ကာကွယ်ဆေးများ

ရုရှားထုတ် ထိုးဆေးကို COVID-19 ကာကွယ်ဆေးအနေနဲ့ WHO သတ်မှတ်တယ်ဆိုတဲ့သတင်းမှား

နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 11/11/2020 အချိန် 08:59

ရုရှားနိုင်ငံထုတ်ထိုးဆေးကို COVID-19 တရားဝင်ကုသဆေးအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က သတ်မှတ်လိုက်တယ်ဆိုပြီး blog တစ်ခုမှာရေးထားတဲ့ပို့စ်ကို Facebook ပေါ်မှာ အကြိမ်ပေါင်းများစွာ ပြန်လည်မျှဝေနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြောဆိုမှုဟာ နားလည်မှုလွဲစေနိုင်ပါတယ်။ လက်ရှိအချိန်အထိ WHO က ဘယ်ထိုးဆေးကိုမှ COVID-19 ကုသဆေးအနေနဲ့ တရားဝင်သတ်မှတ်ကြေညာထားတာမျိုး မရှိသေးပါဘူး။