မော်စကိုရောက်ပြီးနောက် ပထမဆုံးတွေ့ရတဲ့ ဆီးရီးယားသမ္မတဆိုပြီး ဓာတ်ပုံဟောင်း မှားယွင်းပျံ့နှံ့
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 16 ဒီဇင်ဘာ 2024 အချိန် 09h51
- ဖတ်ရန် ကြာချိန် 3 မိနစ်
- AFP အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက
- ဘာသာပြန်ခြင်းနှင့် ဆီလျော်အောင်ပြန်လည်ရေးသားခြင်း - Daniel Patrick GALGANO , AFP USA , AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဆီးရီးယားမြို့တော်ကို သူပုန်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အာဆတ်အစိုးရ ပြိုလဲခဲ့တဲ့နောက် သမ္မတ ဘာရှာအယ်အာဆတ်ဟာ မော်စကိုမြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ သက်တမ်းရှည် ဆီးရီးယာခေါင်းဆောင်ရဲ့ မော်စကိုရောက်ပြီး ပထမဆုံးဓာတ်ပုံလို့ဆိုထားတဲ့ လူမှုကွန်ရက်စာမျက်နှာက ပို့စ်တွေဟာ မှားယွင်းပါတယ်။ အဲဒီဓာတ်ပုံကို ၂၀၂၃ ခုနှစ်မှာ အာဆတ်က အလက်ပိုမြို့ကို သွားရောက်ခဲ့စဥ်က ရိုက်ကူးထားတာဖြစ်ပါတယ်။
"ဆီရီးယားက ထွက်ပြေးသွားပြီးနောက် ပထမဦးဆုံးထွက်ပေါ်လာတဲ့ အာဆတ်ရဲ့ မော်စကိုရောက် ဓါတ်ပုံ ။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်ကမျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာရေးသားထားပါတယ်။
ဖြုတ်ချခံရတဲ့ ဆီးရီးယားသမ္မတနဲ့ သူ့ရဲ့ ဇနီး အက်စ်မာအယ်လ်အာဆတ်တို့ စင်္ကြံတစ်ခုမှာ လမ်းလျှောက်နေတဲ့ပုံပဲဖြစ်ပါတယ်။ တချို့သောပိုစ့်တွေမှာ "ရုရှားနိုင်ငံပိုင်မီဒီယာ - မော်စကိုတွင်ရောက်ရှိနေသော ဘာရှာအယ်လ်အာဆတ်" ဆိုတဲ့ ခေါင်းစဉ်လည်း ဖန်သားပြင်အောက်မှာပါဝင်ပါတယ်။
တူညီတဲ့ ဓာတ်ပုံနဲ့ ပြောဆိုမှုတွေဟာ X၊ Facebook၊ Instagram၊ Threads နဲ့ TikTok တို့မှာ မြန်မာဘာသာအပြင် စပိန်၊ ပြင်သစ်နဲ့ အာရေဗီ ဘာသာစကားတွေနဲ့လည်း ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီပုံကို လက်ဘနွန်၊ နယူးဇီလန်၊ အာဖဂန် နဲ့ အခြားမီဒီယာတွေကလည်း မှားယွင်းတဲ့အချက်အလက်တွေနဲ့မျှဝေခဲ့ပါတယ်။
သူပုန်မဟာမိတ်အဖွဲ့တွေရဲ့ ၁၁ ရက်ကြာ ထိုးစစ်ဆင်မှုက ဆီးရီးယားသမ္မတ အာဆတ်ကိုဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒီထိုးစစ်ဆင်မှုက အာဆတ်ကို သူ့ရဲ့မဟာမိတ်တွေနဲ့ အဆက်အသွယ်ပြတ်တောက်စေတဲ့အပြင် အဓိကမြို့ကြီးတွေဖြစ်တဲ့ အလက်ပို၊ ဟာမာ နဲ့ မြို့တော် ဒမတ်စကတ်ကိုပါ လက်လွှတ်ဆုံးရှုံးစေခဲ့ပါတယ်။ ရာထူးကနေ နှုတ်ထွက်သွားတဲ့ ၀န်ကြီးချုပ် မိုဟာမက် အယ်လ်ဂျာလီက အစ္စလာမ္မစ်အုပ်စု Hayat Tahrir al-Sham (HTS) ဦးဆောင်တဲ့ သူပုန်တွေကို အာဏာလွှဲပြောင်းပေးမယ်လို့ဆိုပါတယ်။ (Archived links here, here, here and here)
ရုရှားအစိုးရကငွေကြေးထောက်ပံ့ထားတဲ့ TASS နဲ့ Ria Novosti သတင်းဌာနတွေက အာဆတ်ဟာ ဆီးရီးယားကနေထွက်ပြေးတိမ်းရှောင်ပြီး ရုရှားအာဏာပိုင်များက ခိုလှုံခွင့်ပေးထားတယ်လို့တင်ပြထားပါတယ်။ အာဆတ်က ရုရှားနိုင်ငံတွင်း ခိုလှုံခြင်းရှိမရှိကို Kremlin ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ကနဦး အတည်ပြုပြောကြားခြင်းမရှိပေမယ့် ဖယ်ရှားခံရတဲ့ ဆီးရီးယားခေါင်းဆောင်ကို ရုရှားက လက်ခံပေးထားတယ်လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က NBC News ကို ဒီဇင်ဘာလ ၁၀ ရက်မှာ ပြောခဲ့ပါတယ်။ (Archived links here, here and here)
ဒါပေမဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်၊ ဂရင်းနစ်စံတော်ချိန် ၁၉း၀၀ နာရီအထိ ရုရှားမှာ အာဆတ်ရဲ့ ပုံတွေ ပျံ့နှံ့ခြင်းမရှိခဲ့တဲ့အပြင် သူ့ရဲ့ တည်နေရာကိုလည်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားတာမျိုး မရှိခဲ့ပါဘူး။
သက်ဆိုင်ခြင်းမရှိတဲ့ ဓာတ်ပုံ
ပိုစ့်အချို့ရဲ့ အောက်ခြေမှာရှိတဲ့ ခေါင်းစဥ်ကို ရှာဖွေကြည့်ရာ အဲဒီပုံဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှာ Sky News ရဲ့ YouTube စာမျက်နှာပေါ် မှာမျှဝေခဲ့တဲ့ ဗီဒီယိုကဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဒါဟာ မော်ကွန်းမှတ်တမ်းဗီဒီယိုဟောင်းဖြစ်ပြီး ရုရှားမြို့တော်ကမဟုတ်ကြောင်း ဖော်ပြထားပါတယ်။ (Archived link)
Sky News မှာ ပြသထားတဲ့ မှတ်တမ်းအပြည့်အစုံအရ ဗီဒီယိုကို ဆီးရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ အလက်ပိုရှိ ဆေးရုံတစ်ခုကို သွားရောက်လည်ပတ်စဥ်က ရိုက်ကူးခဲ့တယ်လို့ဖော်ပြထားပါတယ်။
အဓိကကျတဲ့ စကားလုံးတွေနဲ့ အချက်အလက်ထပ်မံရှာဖွေကြည့်တဲ့အခါ ဒီဗီဒီယိုကို ဆီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းမှာ ငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်းသောင်းချီသေဆုံးခဲ့တဲ့နောက် ငလျင်ဒဏ်ခံခဲ့ရသူတွေကို တွေ့ဆုံဖို့ အာဆတ်က အလက်ပိုတက္ကသိုလ်ဆေးရုံကို သွားရောက်ခဲ့စဥ် ဒေသတွင်းသတင်းဌာနတစ်ခုက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရိုက်ကူးခဲ့ကြောင်း တွေ့ရပါတယ်။ (Archived links here and here)
AFP သတင်းထောက်တွေကလည်း တူညီတဲ့ဂျာကင်အင်္ကျီနဲ့ အာဆတ်ကို ၂၀၂၃ ခုနှစ်၊ ဆေးရုံကိုသွားရောက်လည်ပတ်စဥ်က မှတ်တမ်းတင်ရိုက်ကူးခဲ့ပါတယ်။ (Archived link)
ဒီငလျင်ဟာ အိမ်နီးချင်းတူရကီနိုင်ငံရှိ Idlib၊ Aleppo၊ Hama၊ Latakia နဲ့ Tartous ပြည်နယ်တွေကိုလည်း သက်ရောက်ခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးစေခဲ့ပါတယ်။
AFP အနေနဲ့ ၂၀၂၄ ခုနှစ်၊ ဆီးရီးယားသူပုန်တွေရဲ့ ထိုးစစ်တွေနဲ့ပတ်သက်ပြီး အခြားသတင်းမှားတွေကိုလည်း အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်