၂၀၂၀ ခုနှစ်က မြန်မာ တရားရုံးရှေ့မှာ ရဲနဲ့ကျောင်းသားများ အခြေအတင် ဖြစ်စဉ်က ဗီဒီယိုသာဖြစ်

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ကျောင်းသားတွေကို စာသင်ကျောင်းတစ်ကျောင်းမှာ ရဲတွေက ရိုက်နှက်နေတဲ့ဗီဒီယိုလို့ဆိုတဲ့ အဆိုနဲ့အတူ ဗီဒီယိုဖိုင်တစ်ခုကို Facebook ပို့စ်အများအပြားမှ ပြန်လှည်မျှဝေနေကြပြီး ကြည့်ရှုတဲ့အကြိမ်ပေါင်း သန်းနဲ့ချီရှိနေပါတယ်။ ဒီဗီဒီယိုကို စစ်တပ်အာဏာသိမ်းပြီး ဇွန်လ ကျောင်းတွေ ပြန်လည်ဖွင့်မယ်လို့ ကြေညာပြီးနောက် နိုင်ငံတစ်ဝှမ်း ကျောင်းပျက် သပိတ်ပြုလုပ်ဖို့ နှိုးဆော်မှုများရှိလာပြီး နောက်ပိုင်းမှာ အခုလိုပဲအွန်လိုင်းပေါ်မှာ ပျံနှံ့နေတာတွေ့ရပါတယ်။

ဒီဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ မေလ ၂၈ ရက်က Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး ကြည့်ရှုမှု ၃ သန်းကျော်ရှိနေပါတယ်။

ဒီဗီဒီယိုနဲ့အတူ “ကိုယ့်သား/ သမီးကို ကျောင်းထားချင်တယ်ဆိုရင် ကြည့်ကြပါ ဖြစ်သင့်လား ဒီလိုပုံစံ” ဆိုတဲ့စာသားကိုလည်းတွေ့ရပါတယ်။

 

၂၀၂၁ ခုနှစ်၊ ဇွန်လ ၄ရက်နေ့က ကူးယူထားတဲ့ အထင်အမြင်လွဲမှားစေတဲ့ ပိုစ့်ရဲ့ Screenshot

 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့အနေနဲ့ ကျောင်းဆရာ၊ ဆရာမ တွေနဲ့ ကျောင်းသားများက ကျောင်းမတက်ဘဲ သပိတ်မှောက်ဖို့ နှိုးဆော်ခဲ့ကြပါတယ်။ ဒီသတင်းကို AFP ရဲ့ ဒီသတင်းမှာ ဖော်ပြထားပါတယ်။

ဒီပို့စ်အောက်က မှတ်ချက်တွေကို ကြည့်ချင်းအားဖြင့် ဒီဗီဒီယိုက Facebook အသုံးပြုသူများကို အထင်အမြင်လွဲမှားစေကြောင်း တွေ့ရပါတယ်။

ဒီပို့အောက်မှာ Facebook အသုံးပြုသူတစ်ဦးက အခုလိုပဲ ရေးသားထားပါတယ်။

“တက်ချင်ကြအုံး စောက်ကျောင်းကို နည်နည်လေးမှ အသိတရားမရှိကြဘူး 
နင်တို့မှာ အသိတရားမရှိကြဘူးလား ခုလိုချိန်မှာ နင်တိုမို 
ကျောင်ကိုတက်ချင်ကြတယ်နော် ခုတော့ ခံကြပေါ့” (မူရင်းသတ်ပုံအတိုင်း)

နောက်ထပ် Facebook အသုံးပြုသူတစ်ဦးကလည်း “ဘာအကြောင်းနဲ့မှ စာသင်ခန်းထဲ ဝင်စရာမလိုတာ ထင်သလို လုပ်ဖို့ ဝန်မလေးဘူး” (မူရင်းသတ်ပုံအတိုင်း) ဆိုပြီး မှတ်ချက်ပေးထားပါတယ်။

တူညီတဲ့ ပြောဆိုမှုနဲ့အတူ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လှည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီပို့စ်ဟာ အထင်အမြင်မှားစေတဲ့ ပို့စ်ဖြစ်ပါတယ်။ ဒီဗီဒီယိုဟာ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု မဖြစ်ခင် တစ်နှစ်အလိုကတည်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။

ဒီဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ ဧပြီလက ဒီနေရာမှာ မျှဝေထားတာကို AFP က တွေ့ရှိခဲ့ပါတယ်။

အဲဒီဗီဒီယိုနဲ့အတူ စာသားကိုလည်း အခုလိုပဲ တွေ့ရပါတယ်။ 

“ဒီဗီဒီယိုဖိုင်လေးက အသစ်တော့မဟုတ်ပါ။ ပြန်ကြည့်ဖို့ပါ။ ကမာရွတ်တရားရုံး။” (မူရင်းသတ်ပုံအတိုင်း)
 

အထင်အမြင်လွဲမှားစေတဲ့ပို့စ် (ဘယ်) နဲ့ ဧပြီလကပို့စ်(ညာ) ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot ကိုအောက်မှာတွေ့နိုင်ပါတယ်။

 

အထင်အမြင်လွဲမှားစေတဲ့ပို့စ် (ဘယ်) နဲ့ ဧပြီလကပို့စ်(ညာ) ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

 

အချက်အခြာကျတဲ့စကားလုံးများနဲ့ Facebook မှာရှာဖွေကြည့်လိုက်တဲ့ အခါမှာ ဒီဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ၁၅ မိနစ်ကြာ Facebook တိုက်ရိုက် ဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ မတ်လ ၁၂ က ဒီလင့်ခ်မှာ မျှဝေထားတာတွေ့ရပါတယ်။

ဒီဗီဒီယိုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) ရဲ့ Facebook စာမျက်နှာမှာ တင်ထားပါတယ်။

အထင်အမြင်လွဲမှားစေတဲ့ပို့စ် (ဘယ်) နဲ့ ဗကသဗီဒီယို (ညာ) ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot ကိုအောက်မှာတွေ့နိုင်ပါတယ်။

 

အထင်အမြင်လွဲမှားစေတဲ့ပို့စ် (ဘယ်) နဲ့ ဗကသဗီဒီယို (ညာ) ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot

 

ဒီဖြစ်ရပ်ကို Myanmar Now က ဒီသတင်းဆောင်းပါမှာ တင်ပြထားပါတယ်။

ဒီဆောင်းပါးရဲ့ ခေါင်းစဉ်မှာတော့ “တရားရုံးရှေ့ ရဲက ‘အကြမ်းဖက်မှု’ အပေါ်ဖြေရှင်းပေးရန် ဗကသက အစိုးရကို တောင်းဆို” ဆိုပြီးရေးသားထားပါတယ်။

ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များဟာ ကြိုတင်အသိမပေးဘဲ စီတန်းလှည့်လည်ခဲ့တဲ့အတွက် တရားစွဲဆိုခံထားရတာ ဖြစ်တယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဒီဗီဒီယိုကို ရန်ကုန်မြို့ ကမာရွတ်တရားရုံး ရှေ့မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အထင်အမြင်လွဲမှားစေတဲ့ပို့စ် (ဘယ်)  နဲ့  Google Maps မှာတွေ့ရတဲ့ ကမာရွတ် တရားရုံး (ညာ) ကို နှိုင်းယှဉ်ပြထားတဲ့ Screenshot ကိုအောက်မှာတွေ့နိုင်ပါတယ်။

MYANMAR MILITARY COUP