ရခိုင့်တပ်မတော် (AA) အဖွဲ့ဝင်အမျိုးသမီးလို့ ဆိုထားတဲ့ဓာတ်ပုံနဲ့သတင်းမှားပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 10 ဇူလိုင် 2020 အချိန် 09h00
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP မြန်မာ
မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် (AA) တို့ကြား တိုက်ပွဲဖြစ်ပြီး သေဆုံးသူလို့ဆိုထားတဲ့ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ ပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒါပေမယ့် ဒါဟာ မှားယွင်းနေပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ဒီဓာတ်ပုံဟာ ဖိလစ်ပိုင်နိုင်ငံကဖြစ်ပြီး Sorsogon ပြည်နယ်မှာ ဖိလစ်ပိုင်တပ်မတော်နဲ့ New Peoples’ Army (NPA) တို့ကြားဖြစ်ခဲ့တဲ့တိုက်ပွဲအကြောင်း ရေးထားတဲ့သတင်းတွေထဲက ဓာတ်ပုံဖြစ်ပါတယ်။ ဓာတ်ပုံမှာမြင်ရတာဟာ ဘယ်သူဘယ်ဝါမှန်းမသိရတဲ့ NPA အဖွဲ့ဝင်အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ ဖိလစ်ပိုင်တပ်မတော်က AFP ကို ပြောပါတယ်။

နားလည်မှုလွဲစေနိုင်တဲ့စာသားတွေနဲ့အတူ အဲဒီဓာတ်ပုံကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာ ဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၂၄၈ ကြိမ် ရှိခဲ့ပါတယ်။

Image
နားလည်မှုလွဲမှားစေတဲ့ Facebook ပို့စ်ကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က ရယူထားတဲ့ screenshot

နားလည်မှုလွဲမှားစေတဲ့ပို့စ်မှာပါဝင်တဲ့စာသားတွေကတော့ အခုလိုပဲဖြစ်ပါတယ်။ “AA အမျိုးသမီးဘဝဓာတ်ပုံဖော်ပြရင်ဆုချတယ်ပြောလို့ပါ၊ ဒီပုံအဆင်ပြေမပြေဝေဖန်ပေးစေလိုပါတယ်”

တူညီတဲ့ပြောဆိုမှုတွေနဲ့ အလားတူဓာတ်ပုံကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါသေးတယ်။

ဒါပေမယ့် ဒါဟာ မှားယွင်းနေတာပါ။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အလားတူဓာတ်ပုံကိုပဲ ဖိလစ်ပိုင်သတင်းစာတစ်စောင်ဖြစ်တဲ့ Kalinaw News မှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တုန်းက ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။

 
ပြသခြင်း။ ဖွက်ပါ။

အတွင်းစာသားသတိပေးချက်

သတင်းခေါင်းစဉ်မှာ “Sorsogons ရှိ ရန်သူ့စခန်းကို အစိုးရတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီးနောက် CTG အဖွဲ့ဝင်တစ်ဦးသေဆုံး၊ ကျည်အားပြင်းသေနတ်များသိမ်းဆည်းရမိ” ဆိုပြီး တွေ့ရပါတယ်။ 

သတင်းမှာပါတဲ့စာသားတစ်ချို့ကတော့ အခုလိုပဲ ဖြစ်ပါတယ်။ “ဇူလိုင်လ ၃၀ ရက်နေ့၊ ညနေ ၅ နာရီ ၂၈ မိနစ်ဝန်းကျင်တုန်းက Sorsogon ပြည်နယ်၊ ဘူလန်မြို့၊ Daganas ရွာမှာ အစိုးရတပ်ဖွဲ့ဝင်တွေနဲ့ ကွန်မြူနစ်အကြမ်းဖက်အဖွဲ့ (CTG) အကြား ၄၅ မိနစ်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်ချိန်မှာ ကွန်မြူနစ် NPA အကြမ်းဖက်(CNT) အဖွဲ့ဝင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။ သူတို့ပုန်းခိုနေတဲ့စခန်းကို အစိုးရတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းပြီးနောက်မှာ သူ့ရဲ့ဘော်တွေက သူ့ကိုတစ်ယောက်တည်း ချန်ထားခဲ့တာဖြစ်ပါတယ်” 

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ Kalinaw News ပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။ 

 
ပြသခြင်း။ ဖွက်ပါ။

အတွင်းစာသားသတိပေးချက်

မြန်မာနိုင်ငံမှာ ပျံ့နှံ့နေတဲ့ပို့စ်တွေနဲ့ပတ်သက်လို့ AFP ကနေ ဖိလစ်ပိုင်တပ်မတော်ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ဓာတ်ပုံမှာမြင်ရတာ NPA အဖွဲ့ဝင် အမျိုးသမီးလက်နက်ကိုင်တစ်ဦးဖြစ်တယ်လို့ ဖိလစ်ပိုင်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက AFP ကို Viber ကနေ ဖြေကြားခဲ့ပါတယ်။ 

ဖိလစ်ပိုင်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်ဖြေကြားခဲ့တာကတော့ အခုလိုပဲ ဖြစ်ပါတယ်။ 

“၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တုန်းက Sorosogon ပြည်နယ်၊ ဘူလန်မြို့၊ Daganas ရွာနဲ့ Montecalvario ရွာကြားမှာ အမှတ် ၂၂ နဲ့ အမှတ် ၃၁ ခြေမြန်တပ်ရင်းက ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေနဲ့ New People’s Army ဘက်က လူ ၄၀ လောက်ရှိမယ်၊ တိုက်ပွဲဖြစ်ကြတာ ၁ နာရီလောက်ကြာပါတယ်။ ရန်သူတွေ ဆုတ်သွားလို့ တိုက်ပွဲပြီးသွားပါတယ်။ Kalinaw News မှာတင်ထားတဲ့ဓာတ်ပုံမှာမြင်ရတာကတော့ အမည်မသိ NPA အမျိုးသမီးအဖွဲ့ဝင်တစ်ဦးပါ။ ရင်ဆိုင်တိုက်ပွဲဖြစ်တုန်း သူတို့အဖွဲ့က သူ့ကို နောက်ချန်ထားခဲ့လို့ သေသွားတာပါ။ Arnel Estiller ခေါင်းဆောင်တဲ့ Bicol ဒေသန္တရပြည်နယ်ကော်မတီ (BRPC) ရဲ့ ပြည်နယ်ကော်မတီ ၃ အဖွဲ့ဝင်လို့ သိရပါတယ်” 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်