British actor/comedian Rowan Atkinson arrives for the special screening of "Johnny English Strikes Again" at AMC Lincoln Square in New York on October 23, 2018. ( AFP / Angela Weiss)

မစ္စတာဘင်းသရုပ်ဆောင် ကွယ်လွန်ပြီဆိုတဲ့သတင်းမှား ထပ်မံပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 09 ဒီဇင်ဘာ 2021 အချိန် 07h45
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
မစ္စတာဘင်းသရုပ်ဆောင် Rowan Atkinson ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်က ကွယ်လွန်ပြီလို့ ဆိုထားတဲ့ Facebook ပို့စ်တွေ မြန်မာနိုင်ငံက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားနေပါတယ်။ မစ္စတာဘင်းသရုပ်ဆောင်ရဲ့ စီမံခန့်ခွဲရေးအဖွဲ့ကတော့ မစ္စတာဘင်းဟာ ကျန်းမာရေးကောင်းမွန်လျက်ရှိတယ်လို့ ဒီဇင်ဘာလ ၇ ရက်၊ ၂၀၂၁ ခုနှစ်မှာ AFP ကို အတည်ပြုပါတယ်။ 

အဲဒီပို့စ်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်က ဒီလင့်ခ်မှာ တင်ထားပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၅၀၀ ကျော်ရှိခဲ့ပေမယ့် နောက်ပိုင်းတော့ ပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။ 

Image
ဒီဇင်ဘာ ၈ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot ( Si Thu TUN)

ပို့စ်ပါ စာသားတွေက အခုလိုဖြစ်ပါတယ်။ 

“နိုဝင်ဘာလ (၂၂) ရက် ယနေ့ တနင်္လာနေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီခန့်က ဗြိတိန်ဟာသသရုပ်ေဆာင်မင်းသားကြီး မစ္စတာဘရင်း ကွယ်လွန်သွားခဲ့ပါပြီ။” (မူရင်းသတ်ပုံအတိုင်း)

“၁၉၅၅ ခုနှစ် ဇန်နဝါရီလတွင်မွေးဖွားသော မစ္စတာဘရင်းဟာ သူသေဆုံးချိန်မှာ အသက် (၆၃) နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။”

ဓာတ်ပုံပေါ်မှာတော့ အင်္ဂလိပ်စာသားနဲ့ အခုလိုရေးထားပါတယ်။ 

“Rest In Peace
Rowan Sebastian “MR.BEAN” Atkinson 
Born: January 6, 1955 - Died: November 22, 2021”.

“ငြိမ်းချမ်းစွာအနားယူပါ။ 
Rowan Sebastian “မစ္စတာဘင်း” Atkinson
မွေး- ၁၉၉၅၊ ဇန်နဝါရီ ၆၊ ကွယ်လွန် - ၂၀၂၁၊ နိုဝင်ဘာ ၂၂”

Rowan Atkinson ဟာ အသက် ၆၆ နှစ်အရွယ်ရှိနေတဲ့ ဗြိတိန်သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်ကစလို့ Mr. Bean ဇာတ်ရုပ်နဲ့ ရုပ်မြင်သံကြားမှာ နာမည်ထင်ရှားလူသိများလာခဲ့တာဖြစ်ပါတယ်။

အလားတူပြောဆိုမှုနဲ့အတူ တူညီတဲ့ဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည် မျှဝေထားပါတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းပါတယ်။

မစ္စတာဘင်းသရုပ်ဆောင် Atkinson ကို စီမံခန့်ခွဲပေးနေတဲ့ PBJ Management ကတော့ မစ္စတာဘင်းသရုပ်ဆောင် သေဆုံးခြင်းမရှိကြောင်း ဆိုပါတယ်။

“သူလုံး၀ကို ကျန်းမာရေးကောင်းပါတယ်။ စိုးရိမ်စရာမရှိပါဘူး” လို့ PBJ Management ရဲ့ ပြောခွင့်ရသူတစ်ဦးက AFP ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်မှာ အတည်ပြုဖြေကြားခဲ့ပါတယ်။

မစ္စတာဘင်းသရုပ်ဆောင် Atkinson ဟာ မကြာခဏဆိုသလို သေဆုံးပြီဆိုပြီး သတင်းမှားလွှင့်ခံရလေ့ရှိပါတယ်။

၂၀၂၁ ခုနှစ်၊ ဇွန်လတုန်းကလည်း သူသေဆုံးပြီလို့ဆိုထားတဲ့အလားတူ အချက်အလက်မှားတစ်ခုကို AFP က ဒီလင့်ခ်မှာ သတင်းစိစစ်ရေးသားခဲ့ဖူးပါတယ်။

တခြားမီဒီယာအဖွဲ့အစည်းတွေကလည်း ၎င်းသေဆုံးပြီဆိုတာနဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ၂၀၁၂၂၀၁၃၂၀၁၅ ၂၀၁၆၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ အချက်အလက်စိစစ်ရေးသားဖော်ပြခဲ့ဖူးပါတယ်။

 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်