မြန်မာ့တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရသည်ဟူသော သတင်းမှားများပြန့်နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 16 ဇွန် 2020 အချိန် 10h00
- အပ်ဒိတ်ရက်စွဲ 18 ဇွန် 2020 အချိန် 14h50
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP မြန်မာ
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဒီဗီဒီယိုကို ဖေ့ဘွတ်ခ်ပေါ် မှာတင်တဲ့ ၂၀၂၀ ခုနှစ် မေလ ၉ ရက်နေ့ကတည်းက စလို့ အကြိမ်ရေ ၁၂,၀၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။
၂၅ စက္ကန့်ကြာတဲ့ ဗီဒီယိုမှာ တောင်ကားလမ်းတစ်လျှောက် မောင်းနှင်လာတဲ့ စစ်တပ်ယာဉ်တန်းတစ်ခုကို တွေ့ရပါတယ်။ ၁၅ စက္ကန့်မှာတော့ ပေါက်ကွဲမှုတစ်ခု ဖြစ်တာ မြင်ရပါတယ်။
ဗီဒီယိုနဲ့အတူတွဲပြီး တင်ထားတဲ့စာမှာတော့ "ဘူးသီးတောင်ဘက် ငါးပိခိုးကား ခုနှစ်စီးမှာ လေးစီးမိလိုက်တယ် ကြားတယ်။ ငါးပိသူခိုး ၄၀ လောက် မသာပေါ်သွားတယ် ကြားတယ်" ဆိုပြီး ရခိုင်လို ရေးထားပါတယ်။ ဆက်လက်ပြီးတော့လည်း မြန်မာတပ်မတော်ဘက်က အနည်းဆုံး စစ်သည် ၄၀ ကျဆုံးခဲ့တယ်လို့ ဗီဒီယိုမှာ ဖော်ပြထားပါတယ်။
ငါးပိသူခိုးဆိုတာ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွက် တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ရက္ခိုင့်တပ်တော် (အေအေ)ရဲ့ ထောက်ခံသူတွေက မြန်မာတပ်မတော်ကို ပေးထားတဲ့ နာမည်ပြောင်ဖြစ်ပါတယ်။
အဲဒီအကြောင်းအရာကို အလားတူပုံစာ ရေးပြီး Screenshot နဲ့ ဒီနေရာမှာလည်း တင်ခဲ့ရာမှာ အကြိမ် ၈၀၀ လောက် ပြန်လည်မျှဝေခဲ့ကြပါတယ်။
ဒါပေမယ့် ဒီဖော်ပြချက်က မှားပါတယ်။ တကယ်တော့ ဒီဗီဒီယိုမှာတွေ့ရတာဟာ ၂၀၁၆ ခုနှစ်က တူရကီစစ်တပ်ရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။
ဗီဒီယိုမှာပါတဲ့ အဓိကပုံရိပ်တွေကို အသုံးပြုပြီး Google ပေါ်မှာ ရှာကြည့်တဲ့အခါမှာတော့ ပိုရှည်တဲ့ ဗီဒီယိုဖိုင်ကို ၂၀၁၆ ခုနှစ် မေလက Gerilatv ဆိုတဲ့ဝက်ဘ်ဆိုဒ်မှာ တင်ထားတာတွေ့ရပါတယ်။ အဲဒီဝက်ဘ်ဆိုက်ကတော့ တရားမဝင်ကာဒစ္စတန်လုပ်သားပါတီ (Kurdistan Workers’ Party (PKK))ရဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ People's Defence Forces (HPG) နဲ့ ဆက်စပ်ပါတယ်။
အောက်မှာ AFP ကနေ အနီရောင်စက်ဝိုင်းနဲ့ နှိုင်းယှဉ် ပြထားတာကတော့ သတင်းအမှားဗီဒီယိုမှာ မြင်ရတဲ့ မြင်ကွင်း (ဘယ်) နဲ့ Gerilatv က တင်တဲ့ ဗီဒီယိုဖိုင် (ညာ) တို့ပဲ ဖြစ်ပါတယ်။
အောက်မှာ AFP ကနေ အနီရောင်စက်ဝိုင်းနဲ့ နှိုင်းယှဉ် ပြထားတာကတော့ သတင်းအမှားဗီဒီယိုမှာ မြင်ရတဲ့ မြင်ကွင်း (ဘယ်) နဲ့ Gerilatv က တင်တဲ့ ဗီဒီယိုဖိုင် (ညာ) တို့ပဲ ဖြစ်ပါတယ်။
Semdinli မြို့ဟာ တူရကီနိုင်ငံ အရှေ့တောင်ဘက်မှာ ရှိပါတယ်။
အေအက်ဖ်ပီကလည်း ဒီဖြစ်စဉ်ကို၂၀၁၆ ခုနှစ် မေလ ၁၈ ရက်က ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
အေအက်ဖ်ပီသတင်းမှာ “Kurdistan Workers Party (PKK) ရဲ့ ယနေ့ ယာဉ်တန်းတိုက်ခိုက်မှုကြောင့် တူရကီစစ်သား လေးဦးကျဆုံးပြီး ကိုးဦး ဒဏ်ရာရကြောင်း တူရကီစစ်တပ်ပြော” ဆိုပြီး ဖော်ပြထားပါတယ်။
စစ်ယာဉ်တန်းဟာ Hakkari ပြည်နယ် အရှေ့တောင်ပိုင်း Semdinli နဲ့ Aktutun ကြား သွားလာနေတာ ဖြစ်ပြီး ကားလမ်းပေါ်မှာ “ခွဲထွက်ရေးအကြမ်းဖက်အဖွဲ့” ထောင်ထားတဲ့ဗုံး ထိမှန်ခဲ့တာ ဖြစ်တယ်လို့ တူရကီစစ်တပ်က ဆိုထားပါတယ်။ “ခွဲထွက်ရေးအကြမ်းဖက်အဖွဲ့” ဆိုတာကတော့ တူရကီစစ်တပ်က PKK ကို ပုံမှန်ရည်ညွှန်းသုံးစွဲလေ့ရှိတဲ့စကားစုပဲ ဖြစ်ပါတယ်။
အခုလတ်တလောမှာလည်း မြန်မာတပ်မတော်ကို တိုက်ခိုက်ခံရပြီး စစ်သားတွေအများကြီးသေဆုံးတယ်ဆိုတဲ့ သတင်းမျိုး မတွေ့ရပါဘူး။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်