ရွှေတိဂုံပုံတော်ရေဆေးပန်းချီကားကို အစီအစဉ်တင်ဆက်သူမောင်မောင်အေးရေးဆွဲတယ်ဆိုတဲ့သတင်းမှား ပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 03 စက်တင်ဘာ 2020 အချိန် 05h20
- အပ်ဒိတ်ရက်စွဲ 07 ဇန်နဝါရီ 2021 အချိန် 11h14
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP မြန်မာ
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - AFP မြန်မာ
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ပန်းချီကားဓာတ်ပုံကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တုန်းက Facebook ရဲ့ဒီလင့်ခ်မှာ ဖော်ပြခဲ့ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၃၆၀ ကျော် ရှိနေတာပါ။
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲမှားစေတဲ့ပို့စ်ရဲ့ screenshot
ပို့စ်ပါစာသားတွေကတော့ အခုလိုပဲဖြစ်ပါတယ်။ “ဘုရားကိုမီးလောင်နေသလိုပန်းချီဆွဲပြီးစော်ကားကြပြန်ပြီ။ ငါတို့ဘာသာ သာသနာကို ဒါးသံလျှက်လက်နက်သုံး၍ကာကွယ်ရတော့မည့်အချိန်ရောက်လာပြီထင်ပါရဲ့ ။ ပန်းချီလက်ရာရှင်မောင်မောင်အေး လို့သိရပါတယ်”
ပန်းချီကားဓာတ်ပုံကို အလားတူ ပြောဆိုမှုတွေနဲ့အတူ Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေအပြင် ဝက်ဘ်ဆိုဒ်တွေရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေခဲ့ကြပါသေးတယ်။
ဒါပေမယ့် ဒါဟာ မှားပါတယ်။
ဓာတ်ပုံရာဇဝင်ရှာတဲ့နည်းအပြင် အဓိကကျတဲ့စကားလုံးတွေသုံးပြီး ရှာကြည့်တဲ့အခါ ဒီပန်းချီကားကို ထင်ရှားတဲ့မြန်မာပန်းချီဆရာတစ်ဦးဖြစ်တဲ့ ပန်းချီမြင့်နိုင်က ၂၀၁၉ ခုနှစ်တုန်းက ရေးဆွဲထားတာ တွေ့ရပါတယ်။
ဒီပန်းချီကားဓာတ်ပုံကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့မှာ ပန်းချီမြင့်နိုင်က သူ့ Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာပါ။ ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့အင်္ဂလိပ်စာသားတွေက အခုလိုပဲ ဖြစ်ပါတယ်။ “Shwedagon after rain/ Watercolour by Myint Naing 2019’’ (မိုးရွာပြီးစရွှေတိဂုံ/ရေဆေး၊ မြင့်နိုင် ၂၀၁၉)
အောက်မှာ နားလည်မှုလွဲမှားစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ပန်းချီမြင့်နိုင် Facebook က ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။
နားလည်မှုလွဲစေနိုင်တဲ့ပို့စ်တွေပျံ့နှံ့နေတဲ့အပေါ် အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေးကို AFP က ဆက်သွယ်မေးမြန်းတဲ့အခါ ဒီပန်းချီကားကို သူဆွဲတာမဟုတ်ဘူးလို့ ဆိုပါတယ်။
“ဒါက တော်တော်ကို ကလေးကလားဆန်တဲ့ကိစ္စပါ။ ပြန်ရှင်းနေဖို့တောင်မလိုပါဘူး။ အသိသာကြီးပါဗျာ၊ ဘုရားပန်းချီကားက ဒီလောက်ကျက်သရေရှိတာ။ ဆွဲတဲ့သူကလည်း နိုင်ငံကျော်ပန်းချီဆရာကြီး။ ဒါသက်သက် ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာမို့လို့ ပြန်ရှင်းပြဖို့မလိုအပ်ပါဘူး။ ကျွန်တော့်ခေါင်းထဲမှာတောင် မရှိပါဘူး” လို့ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့မှာ ကိုမောင်မောင်အေးက AFP ကို ဖုန်းကနေတစ်ဆင့် ဖြေကြားခဲ့ပါတယ်။
ဒီလိုပျံ့နှံ့နေတဲ့သတင်းမှားနဲ့ပတ်သက်လို့လည်း သူ့ရဲ့ Facebook ပေါ်မှာ ပြန်လည်ရေးသားထားတာကို ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။
ပို့စ်ပါစာသားတချို့ကတော့ အခုလိုဖြစ်ပါတယ်။
“လွန်ခဲ့တဲ့ ၂ ရက်က ကိုယ်စုဆောင်းထားတဲ့ပန်းချီကားတွေကို ပန်းချီမြတ်နိုးသူတွေအချင်းချင်း အပြန်အလှန်ပုံတွေ ၇ ရက်ဆက်တိုက်တင်ပြီးပြကြရင်း အပြန်အလှန်ဖလှယ်တဲ့စိန်ခေါ်မှုမှာ မိတ်ဆွေတစ်ဦးက Challenge လုပ်လို့ ကိုယ်အမြတ်တနိုးစုထားတဲ့ကားတွေထဲကတချို့ကို ပုံတင်ဖြစ်တယ်”
“ပန်းချီကားက ရေဆေးပန်းချီကား..၊ ပန်းချီဆရာက မြန်မာနိုင်ငံမှာ ရေဆေးဘုရင်ကြီးလို့တောင် ပန်းချီလောကမှာ သတ်မှတ်ထားတဲ့ မြန်မာ့ပန်းချီကျော်ကြီး ဆရာမြင့်နိုင်”
အစီအစဉ်တင်ဆက်သူ မောင်မောင်အေးရဲ့ Facebook ပို့စ်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့က ရယူထားတဲ့ screenshot
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်