ပါလက်စတိုင်းမှာ အစ္စရေးစစ်သားတွေက လမ်းပေါ် လိမ့်လာတဲ့တာယာကို ရပ်တန့်ဖို့ကြိုးစားနေတဲ့ ဗီဒီယိုဖြစ်ပြီး မြန်မာနိုင်ငံမှာ ရိုက်ကူးခဲ့တာ မဟုတ်ပါ
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 21 ဖေဖော်ဝါရီ 2022 အချိန် 09h51
- အပ်ဒိတ်ရက်စွဲ 21 ဖေဖော်ဝါရီ 2022 အချိန် 13h34
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ကားလမ်းပေါ် လိမ့်လာတဲ့ တာယာတစ်လုံးကို ရပ်တန့်ဖို့ ကြိုးစားနေတဲ့စစ်သားတွေပါဝင်တဲ့ ဗီဒီယိုဖိုင်တစ်ခုကို Facebook ပေါ်က ပို့စ်တွေမှာ မျှဝေထားပြီး အကြိမ်ထောင်နဲ့ချီကြည့်ရှုခဲ့ကြပါတယ်။ ပို့စ်တွေမှာ အဲဒီလွဲချော်မှုအတွက် မြန်မာနိုင်ငံက စစ်သားတွေကို လှောင်ပြောင်ထားကြပါတယ်။ Facebook အသုံးပြုသူတချို့ကတော့ အဲဒီဗီဒီယိုကို မြန်မာနိုင်ငံမှာ ရိုက်ကူးခဲ့တာလို့ ယုံကြည်နေကြပါတယ်။ တကယ်တမ်း အဲဒီဗီဒီယိုမှာ တွေ့ရတာ ၂၀၁၄ ခုနှစ်က ပါလက်စတိုင်းဒေသက အစ္စရေးစစ်သားတွေပဲ ဖြစ်ပါတယ်။
ဒီဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ မျှဝေခဲ့တာ ဖြစ်ပြီး အကြိမ် ၄၀၀ နီးပါး ကြည့်ရှုထားပါတယ်။
ဗီဒီယိုနဲ့အတူ ရေးထားတဲ့စာသားကတော့ အခုလိုဖြစ်ပါတယ်။
“ခေါင်းထဲမှာ ချီးဘဲ ရှိတဲ့ စစ်ခွေးမလအကောင်တွေ” (မူရင်းသတ်ပုံအတိုင်း)
“မအလ”ဆိုတာ မြန်မာတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အင်တာနက်လူမှုကွန်ရက်အသုံးပြုသူတွေက ခေါ်ဝေါ်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ မြန်မာတပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံအာဏာကို သိမ်းယူခဲ့တဲ့နောက် တိုင်းပြည်အတွင်း မငြိမ်မသက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
“အဲဒီစစ်ခွေးတွေကလူလိုလဲမသိတတ်ဘူး” ဆိုပြီး Facebook အသုံးပြုသူတစ်ဦးက ရေးခဲ့ပါတယ်။
အခြားတစ်ဦးကလည်း “စိတ်ကြွဆေးတွေ ကျွေးခံထားရတော့ ပုံမှန်စိတ် မဟုတ်တော့ဘူး ရူးနေကြပြီ” ဆိုပြီး ရေးထားပါတယ်။
အဲဒီဗီဒီယိုကို တူညီတဲ့ပြောဆိုမှုနဲ့အတူ Facebook ရဲ့ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့ကြပြီး အကြိမ်ပေါင်း ၁၉,၀၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာကလည်း မြန်မာနိုင်ငံက TikTok အကောင့်တစ်ခုမှာ ဒီဗီဒီယိုကို မျှဝေခဲ့ပါတယ်။
တကယ်တော့ ဒီဗီဒီယိုမှာတွေ့ရတာ ပါလက်စတိုင်းဒေသတစ်ခုက အစ္စရေးစစ်သားတွေသာ ဖြစ်ပါတယ်။
အဓိကကျတဲ့စကားလုံး (Keyword) တွေ သုံးပြီး Google ပေါ် ရှာဖွေကြည့်တဲ့အခါမှာတော့ ဒီဗီဒီယိုကို ပါလက်စတိုင်းသတင်းစာဆရာတစ်ဦးဖြစ်တဲ့ Mohamed Awad က YouTube ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာ တွေ့ရပါတယ်။
အဲဒီဗီဒီယိုကတော့ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၆ ရက်က Hebron မြို့အနီးက Beit Ummar ရွာမှာ ဖြစ်ပွားခဲ့တဲ့ အစ္စရေးစစ်သားတွေနဲ့ ပါလက်စတိုင်းတွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအကြောင်း ဖြစ်ပါတယ်။
အာရဗီဘာသာစကားနဲ့ရေးသားထားတဲ့ ဗီဒီယိုရဲ့ဖော်ပြချက်မှာ “၂၀၁၄ ခုနှစ် ဇွန်လ ၆ ရက်၊ သောကြာနေ့က Beit Ummar မှာ တာယာထိမှန်ခဲ့တဲ့ စစ်သားတစ်ယောက် လဲကျတဲ့ အခိုက်အတန့် ဗီဒီယို” ဆိုပြီး ရေးထားပါတယ်။
အဲဒီဗီဒီယိုကို အာရဗီဘာသာစကားနဲ့ ထုတ်ဝေတဲ့ သတင်းဌာနတစ်ခုကလည်း ၂၀၁၄ ခုနှစ်က ဒီသတင်းမှာ ဖော်ပြခဲ့ပြီး သတင်းစာဆရာ Mohamed Awad ကို ဗီဒီယိုပိုင်ရှင်အဖြစ် ကိုးကားဖော်ပြခဲ့ပါတယ်။
အောက်မှာနားလည်မှုလွဲစေတဲ့ ပို့စ်က ဗီဒီယို (ဘယ်) ကို YouTube က ဗီဒီယို (ညာ) နဲ့နှိုင်းယှဥ်ပြထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။
ဗီဒီယိုရဲ့ ၁၅ စက္ကန့်နေရာမှာ ကားလိုင်စင်နံပတ်ပြားတစ်ခုကို တွေ့နိုင်ပြီး အောက်က screenshot မှာ ဖော်ပြထားသလို အဲဒီလိုင်စင်နံပါတ်ဟာ ပါလက်စတိုင်းနယ်မြေမှာ အသုံးပြုတဲ့ ကားနံပါတ်ပြားနဲ့ ကိုက်ညီတာတွေ့ရပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်