
ဒန်ဒလိုင်ယွန်ခေါ် ဒုဓလီပန်းက ကင်ဆာပျောက်ကင်းနိုင်တယ်ဆိုတဲ့အချက်ကို ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေ ငြင်းဆို
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 03 အောက်တိုဘာ 2023 အချိန် 09h43
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
တူညီတဲ့ပြောဆိုမှုနဲ့အတူ ပို့စ်တွေကို ၂၀၁၇ ခုနှစ်ကတည်းက ဒီလင့်ခ်မှာ စတင်မျှဝေနေကြတာဖြစ်ပြီး လက်ရှိအချိန်အထိလည်း ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဆက်လက်မျှဝေနေကြဆဲဖြစ်ပါတယ်။
ဒါပေမဲ့ ဒီပို့စ်တွေဟာ နားလည်မှုလွဲစေပါတယ်။ ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေကတော့ ဒန်ဒလိုင်ယွန်တွေဟာ ဘယ်လိုကင်ဆာမျိုးကိုမှ ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
“ကင်ဆာရောဂါတွေကို ကုသဖို့ အသုံးပြုနိုင်တဲ့ အရာ၀တ္တုမျိုး ကမ္ဘာပေါ်မှာ ရှာမတွေ့သေးပါဘူး” လို့ တောင်ကိုရီးယားနိုင်ငံတော်ကင်ဆာဆင်တာက ပါမောက္ခ Myung Seung-kwon က AFP ကို ပြောပါတယ် (Archived link)။
“ကင်ဆာကို တရားဝင်အတည်ပြုထားတဲ့ ကုထုံးတွေနဲ့ပဲ ကုသလေ့ရှိပါတယ်။ ဒီကုထုံးတွေမှာ ခီမိုဆေးသွင်းခြင်း၊ ခွဲစိတ်ခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း စတာတွေ ပါဝင်ပါတယ်”
ဒန်ဒလိုင်ယွန်အမြစ်ကို ကင်ဆာပျောက်တယ်ဆိုပြီး ပြောဆိုမှုဟာ ရိုးရာဆေးနည်းတိုတွေအသုံးပြုပြီး ကုသမှုတွေနဲ့ဆင်တူပြီး စနစ်တကျ စမ်းသပ်စစ်ဆေးမှုတွေ မလုပ်ရသေးတဲ့အတွက် မှားယွင်းဖို့ဖြစ်နိုင်ချေအများဆုံးပဲလို့ ၎င်းက ထပ်လောင်း ပြောဆိုထားပါတယ်။
“ကင်ဆာကိုထိရောက်စွာ ကုသနိုင်ကြောင်း ဒြပ်ပစ္စည်းတစ်ခုကို သက်သေထူဖို့အတွက်ဆိုရင် ဓာတ်ခွဲခန်းထဲမှာ လေ့လာစမ်းသပ်မှုတွေ၊ တိရစ္ဆာန်တွေနဲ့ လေ့လာဆန်းသပ်မှုတွေအပြင် လူပေါင်း ထောင်နဲ့ချီပါဝင်တဲ့ လူသားနဲ့ စမ်းသပ်စစ်ဆေးမှုပေါင်း မြောက်မြားစွာ ပြုလုပ်ဖို့လိုပါတယ်” လို့ ပါမောက္ခ Myung Seung-kwon က ဆိုပါတယ်။
လုံလောက်တဲ့ အထောက်အထားမရှိ
၂၀၁၃ ခုနှစ်တုန်းက ကနေဒါဝင်ဆာဒေသန္တရဆေးရုံမှာ ဒေါက်တာ Caroline Hamm အပါအဝင် သုသေသီများစွာ ပြုစုထုတ်ပြန်ခဲ့ကြတဲ့ လေ့လာမှုတစ်ခုအရ monocytic leukaemia ခေါ် သွေးနဲ့ ရိုးတွင်းခြင်ဆီမှာ ဖြစ်တတ်တဲ့ သွေးကင်ဆာတစ်မျိုးသာလျှင် ဒန်ဒလိုင်ယွန်အမြစ်လက်ဖက်ရည်နဲ့ အဆင်ပြေတယ်လို့ ဆိုပါတယ် (Archived links here and here)။
အမေရိကန် Haematology အဖွဲ့အစည်း (American Society of Maematology) က ထုတ်ဝေတဲ့ ဂျာနယ်တစ်စောင်ဖြစ်တဲ့ Blood မှာ ဒီလေ့လာတွေ့ရှိချက်ကို ဖော်ပြထားတာဖြစ်ပြီး လူနာတစ်ဦးဟာ ဒန်ဒလိုင်ယွန်အမြစ်လက်ဖက်ရည်ကို သောက်သုံးနေတဲ့လေးနှစ်တာကာလအတွင်း ရောဂါသက်သာလာတယ်လို့ ကိုးကားဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒီရောဂါတစ်မျိုးကလွဲရင် တခြားကင်ဆာရောဂါတွေမှာ ထူးခြားမှုမရှိကြောင်းနဲ့ ကင်ဆာလူနာအများစုအတွက် ဘယ်လိုမှ သိသာမှုမရှိကြောင်း Hamm က AFP ကို ပြောပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံး ကင်ဆာကုသရေးစင်တာတစ်ခုဖြစ်တဲ့ The Memorial Sloan Kettering Cancer Center ရဲ့ ဝဘ်ဆိုဒ် မှာ အခုလိုဖော်ပြပါတယ် (Archived link)။
“ဒန်ဒလိုင်ယွန်မှာ ကင်ဆာရောဂါကို ကုသနိုင်တယ် သို့မဟုတ် ကြိုတင်ကာကွယ်နိုင်တယ်ဆိုတဲ့ အချက်အလက်အထောက်အထား မတွေ့ရှိရပါ။ ဒန်ဒလိုင်ယွန်တွင် ကင်ဆာဆဲလ်အမျိုးမျိုးကို ချေဖျက်နိုင်သည့် ဂုဏ်သတ္တိများ တွေ့ရှိရသော်လည်း လူသားများတွင် လေ့လာစမ်းသပ်ရခြင်း မရှိသေးပါ”
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်