
၂၀၁၉ ခုနှစ် ချီလီနိုင်ငံ နေကြတ်မှုဗီဒီယိုအဟောင်းကို ၂၀၂၄ ခုနှစ် နေကြတ်ခြင်းအဖြစ် မှားယွင်း မျှဝေ
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 26 ဧပြီ 2024 အချိန် 03h54
- ဖတ်ရန် ကြာချိန် 2 မိနစ်
- Harshana SILVA, AFP သီရိလင်္ကာ, AFP မက်ဆီကို, AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဗီဒီယိုကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၈ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေခဲ့တာဖြစ်ပြီး အကြိမ်ရေ ၄၅၀,၀၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။
ပို့စ်မှာ "တောင်အမေရိကတွင် နေကြတ်ခြင်း"(မူရင်းအတိုင်း) ဆိုပြီး ရေးသားထားပါတယ်။
စာသားနဲ့အတူ "#solarecipse #usa" ဆိုပြီး တွဲဖက်ဖော်ပြခဲ့တဲ့အတွက် မကြာသေးခင်က အမေရိကန်အပါအဝင် မြောက်အမေရိကနိုင်ငံတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ နေအပြည့်အဝကြတ်မှုအဖြစ် ထင်ယောင်ထင်မှားဖြစ်စေခဲ့ပါတယ်။
လရဲ့အရိပ်ကြောင့် ကမ်းခြေမှာ အမှောင်ကျသွားတာနဲ့တပြိုင်နက် အောင်ပွဲခံနေကြတဲ့လူတွေကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
ဧပြီလ ၈ ရက်က နေကြတ်မှုကို မက္ကစီကို ပစိဖိတ်ကမ်းခြေကနေ Texas ၊ Arkansas ၊ Niagra Falls ၊ New England နဲ့ ကနေဒါအရှေ့ပိုင်းဒေသတွေက သန်းဆယ်ချီတဲ့လူတွေမြင်တွေ့ခဲ့ရပြီးနောက် အခုလို ဗီဒီယိုပျံ့နှံ့လာခဲ့တာပါ။ (archived link)

တူညီတဲ့ပြောဆိုမှုနဲ့အတူ ဗီဒီယိုကို ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့ကြပါတယ်။
ဒါ့အပြင် မလေးရှား၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေမှာလည်း အလားတူဗီဒီယို ပျံ့နှံ့ခဲ့ပါတယ်။
ချီလီက နေကြတ်မှု
ဒါပေမဲ့ ဗီဒီယိုရဲ့ ရာဇဝင်ကို ရှာကြည့်တဲ့အခါ ချီလီနိုင်ငံမှာ ရိုက်ကူးခဲ့တယ်လို့ဖော်ပြထားတဲ့ ဗီဒီယိုတစ်ခုကို Twitter လို့ အရင်ကခေါ်ကြတဲ့ X ပေါ်မှာ မျှဝေခဲ့တာ တွေ့ရပါတယ်။ (archived link)
"ချီလီ" "ကမ်းခြေ" "နေကြတ်ခြင်း" စတဲ့ အဓိကကျတဲ့စကားလုံးတွေကို အသုံးပြုပြီး စပိန်ဘာသာစကားနဲ့ Google ပေါ် ရှာဖွေကြည့်တဲ့အခါ ဒီ YouTube ဗီဒီယိုကို ချီလီနိုင်ငံရဲ့ မြို့တော် ဆန်တီယာဂိုကနေ မြောက်ဘက် ၅ နာရီလောက် ကားမောင်းရင် ရောက်နိုင်တဲ့ La Serena ကမ်းခြေမြို့မှာ ရိုက်ကူးခဲ့တာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ (archived link)
လက်တင်အမေရိကတောင်ပိုင်း ကမ်းခြေတစ်လျှောက် အမှောင်ကျပြီး နေအပြည့်ကြတ်တာကိုမြင်တွေ့ခဲ့ရပြီး နှစ်ရက်ကြာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်မှာ ဗီဒီယိုကို YouTube မှာ မျှဝေခဲ့တာဖြစ်ပါတယ်။
အဲဒီလိုရှားပါးတဲ့နေကြတ်မှုကြောင့် ချီလီနဲ့ အာဂျင်တီးနား ဒေသတော်တော်များများမှာ ခဏတာ အမှောင်ကျရောက်သွားခဲ့ပါတယ်။ (archived link)
"နေကြတ်ခြင်း" "La Serena" စတဲ့ အဓိကစကားလုံးတွေကို အသုံးပြုပြီး Facebook ပေါ်ရှာဖွေကြည့်တဲ့အခါ ၂၀၂၄ ခုနှစ်၊ ဧပြီလထဲ မြောက်အမေရိကမှာ ရိုက်ကူးခဲ့တယ်လို့ မှားယွင်းပြောဆိုထားတဲ့ ဗီဒီယိုနဲ့ ထပ်တူညီတဲ့ ဗီဒီယိုတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ (archived link)
YouTube ဗီဒီယိုထဲက ထင်ရှားတဲ့အမှတ်အသားတွေကို အဲဒီကမ်းခြေရဲ့ Google Maps မြင်ကွင်းတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ဗီဒီယိုကို La Serena မြို့က El Faro ကမ်းခြေမှာ ရိုက်ကူးခဲ့တာဖြစ်ကြောင်း AFP က အတည်ပြုခဲ့ပါတယ်။ (archived link)
ဗီဒီယိုမှာ La Serena မြို့က အထင်ကရခရီးသွားဆွဲဆောင်မှုဖြစ်တဲ့ အဖြူရောင်မီးပြတိုက်အဆောက်အအုံကို မြင်တွေ့ရပါတယ်။

ဗီဒီယိုထဲမြင်တွေ့ရတဲ့ လူနေတိုက်ခန်းတွေဟာ ကမ်းခြေအနီးမှာရှိတဲ့ Avenida del Mar လမ်းမရဲ့ Google Street View ဓာတ်ပုံတွေနဲ့လည်း ကိုက်ညီပါတယ်။

တူညီတဲ့ဗီဒီယိုကို ခရစ်တော်မွေးဖွားရာနေရာကို လမ်းညွှန်ပေးတဲ့ကြယ်လို့ သမ္မာကျမ်းစာအရ ယူဆကြတဲ့ “ဗက်လင်ကြယ်” ထွန်းပေါ်မှု အဖြစ် မှားယွင်းမျှဝေခဲ့ကြတဲ့ Facebok ပို့စ်တွေကိုလည်း AFP က ဒီလင့်ခ်မှာ အချက်အလက် စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်