ယူရို ၂၀၂၄ ဘောလုံးပွဲစဥ်မှာ ရိုမေးနီးယားပရိတ်သတ်တွေက 'ပူတင်' နာမည်ကို မကြွေးကြော်ခဲ့

ယူရို  ၂၀၂၄ ပွဲစဥ်မှာ ယူကရိန်းနဲ့ကစားခဲ့ကြတဲ့ဘောလုံးပွဲမှာ ရိုမေးနီးယားဘောလုံးအသင်းရဲ့ ပရိတ်သတ်တွေက ရုရှားနိုင်ငံသမ္မတ ဗလာဒီမီယာပူတင် ရဲ့နာမည်ကို ကြွေးကြော်ခဲ့တယ်ဆိုတဲ့မှားယွင်းပြောဆိုမှုနဲ့ ပြုပြင်ဖန်တီးထားတဲ့ဗီဒီယိုကို မျှဝေနေကြပါတယ်။ ဗီဒီယိုထဲမှာပါတဲ့အသံဟာ ၂၀၂၁ ခုနှစ်က ယူကရိန်းဘောလုံးအသင်းပရိတ်သတ်တွေက ပူတင်ကိုဆန့်ကျင်ရေး ကြွေးကြော်ခဲ့ကြတဲ့ ဗီဒီယိုကအသံတွေဖြစ်ပါတယ်။ ပွဲစီစဥ်သူဖြစ်တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ်များသမဂ္ဂ (UEFA) ကလည်း အခုလိုအွန်လိုင်းပေါ် ပျံ့နှံ့နေတဲ့ပြောဆိုမှုဟာ မှားယွင်းတယ်လို့ ဆိုပါတယ်။ 

"ရိုမေးနီးယား-ယူကရိန်း ဘောလုံးပွဲတွင် သမ္မတပူတင်၏ အမည်ကို ကြွေးကြော်နေသော ရိုမေးနီးယားအားပေးသူများ။ ရိုမေးနီးယား ၃:၀ ဖြင့်နိုင်သဖြင့် နောင်တွင် ဆက်ကြားရဖွယ်ရှိပြီး ကံကောင်းစေသည်ဟုဆိုရမည်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်က မျှဝေထားတဲ့ ဒီ Facebook ပို့စ်မှာ ရေးသားထားပါတယ်။  

မှားယွင်းမျှဝေထားတဲ့ ပိုစ့်ကဗီဒီယိုရဲ့ အလယ်လောက်မှာ "ပူတင်" လို့ရေးထားတဲ့ စာသားကိုလည်း တွေ့ရပါတယ်။ 

Image
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၇ ရက်က ယူရို ၂၀၂၄ အုပ်စုပွဲစဥ်မှာ ရိုမေးနီးယားနိုင်ငံက ၃ဂိုး ဂိုးမရှိ အနိုင်ရရှိပြီးနောက် သိပ်မကြာခင်မှာ ဒီဗီဒီယို အွန်လိုင်းပေါ်ပျံ့နှံ့လာတာ ဖြစ်ပါတယ်။ 

ဒီပွဲစဥ်မှာ ယူကရိန်းအသင်းက ရှုံးနိမ့်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားရဲ့ ကျူးကျော်စစ်စတင်ခဲ့ပြီးကတည်းက ပထမဆုံးအနေနဲ့ အဓိကပြိုင်ပွဲတစ်ခုမှာ ပါဝင်ယှဥ်ပြိုင်နိုင်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ ယူကရိန်းပရိသတ်တွေက ယူကရိန်းနိုင်ငံအလံကို  ပခုံးပေါ်ဝတ်ဆင်ပြီး ဘောလုံးကွင်းထဲဝင်ရောက် အောင်ပွဲခံခဲ့ပါတယ်။ 

ရုရှားနိုင်ငံကို UEFA ပြိုင်ပွဲတွေမှာ ပါဝင်ယှဥ်ပြိုင်ကစားခွင့် ကန့်သတ်ထားပါတယ်။ 

ဒီပြုပြင်ဖန်တီးထားတဲ့ ဗီဒီယိုဟာ ဘာသာစကားမျိုးစုံနဲ့ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး ပို့စ်အများစုက "Lord Bebo" ဆိုတဲ့ အမည်နဲ့ Twitter လို့ ယခင်ကလူသိများတဲ့ X လူမှုကွန်ရက်ပေါ်မှာ အင်္ဂလိပ်လိုမျှဝေထားတဲ့ ပို့စ်ကို ကိုးကားထားကြပါတယ်။ 

ဒီအကောင့်က မျှဝေထားတဲ့ ယူကရိန်းအရေးနဲ့သက်ဆိုင်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ယခင်ကလည်း အချက်အလက်စိစစ်ခဲ့ပါတယ်။ 

Image
Screenshot of the false post shared on X, taken on June 19, 2024

သတင်းမီဒီယာ အများအပြားကလည်း ဒီပြုပြင်ဖန်တီးထားတဲ့ ဗီဒီယိုကို  ဟန်ဂေရီယန်းပြင်သစ်ဘူဂေးရီယန်းရုရှား စတဲ့ဘာသာစကားတွေနဲ့ သတင်းဖော်ပြထားကြပါတယ်။ 

ဒါ့အပြင် ဂျာမန်ထိုင်းဗီယက်နမ်အာရေးဗီမြန်မာကိုးရီးယားနဲ့ ဂရိ ဘာသာစကားတွေနဲ့ အင်တာနက်လူမှုကွန်ရက်အသုံးပြုသူတွေကြား ပျံ့နှံ့နေပါတယ်။  

ဒါပေမယ့် ဒါဟာ မှားယွင်းပြောဆိုမှုတစ်ခု ဖြစ်ပါတယ်။ 

ပူတင်ဆန့်ကျင်ရေး ကြွေးကြော်မှု 

ဒီမှားယွင်းပြောဆိုမှုနဲ့ ဗီဒီယိုဟာ အရည်အသွေးမကောင်းမွန်ပေမယ့် the Allianz Arena Munich အားကစားပွဲရုံနံရံရဲ့ ဘောလုံးကွင်းအပေါ်အရိပ်ကျရောက်မှုပုံစံကို ကြည့်ချင်းအားဖြင့် ဒီဗီဒီယိုကို ပွဲစဥ်ရဲ့ ၃၄ မိနစ်ကြာချိန်မှာ ရိုက်ကူးထားကြောင်း ခန့်မှန်းသိရှိရပါတယ်။ 

ဒီပြိုင်ပွဲရဲ့ တရားဝင်ဖော်ပြမှုအရ အဲဒီအချိန်မှာ ပြုပြင်ဖန်တီးထားတဲ့ ဗီဒီယိုထဲကလို အော်ဟစ်ကြွေးကြော်မှုကို မကြားရပါဘူး။

ဒီဗီီဒယိုမှာကြားရတဲ့ ကြွေးကြော်သံဟာ ကိုဗစ်ရောဂါကူးစက်မှုကြောင့် ၂၀၂၁ ခုနှစ်မှာကျဥ်းပခဲ့ရတဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ယူကရိန်းဘောလုံးအသင်းက သြစတြီးယားအသင်းနဲ့ ယှဥ်ပြိုင်ခဲ့တဲ့ ပွဲစဥ်ကအသံကို တည်းဖြတ်ထည့်သွင်းထားတာ ဖြစ်ပါတယ်။ (Archived link

၂၀၂၁ ခုနှစ်က ဘောလုံးပွဲစဥ်မှာ ယူကရိန်းပရိတ်သတ်တွေက "ပူတင်" လို့ ကြွေးကြော်ကြပြီး ဆဲဆိုတာတွေနဲ့အတူ ဒရမ်တွေတီး၊ သီချင်းဆိုတာတွေပြုလုပ်ခဲ့ကြပါတယ်။ 

ဒါပေမယ့် အဲဒီဆဲဆိုတဲ့အသံတွေကို ဖယ်ရှားထားပြီး၂၀၂၄ ဘောလုံးပွဲစဥ်ရဲ့ နောက်ခံအသံနေရာမှာ အစားထိုးတည်းဖြတ်ထားတာဖြစ်ပါတယ်။ 

အောက်ပါ AFP ကဖန်တီးထားတဲ့ အသံဖိုင်မှာ ပြုပြင်ဖန်တီးထားတဲ့လုပ်ကြံဗီဒီယိုကကြွေးကြော်သံတွေပြီးရင် ၂၀၂၁ ခုနှစ် ပွဲစဥ်က ကြွေးကြော်သံတွေကို ကြားနိုင်ပါတယ်။ 

ဒီဆဲဆိုကြွေးကြော်မှုဟာ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းဘောလုံးပရိတ်သတ်တွေက စတင်ကြွေးကြော်ခဲ့ပြီး  ရုရှားဘာသာစကားနဲ့ "ပူတင်ခရူလို" လို့အသံထွက်ပြီး "သေနာကောင်" "အယုတ်တမာကောင်" လို့အဓိပ္ပါယ်ရပါတယ်။ အဲဒီနှစ်ထဲမှာ ခရိုင်မီးယားဒေသကို ရုရှားကကျူးကျော်သိမ်းပိုက်တာကို ဆန့်ကျင်တဲ့ယူကရိန်းဆန္ဒပြပွဲတွေဆန့်ကျင်တဲ့ယူကရိန်းဆန္ဒပြပွဲတွေနဲ့ ဆက်နွယ်ပါတယ်။။ (archived links here and here)

ယူရို ၂၀၂၄ ဘောလုံးပွဲစဥ်မှာ သတင်းယူနေကြတဲ့ AFP ဓာက်ပုံနဲ့ ဗီဒီယိုသတင်းထောက်တွေက ဒီကြွေးကြော်သံကို မကြားခဲ့ကြပါဘူး။ UEFA ကလည်း ဒီလိုကြွေးကြော်သံတွေကြားရတာမျိုးမရှိတဲ့အပြင် ဒီဗီဒီယိုဟာ အတုဖြစ်တယ်လို့ ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၈ရက်မှာ AFP ကို အတည်ပြုပြောဆိုခဲ့ပါတယ်။ 

UEFA က ကစားပွဲစဥ်အတွင်း ပရိတ်သတ်တွေရဲ့ ပြဿနာဖြစ်ပေါ်နိုင်ချေရှိတဲ့ အပြုအမူတွေကို ပုံမှန် စုံစမ်းထောက်လှမ်းလေ့ရှိပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်မှာ ဆာဘီးယားနိုင်ငံက အင်္ဂလန်နဲ့ ယှဥ်ပြိုင်ကစားတဲ့ပွဲမှာ ဆားဘီယားပရိတ်သတ်တွေက ကိုဆိုဗိုနိုင်ငံရဲ့ လွတ်လပ်မှုကို မေးခွန်းထုတ်ခဲ့သလို အလံကိုင်ဆောင်မှု ဖြစ်စဥ်ကို UEFA က စုံစမ်းထောက်လှမ်းခဲ့ပါတယ်။  (archived link).

ဒါပေမယ့် ယူကရိန်းနဲ့ ရိုမေးနီးယားတို့ကြားက ကစားပွဲမှာ ပရိတ်သတ်တွေရဲ့ ပြုမူပုံကြောင့် ပြဿနာရှိခဲ့တယ်ဆိုတဲ့ သတင်းပေးပို့မှုတွေ မရှိခဲ့ပါဘူး။ 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်