မူရင်းဓာတ်ပုံမှာတော့ “ကုလသမဂ္ဂသည် အာဖရိကအရေးတွင်မပါဝင်” ဆိုပြီး ပါရှိ
- ဤဆောင်းပါးသည် သက်တမ်းလေးနှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 18 ဇွန် 2021 အချိန် 09h55
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP Singapore
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP ထိုင်း
ကုမသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တစ်ဦးလို့ယူဆရတဲ့ဓာတ်ပုံတစ်ပုံကို ၂၀၂၁ ခုနှစ်၊ မတ်လတုန်းက Faecebook account တစ်ခုရဲ့ ဒီလင့်ခ်မှာ မျှဝေထားပါတယ်။
နားလည်မှုလွဲစေတဲ့ပို့စ်ပါ စာသားက အခုလိုဖြစ်ပါတယ်။
“Uninvolved in Peace
စိုးရိမ်ကြောင်းစာထုတ်နေတာနဲ့ခုထိမအားသေးဘူး
ခုနောက်ပိုင်း စိုးရိမ်တာတောင်သိပ်မတွေ့တော့သလိုပဲ
သူ့ကိုတောင်ပြန်စိုးရိမ်မိနေပါပီ
??” (မူရင်းအတိုင်း)

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ကရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot
အပြာရောင်ဦးထုပ်ဟာ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေရဲ့အမှတ်အသားတစ်ခုဖြစ်ပါတယ်။
ပဋိပက္ခအမျိုးမျိုးမှာ အရေးယူဖို့ပျက်ကွက်မှုတွေအတွက် ကုလသမဂ္ဂကိုအပြစ်တင်ပြောဆိုထားတဲ့စာသားတွေနဲ့အတူ ဒီပုံကို ပြန်လည်မျှဝေနေကြတာလည်းဖြစ်ပါတယ်။ ဥပမာအားဖြင့် ဒီဓာတ်ပုံကို Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားကြတာမျိုးပါ။
ဒါပေမဲ့ ဒါဟာ နားလည်မှုလွဲစေပါတယ်။
TinEye မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဓာတ်ပုံကို Ads of the World ဝဘ်ဆိုဒ်ရဲ့ ဒီလင့်ခ်မှာ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တုန်းက တင်ထားတာ တွေ့ရပါတယ်။
ဓာတ်ပုံပိုင်ရှင်ကို FCB Cape Town လို့ဖော်ပြထားပြီး တောင်အာဖရိကဓာတ်ပုံဆရာ Chad Henning ရိုက်ကူးခဲ့တယ်လို့ ဆိုထားပါတယ်။
မူလဓာတ်ပုံအစစ်ထဲက ဆိုင်းဘုတ်မှာပါဝင်တာကတော့ နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာပျံ့နှံ့နေသလို “peace” (ငြိမ်းချမ်းရေး) ဆိုတဲ့စကားလုံးမဟုတ်ဘဲ “Africa” ဆိုတဲ့စကားလုံးသာဖြစ်ပါတယ်။
ဒီဓာတ်ပုံဟာ ကိပ်တောင်းမြို့အခြေစိုက် အာဖရိကဘာသာနဲ့ထုတ်ဝေတဲ့သတင်းစာ Die Burger အတွက် ရိုက်ကူးပေးခဲ့တဲ့ ကြော်ငြာကမ်ပိန်းစီးရီးထဲက တစ်ခုဖြစ်တယ်လို့ ကိပ်တောင်းမြို့အခြေစိုက်ဓာတ်ပုံဆရာ Chad Henning က ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှာ AFP ကို ပြောပါတယ်။
“ဒီပုံတွေကြောင့် ကြော်ငြာလောကမှာ ဆုတွေအများကြီးရခဲ့ပါတယ်။ ဓာတ်ပုံတွေကို ရိုက်ကူးတုန်းက ကိုယ်လိုချင်တဲ့ပုံစံအတိုင်းရအောင် ကြိုတင်ပြင်ဆင်နေရာချပြီး သတင်းဓာတ်ပုံမျိုးဖြစ်အောင် ရိုက်ကူးခဲ့ပါတယ်”
သူဟာ အဲဒီ ကြော်ငြာကမ်ပိန်းကဓာတ်ပုံတွေကို AFP ကို email ပို့ခဲ့ပြီး သူ့ဝဘ်ဆိုဒ်ရဲ့ဒီလင့်ခ်မှာလည်း ဝင်ကြည့်နိုင်ပါတယ်။
အောက်မှာ Henning ရဲ့ဝဘ်ဆိုဒ် screenshot ဖြစ်ပါတယ်။

Henning ရဲ့ဝဘ်ဆိုဒ်ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်က ရယူထားတဲ့ screenshot
အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ဓာတ်ပုံအစစ် (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ဓာတ်ပုံအစစ် (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot
Die Burger ရဲ့ ကြော်ငြာကမ်ပိန်းဟာ ဆုအမြောက်အမြားရရှိခဲ့ပြီး အဲဒီအကြောင်းကို သတင်းကို ၂၀၀၈ ဒီလင့်ခ်နဲ့ ၂၀၀၇ ဒီလင့်ခ် တုန်းကသတင်းတွေမှာ တွေ့နိုင်ပါတယ်။
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်