
‘Gratula’ ဆိုပြီး မှတ်ချက်ရေးသားခြင်းက အကောင့်လုံခြုံရေးကို မစစ်ဆေးနိုင်ဘူးလို့ Facebook ပြောဆို
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 07 ဖေဖော်ဝါရီ 2022 အချိန် 08h03
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
အဲဒီပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး အကြိမ်ရေ ၅၅၀ ကျော် မျှဝေထားကြပါတယ်။
အဲဒီပို့စ်မှာ Meta ကုမ္ပဏီအကြီးအကဲ Mark Zuckerberg ရဲ့ ဓာတ်ပုံကို တွဲဖက်ဖော်ပြထားပြီး ဓာတ်ပုံပေါ်မှာ “ကိုယ့်အကောင့်ပြန်စစ်ကြည့်ပါ”ဆိုတဲ့ စာသားကို ရေးထားပါတယ်။
“အကောင့်လုံခြုံမှုရှိမရှိ GRATULA လို့ရေးကြည့် အနီရောင်ဆိုရင် လုံတယ်”လို့ Mark Zuckerberg က ပြောဆိုထားတယ်ဆိုပြီး အဲဒီပို့စ်မှာ ဖော်ပြပါတယ်။

အလားတူပြောဆိုမှုတွေကို Facebook ပေါ်က ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားကြပါတယ်။
Facebook ကုမ္ပဏီ Meta ကတော့ ဒီအဆိုဟာ မှားတယ်လို့ AFP ကို ပြောဆိုထားပါတယ်။
Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “gratula”လို့ ရေးလိုက်ရုံနဲ့ အကောင့်တွေကို လုံခြုံအောင်မလုပ်နိုင်ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်က အီးမေးလ်ကနေ တဆင့် ပြောဆိုပါတယ်။
“Facebook ပေါ်က တချို့စကားလုံးတွေက ရုပ်ပုံသဏ္ဍာန်ဖန်တီးပြုပြင်ထားတာ ဒါမှမဟုတ် အရောင်တွေနဲ့ ပြုလုပ်ထားတာ ရှိပါတယ်။ စကားလုံးတစ်လုံးကို Facebook ပေါ်မှာ ရေးလိုက်ရုံနဲ့ အကောင့်ကို လုံခြုံအောင် လုပ်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ Facebook ထုတ်ကုန်တိုင်းမှာ အကောင့်ဝင်ရင် အချက်ပေးတဲ့စနစ်တွေ (login alerts)၊ နှစ်ဆင့်ခံလုံခြုံရေးစနစ် (two-factor authentication) တွေစတဲ့ လုံခြုံရေးစနစ်တွေ ထည့်သွင်းဖန်တီးထားပါတယ်။ အကောင့်လုံခြုံရေးတွေကို ပြန်လှန်စိစစ်ပြီး အသုံးပြုသူတွေကို Setting တွေ ချိန်ညှိဖို့ တိုက်တွန်းလိုပါတယ်” လို့ Meta ရဲ့ ပြောရေးဆိုခွင့် ရှိသူက AFP ကို ပြောပါတယ်။
Facebook အသုံးပြုသူတွေအနေနဲ့ အကောင့်နဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဒီလင့်ခ် ၊ဒီလင့်ခ် တွေကနေအသိပေးပြီး အကူညီရယူနိုင်တယ်လို့ ဆိုပါတယ်။
တကယ်တမ်း “Gratula” ဆိုတာ စကားလုံးအသစ်တစ်ခုမဟုတ်ဘဲ “ဂုဏ်ယူပါတယ်” လို့ အဓိပ္ပာယ်ရတဲ့ ဟန်ဂေရီဘာသာစကားသာ ဖြစ်ပါတယ်။
AFP အနေနဲ့ ယခင်ကလည်း Facebook နဲ့ ပတ်သက်တဲ့ပြောဆိုမှုတွေကို အချက်အလက်စိစစ်ခဲ့ပြီး ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်