညွှန်းရေးထားပါတယ်။ “ဆီလီကွန်နဲ့ ဖန်တီးထားတဲ့ လူတူသင်းခွေချပ်”

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်တွေက ပုံရိပ် (ဘယ်) နဲ့ Maganuco ရဲ့ Facebook မှာ တင်ထားတဲ့ ဓာတ်ပုံတွေ (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ screenshot ဖြစ်ပါတယ်။

သတိပေးချက်

နားလည်မှုလွဲစေတဲ့ပို့စ်တွေက ပုံရိပ် (ဘယ်) နဲ့ Maganuco ရဲ့ Facebook မှာ တင်ထားတဲ့ ဓာတ်ပုံတွေ (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ screenshot


ဆက်လက်ပြီး ရှာဖွေမှုတွေလုပ်တဲ့အခါမှာ ထပ်တူထပ်မျှတူတဲ့ ဆီလီကွန်ပန်းပုရုပ်ကို အမေရိကန် အွန်လိုင်းရောင်းဝယ်ရေးဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Etsy.com ဒီလင့်ခ်မှာတင်ပြီး ရောင်းချနေတာ တွေ့ရပါတယ်။

Google မှာ အဓိကစကားလုံးပေါင်းများစွာသုံးပြီး ရှာဖွေပေမယ့် မန္တလေးမြို့ဆင်ခြေဖုံးတစ်နေရာမှာ လူပုံစံတူ ထူးဆန်းတဲ့သတ္တဝါတွေ့ရှိတယ်ဆိုတဲ့အကြောင်း ရေးသားထားတဲ့ ယုံကြည်လောက်စရာသတင်းမျိုး မတွေ့ရှိရပါဘူး။

ဒီလိုနားလည်မှုလွဲစေတဲ့ပို့စ်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ပျံ့နှံ့ခဲ့ပြီး AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ဖော်ထုတ် ခဲ့ပါတယ်။