
နာနတ်သီးဖျော်ရည်က သွေးကင်ဆာပျောက်ကင်းစေတယ်ဆိုတဲ့ ပြောဆိုမှုကို ကျွမ်းကျင်သူတွေငြင်းဆို
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 18 စက်တင်ဘာ 2025 အချိန် 09h33
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
"သွေးကင်ဆာပျောက် နာနတ်ရေသောက်"(မူရင်းအတိုင်း) ဆိုတဲ့ခေါင်းစဥ်နဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်က ဒီ Facebook ပို့စ်မှာမျှဝေထားပါတယ်။
"နာနတ်သီးအမှည့် ၅ လုံးခန့်ကို အခွံခွါပြီးလျှင် အရည်ကိုညှစ်ယူပါ ၎င်းနာနတ်သီးအရည်ကို သန့်ရှင်းသော အဝကျယ်ဖန်ပုလင်းများတွင် ထည့်၍ အဖုံးဖွင့်ထားကာ (၄)ရက်ခန့် နေလှန်းပါ(နေဖြင့်ချက်သည့် ချက်ဆေးသဘောဖြစ်ပါတယ်)" (မူရင်းအတိုင်း)
၎င်းနာနတ်ရည်ကို တစ်နေ့ ၃ ကြိမ် လက်ဖက်ရည်ပန်းကန်တစ်လုံးစာခန့်စီ သောက်ပါ ဝမ်းယောင်၊ ဝမ်းနာ၊ ပိုက်ပွ၊ ဝမ်းချုပ်၊ လေအောင့် ရှိသူများ ဆားမီးဖုတ် မန်ကျည်းစေ့ခန့်နှင့်အတူ သောက်ပါ"(မူရင်းအတိုင်း) ဆိုပြီး ဖော်ပြထားပါတယ်။
နာနတ်သီးတွေနောက်ခံထားပြီး ခရားထဲကအဝါရောင်အရည်တွေကို ဖန်ခွက်ထဲ တစ်စုံတစ်ယောက်ကလောင်းထည့်နေတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ဒီပို့စ်မှာမျှဝေထားပါတယ်။

တူညီတဲ့ပြောဆိုမှုတွေဟာ မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေကြား ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပါတယ်။
သွေးကင်ဆာဟာ DNA ဗီဇပြောင်းလဲမှုကြောင့် ပုံမှန်မဟုတ်တဲ့ သွေးဆဲလ်တွေ အလွန်အကျွံ ထုတ်လုပ်ရာက အစပြုတဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ (Archived links here and here)
အသက်အန္တာရာယ်ဖြစ်နိုင်ခြေရှိတဲ့ ဒီသွေးကင်ဆာရောဂါကို နာနတ်ရေသောက်သုံးပြီး မပျောက်ကင်းစေနိုင်ဘူးလို့ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။
"နာနတ်သီးဖျော်ရည် သောက်သုံးခြင်းက Leukemia ဒါမှမဟုတ် သွေးကင်ဆာကို ပျောက်ကင်း သက်သာစေတယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားမရှိသေးဘူး"လို့ အမေရိကန် မက်ဆာချူးဆက်ပြည်နယ်၊ Tufts တက္ကသိုလ်ရဲ့ ကင်ဆာသုတေသန အထူးပြုပါမောက္ခ ဒေါက်တာ Don S Dizon က စက်တင်ဘာ ၈ ရက်မှာ AFP ကို ပြောပါတယ်။ (Archived links here and here)
သွေးကင်ဆာကုသရာမှာ ဆေးဝါးနဲ့စောင့်ကြည့်ကုသမှု (active conservative therapy) တွေကနေ စံပြုကုသမှုတွေဖြစ်တဲ့ ခုခံအားကုထုံး (immunotherapies)၊ ဓါတုဆေးသွင်းကုထုံး (chemotherapies) နဲ့ ကင်ဆာဆဲလ်သီးသန့်ချေဖျက်ကုထုံး (targeted agents) စတဲ့ ကွဲပြားတဲ့ ကုသမှုပုံစံအမျိုးမျိုးရှိတယ်လို့ Yale ဆေးဘက်ဆိုင်ရာဌာနက ဖော်ပြထားပါတယ်။ (Archived link)
နာနတ်သီးမှာပါဝင်တဲ့ bromelain အင်ဇိုင်းဟာ ကင်ဆာဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိတွေရှိတယ်ဆိုပြီး ဓာတ်ခွဲလေ့လာမှုတွေက အဆိုပြုထားပေမယ့် ဒီအကျိုးကျေးဇူးတွေဟာ "လူတွေအပေါ် သက်ရောက်မှုရှိကြောင်း သုသေသနပြုလုပ်ထားတာမျိုးမရှိသေးဘူး"လို့ the Memorial Sloan Kettering ကင်ဆာစင်တာက သတိပေးထားပါတယ်။ (Archived links here and here)
နာနာသီးအရည်ကို သောက်သုံးခြင်းက အန္တရာယ်မရှိပေမယ့် ရောဂါကုသမှုနှောင့်နှေးတာကနေ ကင်ဆာရောဂါရဲ့ ကုသလို့မရနိုင်တဲ့အဆင့်အထိ ဖြစ်ပေါ်သွားစေနိုင်တယ်လို့ ဒေါက်တာ Dizon က ပြောပါတယ်။
သွေးကင်ဆာရောဂါဟာ "အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် ကင်ဆာဝေဒနာရှင်တွေအနေနဲ့ မိမိတို့ရဲ့ သမားတော်တွေက ညွှန်ကြားထားတဲ့ဆေးဝါးတွေကို သောက်သုံးဖို့အရေးကြီးတယ်"လို့ စင်္ကာပူအထွေထွေရောဂါကုဆေးရုံကြီးရဲ့ သွေးရောဂါအထူးကုဆရာဝန် Dr Nural Aidah Abdul Halim က စက်တင်ဘာ ၁၂ ရက်မှာ AFP ကို ပြောပါတယ်။ (Archived link)
Cancer Research UK ရဲ့ အကြီးတန်းအထူးကုသူနာပြု Caroline Geraghty က "အခြားကုထုံးတွေနဲ့ စမ်းသပ်ကုသမှုမပြုလုပ်ခင်မှာ သင့်ရဲ့ကင်ဆာဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန် ဒါမှမဟုတ် အထူးကုသူနာပြုတွေနဲ့ တိုင်ပင်ဖို့ လိုအပ်တယ်" လို့ စက်တင်ဘာ ၉ ရက်က AFP ကို ပြောပါတယ်။
ဆေးဖက်ဝင် သစ်သီး၊ သစ်ရွက်တွေက ရောဂါအမျိုးမျိုးကို ကုသနိုင်တယ်ဆိုတဲ့ မှားယွင်းပြောဆိုမှုတွေကို AFP က ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်