A boy drinks coconut water at a market in Beijing on July 15, 2019. China's growth slowed to its weakest pace in almost three decades in the second quarter, with the US-China trade war and weakening global demand weighing on the world's number-two economy, official data showed on July 15. ( AFP / Nicolas ASFOURI)

အုန်းရေနဲ့ရောစပ်ထားတဲ့ အိမ်တွင်း ဆေးမြီးတိုက COVID-19 ကို ‘ကုသပျောက်ကင်းစေနိုင်’တယ် ဆိုတဲ့ အဆိုမှား ပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

အုန်းရေ၊ ဆားနဲ့ သံပုရာတို့ ရောစပ်ထားတဲ့ အိမ်တွင်းဆေးမြီးတိုကို COVID-19 ကုသဆေးအနေနဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ အသုံးပြုနေကြတယ်ဆိုပြီး Facebook ပေါ်မှာ အများအပြား ပြန်လည်မျှဝေနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ ဒီလို အုန်းရေနဲ့ ပြုလုပ်ထားတဲ့ ဆေးမြီးတိုက ကိုဗစ်-၁၉ ကို ကုသနိုင်တဲ့ သက်သေအထောက်အထားမရှိဘူးလို့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက AFP ကိုပြောပါတယ်။

ဒီအဆိုကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်က Facebook ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး အကြိမ်ပေါင်း ၂,၇၀၀ ကျော်ပြန်လည်မျှဝေမှု ရှိနေပါတယ်။

ဒီပို့စ်ရဲ့ စာသားအပြည့်အစုံကို အောက်မှာတွေ့နိုင်ပါတယ်။

“ကိုဗစ် ဆေးမြီးတို
အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ ကနေ လာတဲ့ နည်းအရ သာမာန်ကိုဗစ်ရောဂါကူးစက်ခံရလျှင် နာရီပိုင်းအတွင်း သက်သာလာစေတဲ့နည်းဖြစ်ပါတယ်
အင်ဒိုနီးရှား လူအတော်များများလည်း ပျောက်ကင်းသွားကြတာလည်းတွေ့ရပါတယ်
အုန်းစိမ်းရည် တစ်လုံး သံပုရာသီးညှစ်ထည့်ပြီး ဆားအနည်းငယ်ထည့်ဖျော် တစ်နေ့ကို ၂ကြိမ် ပုံမှန်သောက်ပေးပါက
ကိုဗစ်ရောဂါ ကာကွယ်စေနိုင်ပါသည်
ခုမလေးရှားနိုင်ငံမှာလည်း ထိုနည်းကို သုံးနေကြပါပြီး
လွယ်ကူရိုးရှင်းတဲ့အတွက် မည်သူမဆို
ယခုနည်းအတိုင်း သုံးကြည့်စေချင်ပါတယ်
ကပ်ဘေးမှလွှတ်မြောက်နိုင်ကြပါစေ
Edit အုန်းစိမ်းအနု ဆားထမင်းစားတစ်ဇွန်းဝက် သံပုရာသီး တစ်လုံး အရည်ညှစ်” (မူရင်းသတ်ပုံအတိုင်း)

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ ပို့စ် Screenshot

တူညီတဲ့ အဆိုနဲ့ ပို့စ်တွေကို Facebook ဒီလင့်ခ် ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တွေ့နိုင်ပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

ဒီဆေးမြီးတိုကို ကိုဗစ်-၁၉ ကုသနိုင်တဲ့ ဆေးဝါးအဖြစ် သိပ္ပံနည်းကျ အထောက်အထားတွေနဲ့ သက်သေမပြနိုင်သေးဘူးလို့ အင်ဒိုနီးရှား ဆေးတက္ကသိုလ်ရဲ့ ဌာနမှူး Ari Fahrial Syam က ပြောပါတယ်။

“ဒါဟာ လိမ်ညာသတင်းပါ။ အခုချိန်အထိ ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ပျောက်ကင်းစေနိုင်တဲ့ ခေတ်သစ်ဆေးဝါး၊ တိုင်းရင်းဆေးဝါး ဆိုပြီးမရှိသေးပါဘူး။” လို့ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်မှာ သူက AFP ကိုပြောခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ယိုဂျာကာတာမြို့၊ Gadjah Mada တက္ကသိုလ်ရဲ့ ဆေးဝါးဗေဒ ပါမောက္ခ Zullies Ikawati က ဒါဟာ “အခြေအမြစ်မရှိ”တဲ့ ပို့စ်တစ်ခုသာဖြစ်တယ်လို့ AFP ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့က ပြောပါတယ်။

“ဒီအဆိုကို သိပ္ပံနည်းကျ အထောက်အထားတွေနဲ့ အတည်ပြုထားတာ မရှိသေးပါဘူး"လို့ သူမက ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ကုသ၊ ပျောက်ကင်းစေနိုင်တယ် ဆိုတဲ့ သတင်းအချက်အလက်မှားတွေနဲ့ပတ်သက်ပြီး AFP က ခုခံချေပထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

COVID-19