ဒီဗီဒီယိုထဲက အဆောက်အအုံပြိုကျမှုဟာ ဆော်ဒီအာရေဗျမှာဖြစ်ပြီး တူရကီငလျင်နဲ့ မသက်ဆိုင်
ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 10/02/2023 အချိန် 10:23
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က တူရကီနဲ့ ဆီးရီးယားနိုင်ငံတွေမှာ လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ပြိုကျခဲ့တဲ့အဆောက်အအုံဆိုပြီး ဗီဒီယိုဟောင်းတစ်ခုကို လူမှုကွန်ရက်စာမျက်နှာတွေမှာ မှားယွင်းဖော်ပြနေကြပါတယ်။ တကယ်တော့ ဒီဗီဒီယိုဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလကတည်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။