This picture taken on December 18, 2018 shows Myanmar youths browsing their Facebook page at an internet shop in Yangon. (AFP / Sai Aung Main)

မက်ဆင်ဂျာဝန်ဆောင်မှုကို ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ Facebook ပြော

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

မက်ဆင်ဂျာ ဝန်ဆောင်မှုကို ဖျက်သိမ်းတော့မယ်လို့ Facebook ရဲ့ အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်က ပြောထားတယ် ဆိုတဲ့ပို့စ်တစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေ ထောင်ချီ မျှဝေခဲ့ကြပါတယ်။ အဲဒီအဆိုဟာ မှားယွင်းပါတယ်။ အဲဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဇူကာဘတ်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားတဲ့ အထောက်အထား မရှိသလို၊ Facebook ကလည်း မက်ဆင်ဂျာကို ပိတ်သိမ်းမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အဲဒီပို့စ်ကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က တင်ထားတာ ဖြစ်ပြီး၊ ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၁,၈၀၀ ကျော် ရှိပါတယ်။

A screenshot of the misleading Facebook post

ပို့စ်ရဲ့ ခေါင်းစဉ်မှာ “မကြာမီအချိန်တွင် Facebook မှ messenger ကို ဖျက်သိမ်းတော့မည်ဟုCEO ဖြစ်သူ Mark Zuckerberg ပြော”(မူရင်းသတ်ပုံ)လို့ ရေးထားပါတယ်။

“ယခုလို COVID-19 ကာလအတွင်း သမီးရည်းစားအတွဲများသည် Messenger ကို  အသုံးပြုများလာကြောင်း ၊ Video chatting များလည်း  များလာကြောင်း၊ ထို့ပြင် ၎င်းတို့စုံတွဲများ ro နေကြခြင်းကို Screen Shot များရိုက်၍ Facebook တွင် ပြန်လည်မျှဝေနေခြင်းများလည်းရှိကြောင်း။ ထိုအချင်းအရာမှာ တစ်ကမ္ဘာလုံးကပ်ဆိုက်နေသည်ကို မထီမဲ့မြင်ပြုရာကျပြီး ပြည်သူလူထုကို ဒုက္ခပေးနေခြင်းပင် ဖြစ်ကြောင်း  Zuckerberg က ပြောလိုက်သည်။  ထို့ကြောင့် World Single Association ၏  တောင်းဆိုချက်အရ များမကြာမီ Messenger ကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း”(မူရင်းသတ်ပုံ) ဆိုပြီး ဆက်လက် ရေးထားပါတယ်။

အလားတူပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်မျှဝေထားကြပါတယ်။

ဒါပေမဲ့ အဲဒီအဆိုဟာ မှားယွင်းပါတယ်။

ဇူကာဘတ် Facebook အကောင့်နဲ့ Facebook ရဲ့ သတင်းထုတ်ပြန်ချက်တွေကို ရှာဖွေကြည့်တဲ့အခါ မက်ဆင်ဂျာကို ဖျက်သိမ်းမယ်ဆိုတဲ့ ပြောဆိုချက်မျိုး မတွေ့ရပါဘူး။

Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ မက်ဆင်ဂျာကို ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ AFP ကို ပြောဆိုထားပါတယ်။

“ကမ္ဘာတစ်ဝန်းမှာ မက်ဆင်ဂျာ အသုံးပြုသူ တစ်ဘီလီယံကျော်ရှိပြီး၊ ပိုမိုနီးနီးကပ်ကပ် ဆက်သွယ်နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာနည်းလမ်းတစ်ခုဖြစ်လာဖို့ ရည်ရွယ်ပါတယ်။ မိတ်ဆွေ အချင်းချင်း ဆက်သွယ်ဖို့ တင်မကဘဲ၊ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေ၊ တီထွင်ထုတ်လုပ်သူတွေ၊ ကုန်ပစ္စည်းအသုံးပြုသူ(စားသုံးသူ)တွေနဲ့ သူတို့နှစ်သက်တဲ့အရာတွေအကြား ဆက်သွယ်နိုင်တဲ့ အောင်မြင်နေတဲ့ ဆက်သွယ်ရေးချန်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ အဖွဲ့အနေနဲ့ အရေးပါသူတွေအချင်းချင်း ဆက်သွယ်တဲ့နေရာမှာ ဘေးကင်း၊ လုံခြုံ၊ စိတ်ချရတဲ့နေရာတစ်ခု ဖြစ်လာအောင် ဆောင်ရွက်ဖို့ ကတိကဝတ်ပြုထားကြပါတယ်။ အဲဒီကတိကဝတ်ကလည်း မပြောင်းလဲဘဲ ရှိနေပါတယ်” လို့ Facebook ပြောရေးဆိုခွင့်ရှိသူက ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှာ AFP ကို အီးမေးလ်ကနေ ဖြေကြားခဲ့ပါတယ်။