ယခင်ကဗီဒီယိုဟောင်းတွေကို တက္ကဆက်ရေကြီးမှုအဖြစ် လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်မျှဝေ

တက္ကဆက်မှာ လူအသေအပျောက်များခဲ့တဲ့ ရေကြီးမှုကဆိုပြီး လူမှုကွန်ရက်ပေါ်ပျံ့နှံ့နေတဲ့ ဗီဒီယိုဟောင်းတွေဟာ ပြင်းထန်တဲ့ရာသီဥတုအခြေအနေတွေနဲ့ပက်သက်တဲ့ နောက်ဆုံးပေါ်မှားယွင်းပြောဆိုမှုတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဗီဒီယို ၇ ခုဟာ အမေရိကန်ရဲ့အခြားပြည်နယ်တွေအပြင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါနဲ့ စပိန်နိုင်ငံတွေမှာ ယခင်ကဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တာရာယ်တွေက ရိုက်ကူးထားတာပဲဖြစ်ပါတယ်။     

"အမေရိကန် Texas ပြည်နယ် Kerr County မှာ အပျော် Camp လေးတစ်ခု ပြုလုပ်နေတုန်း ဇူလိုင်လ ၄ ရက်နေ့ ညသန်းခေါင်အချိန် ရုတ်တရက် ရေကြီးရေလျံခဲ့ပါတယ်။ လတ်တလောရေကြီးမှု့ကြောင့် ၁၃ဦးသေဆုံးပီး ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။" (မူရင်းအတိုင်း) ဆိုပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်က မျှဝေထားတဲ့ ဒီ Facebook ပိုစ့်မှာတစ်စိတ်တစ်ပိုင်းရေးသားထားပါတယ်။  

"Floods in Texas leave 13 dead and 20 missing" (မူရင်းအတိုင်း) ဆိုပြီး စာသားထည့်သွင်းရေးသားထားတဲ့ ဗီဒီယိုစုစည်းမှုမှာ မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေမှာ ကားတွေမျောပါပြီး အဆောက်အအုံတွေထဲ ရေတွေတစ်ဟုန်ထိုးဝင်နေတဲ့ ဗီဒီယို ၇ ခုပါဝင်ပါတယ်။   

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့အထိမ်းအမှတ်အားလပ်ရက်အတွင်း တက္ကဆက်ပြည်နယ်တစ်လျှောက်ဖြစ်ပေါ်ခဲ့တဲ့ ကြောက်မက်ဖွယ်ရေကြီးရေလျှံမှုကြောင့် နွေရာသီလူငယ်စခန်းက အနည်းဆုံး မိန်းကလေး ၂၇ ဦးနဲ့ အကြံပေးပုဂ္ဂိုလ်တွေအပါအဝင် လူပေါင်း ၁၂၀ ကျော် အသက်ဆုံးရှုံးခဲ့တဲ့နောက် ဒီဗီဒီယိုတွေလူမှုကွန်ရက်မှာ ပျံ့နှံ့လာတာဖြစ်ပါတယ်။ (Archived link)   

ဒါပေမဲ့ AFP ရဲ့ ဓာတ်ပုံရာဇဝင်ရှာဖွေမှု၊ အဓိကစကားလုံးတွေအသုံးပြုရှာဖွေမှုနဲ့ တည်နေရာရှာဖွေအတည်ပြုမှုတွေအရ ဗီဒီယို ၇ ခုလုံးဟာ အမေရိကန်တောင်ပိုင်းနယ်စပ်က တက္ကဆက်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်နဲ့ သက်ဆိုင်မှုမရှိပါဘူး။ ဗီဒီယိုအတော်များများဟာ အလျားလိုက်ဖြတ်ညှပ်ထားတာ ဒါမှမဟုတ် အမြန်နှုန်းကို မြှင့်တင်ထားတာမျိုးတွေပြုလုပ်ထားကြပါတယ်။    

Marshall ကျွန်းစု၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ  

Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်က ရယူထားတဲ့ မှားယွင်း Facebook ပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

စုစည်းဗီဒီယိုထဲက ပထမဆုံးဖိုင်ကို AFPက စိစစ်ကြည့်တဲ့အခါ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်မှာ Marshall ကျွန်းစု၊ Roi-Namur ကျွန်းပေါ်က Outrigger Bar & Grill စားသောက်ဆိုင်ထဲ ရေလှိုင်းရိုက်ခတ်မှု ဗီဒီယိုတစ်ခုဖြစ်နေတာ တွေ့ရပါတယ်။  

အမြန်နှုန်းမြှင်တင်ပြီး ပြောင်းပြန်လှန်ထားတဲ့ ဗီဒီယိုရဲ့ မူရင်းကို YouTube မှာ ပထမဆုံးမျှဝေထားပြီး Newsflare နဲ့ ViralBear တို့ကပြန်လှည်မျှဝေထားကြပါတယ်။ (Archived links here, here and here)  

အမေရိကန်စစ်တပ်စခန်းအတွင်းမှာရှိတဲ့ အဲဒီစားသောက်ဆိုင်ရဲ့ Google Map ကဓာတ်ပုံမှာလည်း တစ်နေရာတည်းမှာ ရေတွေတက်နေတာတွေ့နိုင်ပါတယ်။ (Archived link)   

Fox WeatherArmy Times နဲ့ အခြားသတင်းဌာနတွေကလည်း အဲဒီအဖြစ်အပျက်ကို ဖော်ပြခဲ့ကြပါတယ်။ အမေရိကန်စစ်တပ်မြို့စောင့်တပ်ရဲ့ ရေလွှမ်းမိုးမှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာလည်း Outrigger Bar & Grill စားသောက်ဆိုင်ကိုဖော်ပြထားပါတယ်။ (Archived links here, here and here 

အိန္ဒိယ၊၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ 

Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်က ရယူထားတဲ့ မှားယွင်း Facebook ပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

ရေစီးထဲကားတွေမျောပါသွားတဲ့ ဒုတိယဗီဒီယိုဟာ အနည်းဆုံး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်ကတည်းက အွန်လိုင်းပေါ်ပျံ့နှံ့နေပါတယ်။ အဲဒီဗီဒီယိုကိုလည်း ပြောင်းပြန်လှန်ပြီး မြန်အောင်လုပ်ထားပါတယ်။  

အစောဆုံးမျှဝေထားတဲ့ X စာမျက်နှာနဲ့ Times of India ရဲ့ သတင်းအရ ဗီဒီယိုကို ဆိုင်ကလုန်းမုန်တိုင်း Michaung တိုက်ခတ်စဥ်က အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့၊ Pallikarani ရပ်ကွက်မှာ ရိုက်ကူးခဲ့တယ်လို့သိရပါတယ်။ (Archived links here, here and here) 

ဒီဗီဒီယိုကို Purva Windermere apartment complex မှာရိုက်ကူးထားကြောင်း AFP က အတည်ပြုနိုင်ခဲ့ပါတယ်။ မှားယွင်းပိုစ့်ကဗီဒီယိုနဲ့ ထပ်တူညီတဲ့ဗီဒီယိုကို Google Map မှာတွေ့ရတဲ့အပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းရေကြီးစဥ်အခြားရှုထောင့်ကနေရိုက်ကူးထားတဲ့ Google Maps ဗီဒီယို ဓာတ်ပုံတွေထဲက တူညီတဲ့ကားတွေနဲ့နှိုင်းယှဥ်ပြီးတည်နေရာကို အတည်ပြုနိုင်ခဲ့ပါတယ်။ (Archived links here, here, here, here, here, here, here, here and here).  

Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်က ရယူထားတဲ့ X ပိုစ့်ရဲ့ Screenshot မှာ တူညီမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုလုပ်ထား
Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်က ရယူထားတဲ့ Google ကဓာတ်ပုံတွေရဲ့ Screenshot မှာ တူညီမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုလုပ်ထား

အင်ဒိုနီးရှား၊၂၀၂၁ ခုနှစ်၊ ဧပြီလ 

Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်က ရယူထားတဲ့ မှားယွင်း Facebook ပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

ပြောင်းပြန်လှန်ထားပြီး အမြန်နှုန့်မြှင်ထားတဲ့ တတိယဗီဒီယိုရဲ့ မူရင်းကို Instagram မှာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ကတည်းမျှဝေထားတာတွေ့ရပါတယ်။ လက်ရှိမှာအွန်လိုင်းပေါ်ကဖြုတ်ချထားတဲ့ မူရင်းပို့စ်ရဲ့ အညွှန်းစာသားမှာ အင်ဒိုနီးရှားနိုင်ငံ Waingapu က Kambaniru တံတား ရေကြီးစဥ်က ရိုက်ကူးထားတယ်လို့ဆိုပါတယ်။ ဒေသတွင်းသတင်းဌာနတွေရဲ့ ရေကြီးမှုအကြောင်းဖော်ပြတဲ့ သတင်းတွေမှာလည်း ဗီဒီယိုကိုတွေ့ရပါတယ်။ (Archived links here and here)  

Google Street View ရဲ့ ၂၀၁၆ ကဓာတ်ပုံမှာ ဒီတံတားကိုတွေ့နိုင်ပါတယ်။ (Archived link) 

၂၀၂၂ ခုနှစ်က အိန္ဒိယနိုင်ငံ၊ Assam ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေကဆိုတဲ့ မှားယွင်းပြောဆိုမှုနဲ့ ဒီဗီဒီယိုမျှဝေမှုကို AFP က ယခင်ကလည်း အချက်အလက်စိစစ်ထားပါတယ်။    

နီပေါကဖြစ်နိုင်သည့်နေရာ၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ 

Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်က ရယူထားတဲ့ မှားယွင်း Facebook ပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

စတုတ္ထမြောက်ဗီဒီယိုရဲ့ ဇစ်မြစ်ကို AFP က အတည်ပြုနိုင်ခဲ့ခြင်းမရှိပေမဲ့ ဓာတ်ပုံရာဇဝင်ရှာဖွေမှုတွေအရ ကြမ်းတမ်းစွာစီးဆင်းနေတဲ့ မြစ်ပေါ်မှာလှုပ်ခါယမ်းနေတဲ့ ကြိုးတံတားတစ်စင်းရဲ့ အလားတူဗီဒီယို အများအပြားကို တွေ့ခဲ့ရပါတယ်။ (Archived links here, here and here).      

အဲဒီပိုစ့်တွေအကုန်လုံးက ဗီဒီယိုတွေဟာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ နှောင်းပိုင်းက နီပေါနိုင်ငံမှာ ရိုက်ကူးထားတယ်လို့ ဖော်ပြထားပါတယ်။  

နီပေါနိုင်ငံမှာ လူပေါင်း ၂၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရတဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေရပ်ကွက်အတော်များများ ပျက်စီးခဲ့ရတယ်လို့ AFP ကတင်ပြထားပါတယ်။  

အင်ဒီယားနားပြည်နယ်၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ  

Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်က ရယူထားတဲ့ မှားယွင်း Facebook ပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

မြန်နှုန်းမြှင့်ပြီး ပြောင်းပြန်လှန်ထားတဲ့ ပဉ္စမမြောက်ဗီဒီယိုကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်မှာ  ViralHog ဆိုတဲ့ YouTube စာမျက်နှာက မျှဝေခဲ့ပါတယ်။ (Archived link

အင်ဒီယားနားပြည်နယ်၊ Lawrence ကောင်တီက မိသားစုတစ်စုရဲ့ ပျော်ပွဲစားထွက်တဲ့ကားကြီးဟာ အနီးနားကချောင်းရေလျှံမှုကြောင့် မျောပါသွားခဲ့တယ်လို့ အညွှန်းစာမှာ ဖော်ပြထားပါတယ်။ဒီဗီဒီယိုယိုကိုရိုက်ကူးခဲ့သူ မိခင် Hannah Lee က ဒီကားကို သူတို့အိမ်နီးချင်းခြံထဲမှာ ပြန်တွေ့ချိန်မှာတော့ ပျက်စီးနေပြီလို့ ဒေသတွင်းသတင်းဌာနတွေကို ဖြေကြားခဲ့ပါတယ်။ (Archived link)    

အဓိကကျတဲ့ စကားလုံးတွေနဲ့ ရှာဖွေကြည့်ရာ မူရင်းဗီဒီယိုကို Hannah Lee ရဲ့ Facebook စာမျက်နှာမှာတွေ့ခဲ့ရပါတယ်။ သူမက အဲဒီအဖြစ်အပျက်ဟာ အင်ဒီယားနားပြည်နယ်၊  Springville မြို့က Popcorn Church လမ်းမကြီးမှာဖြစ်ပွားခဲ့တယ်လို့ မှတ်ချက်မှာရေးသားထားပါတယ်။ (Archived link) 

အမျိုးသားမိုးလေဝသဌာနရဲ့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က မုန်တိုင်းအစီရင်ခံစာမှာ Springville ရှိ "ချောင်းရေလျှံမှုကြောင့် လူနေခြံဝင်းများ ရေမြုပ်ခဲ့ပြီး မော်တော်ကားများ မျောပါခဲ့" ဆိုပြီး ဖော်ပြထားပါတယ်။ (Archived link) 

စပိန်၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ  

Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်က ရယူထားတဲ့ မှားယွင်း Facebook ပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

ခြောက်ခုမြောက်ဗီဒီယိုက ရုပ်ပုံတွေကို ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်ရာ ထပ်တူညီလုနီးပါးဗီဒီယိုတစ်ခုကို ABC News နဲ့ အခြားမီဒီယာတွေရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက စပိန်ိနိုင်ငံ၊ L'Ametlla de Mar မြို့တော်ရဲ့ ရေလွှမ်းမိုးမှုအကြောင်းဖော်ပြတဲ့ သတင်းဆောင်းပါးတွေမှာ တွေ့ခဲ့ရပါတယ်။ (Archived links here, here and here)  

မှားယွင်းဖော်ပြမှုမှာပါဝင်တဲ့ ဗီဒီယိုကို ပြောင်းပြန်လှန်ပြီး အမြန်နှုန်းမြှင့်ထားတယ်လို့ ယူဆရပါတယ်။  

ဗီဒီယိုမှာတွေ့ရတဲ့ စတိုးဆိုင်မျက်နှာစာအရ တည်နေရာဟာ Carrer Sant Roc ဖြစ်တယ်လို့ AFP ကအတည်ပြုနိုင်ခဲ့ပါတယ်။ (Archived link)  

Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်က ရယူထားတဲ့ YouTube ဗီဒီယို ရဲ့ Screenshot မှာ တူညီမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုလုပ်ထား
Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်က ရယူထားတဲ့ Google Street View ဓာတ်ပုံရဲ့ Screenshot မှာ တူညီမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုလုပ်ထား

North Carolina၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ  

Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်က ရယူထားတဲ့ မှားယွင်း Facebook ပိုစ့်ရဲ့ Screenshot ကို AFP က X အမှတ်အသားပြုလုပ်ထား

ပြောင်းပြန်လှန်ထားပြီး မြန်နှုန်းမြှင့်ထားတဲ့ နောက်ဆုံးဗီဒီယိုရဲ့ မူရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်က YouTube မှာမျှဝေခဲ့တာဖြစ်ပြီး North Carolina ပြည်နယ်၊ Avery ကောင်တီမှာ ဟာရီကိန်းဟယ်လန် တိုက်ခတ်စဥ်က ရိုက်ကူးထားတယ်ဆိုပြီး ဗီဒီယိုရဲ့ အညွှန်းမှာဖော်ပြထားပါတယ်။ (Archived link 

Image
Screenshot from YouTube taken July 9, 2025

တူညီတဲ့အသုံးပြုသူကပဲ ပိုမိုရှည်လျားတဲ့ ဗီဒီယိုကို မျှဝေထားပါတယ်။ အဲဒီဗီဒီယိုမှာတော့ တူညီတဲ့ ဂိုဒေါင်နဲ့ အနီရောင်ထရပ်ကားကို မတူညီတဲ့ ရှုထောင့်ကနေရိုက်ကူးထားတာအပြင် ကောင်တီတစ်လျှောက် အပျက်အစီးတွေကို သူမကိုယ်တိုင်ကားမောင်းပြီး ရိုက်ကူးခဲ့တဲ့ မြင်ကွင်းတွေကိုပါ ဖော်ပြထားပါတယ်။ (Archived link 

ပိုမိုရှည်လျားတဲ့ ဗီဒီယိုမှာပါဝင်တဲ့ ဓာတ်ဆီဆိုင်၊ Dollar General စတိုးနဲ့ အခြားနေရာတွေအရ ဗီဒီယိုရိုက်ကူးခဲ့တဲ့ တည်နေရာဟာ Avery ကောင်တီဖြစ်တယ်ဆိုတာကို AFP ကအတည်ပြုနိုင်ခဲ့ပါတယ်။ (Archived links here, here and here)  

မူရင်းဗီဒီယိုဟာ North Carolina ပြည်နယ်၊ Newland ရှိ Three Mile Highway အနီးက အိမ်တစ်လုံးရဲ့ Google Street View မှာတွေ့ရတဲ့ ဓာတ်ပုံနဲ့ ကိုက်ညီနေပါတယ်။ (Archived link) 

Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်က ရယူထားတဲ့ YouTube ဗီဒီယို ရဲ့ Screenshot မှာ တူညီမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုလုပ်ထား
Image
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်က ရယူထားတဲ့ Google Street View ဓာတ်ပုံရဲ့ Screenshot မှာ တူညီမှုတွေကို AFP ကမြင်သာအောင် အမှတ်အသားပြုလုပ်ထား

တက္ကဆက်ရေကြီးမှုနဲ့ ပတ်သက်တဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။  

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်