ကန်သာယာဆေးရုံမီးလောင်တာလို့ဆိုထားတဲ့ ဓာတ်ပုံမှား

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၁ ခုနှစ်၊ မတ်လတုန်းက ရန်ကုန်မြို့မှာရှိတဲ့ ကန်သာယာဆေးရုံမီးလောင်တယ်လို့ဆိုထားတဲ့ဓာတ်ပုံတစ်ပုံကို Facebook ပေါ်က ပို့စ်ပေါင်းများစွာမှာ အကြိမ်ရေထောင်နဲ့ချီ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပြီး ဓာတ်ပုံမှာမြင်ရတာဟာ ၂၀၂၀ ပြည့်နှစ်၊ မေလမှာ ဖိလစ်ပိုင်နိုင်ငံက ရှော့ပင်းမောလ်တစ်ခု မီးလောင်တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့တုန်းက ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၈၁၀၀ ကျော် ရှိခဲ့ပါတယ်။

ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာသားတွေက အခုလိုဖြစ်ပါတယ်။ 

“မင်းအောင်လှိုင်သားပိုင်တဲ့
ကန်သာယာဆေးရုံ မီးလောင်
အတည်ပြုပေးကြပါဦး
ဝမ်းသာလွန်းလို့တင်လိုက်ရတာ😅😅” (မူရင်းသတ်ပုံအတိုင်း)

နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ရယူထားတဲ့ screenshot

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းယူမှုကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ ဒီပို့စ်တွေ ပျံ့နှံ့လာတာဖြစ်ပါတယ်။ အဲဒီအကြောင်း AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တဲ့ ကန်သာယာဆေးရုံဟာ စစ်တပ်နဲ့ ဆက်စပ်မှုရှိနေတယ်လို့ တက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေက ဝေဖန်ထားကြပါတယ်။

ဥပမာအားဖြင့် Justice for Myanmar အဖွဲ့ကလည်း ဒီဆေးရုံကို “မြန်မာ့စီးပွားရေးဦးပိုင်ကော်ပိုရေးရှင်း” လက်အောက်ခံ စီးပွားဖြစ်ပုဂ္ဂလိကလုပ်ငန်းတစ်ခု” လို့ ဖော်ပြထားပါတယ်။

အဆောက်အအုံမီးလောင်နေတဲ့ဓာတ်ပုံကို တူညီတဲ့ပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်အပြင် TikTok ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၂၀ ပြည့်နှစ်တုန်းက ဖိလစ်ပိုင်နိုင်ငံက ရှော့ပင်းမောလ်တစ်ခု မီးလောင်ချိန်မှာ ရိုက်ကူးထားတဲ့ဓာတ်ပုံဖြစ်နေတာ တွေ့ရပါတယ်။

အဲဒီအကြောင်း သတင်းဗီဒီယိုကို the Philippine Star သတင်းစာက ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၅ ရက်နေ့တုန်းက ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။ သတင်းကတော့ Cebu မြို့မှာရှိတဲ့ SM City Cebu မီးလောင်တဲ့အကြောင်းပဲဖြစ်ပါတယ်။

ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာသားက အခုလိုပါ။ 

“SM City Cebu တွင် မီးလောင်"

"SM City Cebu ၏ ငါးလွှာရှိ ကားပါကင်တွင် သောကြာနေ့မနက်က မီးလောင်ကျွမ်းခဲ့သည်။ မီးလောင်ကျွမ်းမှုမှာ တတိယအဆင့်ထိရောက်ရှိခဲ့သော်လည်း အချိန်မီပြန်လည် ငြိမ်းသတ်နိုင်ခဲ့သည်။/The Freeman (Video ရိုက်ကူးသူ Jas Mar Miculob)”

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ the Philippine Star ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။