
၂၀၂၀ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ ရေကြီးမှုက ဓာတ်ပုံသာဖြစ်
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 30 ဇူလိုင် 2021 အချိန် 07h59
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်က ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်မှာ မျှဝေထားတာဖြစ်ပြီး ပြန်လည်မျှဝေမှု အကြိမ်ရေ ၄,၀၀၀ ကျော် ရှိနေပါတယ်။
ဒီဓာတ်ပုံနဲ့အတူ စာသားကိုလည်း အခုလိုပဲတွေ့ရပါတယ်။
“မြန်မာနိုင်ငံရေဘေးဒုက္ခတွေကြားက ဖခင်တစ်ယောက်ရဲ့
ဖြူစင်လှပလွန်းတဲ့ ပေးဆပ်သော ချစ်ခြင်းမေတ္တာ....” (မူရင်းသတ်ပုံအတိုင်း)

ဇူလိုင်လနှောင်းပိုင်းက မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ မုတ်သုန်ရာသီ ရေကြီးမှုတွေကြောင့် ထောင်နဲ့ချီရေဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး ဒီဓာတ်ပုံကို အခုလိုပဲအွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ AFP ကဒီသတင်းကို ဒီလင့်ခ်မှာ တင်ပြထားပါတယ်။
တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ် တွေမှာပြန်လည်မျှဝေထားပါတယ်။
ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။
ဒီဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်း ဗမ်ကိုကြောင့် ရေကြီးမှုဖြစ်ခဲ့ပြီး ကယ်ဆယ်ရေးလှုပ်ရှားမှုတွေကို ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတစ်ပုံပဲဖြစ်ပါတယ်။
ဒီဓာတ်ပုံရဲ့ မူပွားဓာတ်ပုံကို AFP ရဲ့ ဝဘ်ဆိုဒ် ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။
ဓာတ်ပုံနဲ့အတူစာသားကိုလည်း အခုလိုပဲဖော်ပြထားပါတယ်။
“ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့မှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ပေးပို့လာသည့် ဓာတ်ပုံအရ တိုင်ဖွန်းဗမ်ကိုကြောင့် ဖိလစ်ပိုင်နိုင်ငံအချို့နေရာများမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ရေကြီးမှုတွေဖြစ်ပွားခဲ့ပြီး မနီလာမြို့ တောင်ပိုင်း ကာဂါယန်ပြည်နယ်ရှိ ရေလွမ်းမိုးမှုခံခဲ့ရသည့် အိမ်တစ်အိမ်မှ ကလေးငယ်တစ်ဦးကို ကမ်းခြေစောင့်တပ်သားတစ်ဦးမှ ဘေးကင်းရာသို့ ကယ်ဆယ်နေသည့်မြင်ကွင်း”

ဒီဓာတ်ပုံကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ Facebook စာမျက်နှာမှာလည်း မျှဝေထားပါတယ်။
ဒီဓာတ်ပုံကို အထက်က စာသားတွေနဲ့အတူ Vice မဂ္ဂဇင်းကလည်း ဖိလစ်ပိုင်က ရေကြီးမှု အကြောင်းအရာနဲ့အတူ ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်