
'ကိုဗစ်-၁၉ ဆေးမြီးတို'အဖြစ် အိန္ဒိယကျောင်းသားတစ်ဦး ဖော်စပ်တဲ့ ချင်းပြုတ်ရည်ကို WHO က အတည်ပြုလိုက်ပြီဆိုတဲ့ သတင်းမှား ပျံ့နှံ့
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 16 ဇူလိုင် 2021 အချိန် 08h56
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဒီအဆိုကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့က Facebook ရဲ့ ဒီလင့်ခ်မှာ မျှဝေထားပြီး ပြန်လှည်မျှဝေတဲ့ အကြိမ်ရေ ၃၄,၀၀၀ ရှိနေပါတယ်။

အဲဒီပို့စ်မှာ အောက်ပါအတိုင်း ရေးသားဖော်ပြထားပါတယ်။
“အိန္ဒိယနိုင်ငံ
မွမ်ဗိုင်းမြို၊ (ဘုံဘေ)မှ အထက်တန်း
ဆင့်ကျောင်းသားလေး၏
ကြိုးပမ်းချက်။
ကိုဗစ် 19 ကြိုတင်ကာကွယ်ရန်အတွက်အိမ်သုံးဆေး
(၁) ငြုပ်ကောင်း ၁ဇွန်း
(၂) ပျားရည် ၂ဇွန်း
(၃) ဂျင်း အရည် အနည်းငယ်
၅ရက်ဆက်တိုက် ကြိုသောက်က ကိုဗစ်19 ရောဂါကို ၁၀၀%
ကာကွယ်နိုင်သည်ဟုဆိုပါသည်။
တကမ္ဘာလုံးစတင်အသုံးပြုနေပါပြီတဲ့
အထူးမှာ။ ။ ကမ္ဘ့ာကျန်းမာရေးအဖွဲ့ချုပ်မှ
အတည်ပြုထောက်ခံချက်ရထားပြီ ဖြစ်ပါသည်။” (မူရင်းသတ်ပုံအတိုင်း)
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုတွေကြောင့် တစ်နိုင်ငံလုံး အကြပ်အတည်းတွေ ရင်ဆိုင်ခဲ့ရပြီး အခုချိန်မှာ ကိုဗစ်-၁၉ တတိယလှိုင်းကို ထပ်မံ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ AFP ရဲ့အဆိုအရ ၂၀၂၁ခုနှစ်၊ ဇူလိုင် ၁၄ ရက်မှာ ကိုဗစ်-၁၉ ကူးစက်မှု အတည်ပြုလူနာ ၇,၀၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ ဒီပို့စ်ကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည် မျှဝေထားပါတယ်။
ဒီအဆိုဟာ မှားယွင်းပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) ရဲ့ အရှေ့တောင်အာရှ ပြန်ကြားရေးတာဝန်ခံ Shamila Sharma က ဒီသတင်းဟာ “လုပ်ကြံသတင်း” လို့ AFP ကို အီးမေးလ်ကနေ ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၅ ရက်က ပြောကြားခဲ့ပါတယ်။
“WHO အနေဖြင့် COVID-19 ရောဂါကာကွယ် ကုသရာတွင် ပဋိဇီဝဆေးများအပါအဝင် အခြားဆေးဝါးတွေဖြင့် ကိုယ်တိုင်ဖော်စပ် ကုသခြင်းကို အကြံပြုထောက်ခံထားခြင်း မရှိပါ။ ။ ကိုဗစ်-၁၉ ရောဂါ ကုသခြင်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် WHO အနေဖြင့် ဦးဆောင်ပူးတွဲလုပ်ဆောင်မှုများ ဦးဆောင် ပြုလုပ်နေပြီး အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ဖော်ပြသွားမည်။” ဆိုပြီး WHO ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ပျံ့နှံ့ခဲ့တဲ့ ဒီအဆိုကို AFP က ဒီလင့်ခ်မှာ မှားယွင်းကြောင်း တုံ့ပြန်ထားပါတယ်။
“ငရုပ်ကောင်း၊ ငရုပ်သီးကို ဟင်းချိုနှင့် အခြားသော ဟင်းရည်များတွင် ထည့်သွင်းစား သုံးခြင်းဖြင့် COVID-19 ရောဂါကို ကာကွယ်၊ ကုသနိုင်ခြင်း မရှိပါ” ဆိုပြီး ငရုပ်သီး၊ ငရုပ်ကောင်း ရဲ့ COVID-19 အပေါ် အကျိုးပြုနိုင်တဲ့ ပြောဆိုမှုတွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) က တုံ့ပြန်ထားပါတယ်။
WHO ဝက်ဘ်ဆိုက်ရဲ့ ဒီလင့်ခ်မှာ ဖော်ပြထားတာက “အစားအသောက်မှာ ပါတဲ့ ပူစပ်တဲ့ဟင်းခတ်ပစ္စည်းတွေဟာ အရသာရှိသော်လည်း၊ COVID-19 ကို ကုသနိုင်ခြင်း မရှိပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကနေ အကောင်းဆုံးကာကွယ်တဲ့ နည်းလမ်းတွေက အခြားသူတွေနဲ့ အနည်းဆုံး တစ်မီတာအကွာမှာ နေထိုင်ခြင်း၊ လက်ကို ခဏခဏဆေးကြောခြင်းတွေပဲ ဖြစ်ပါတယ်။ အာဟာရမျှတတဲ့အစားအသောက် စားခြင်း၊ ရေဓာတ်ထိန်းသိမ်းခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့ ကောင်းမွန်စွာ အိပ်စက်ခြင်းတွေကလည်း အထွေထွေ ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်တယ်” လို့ ဖော်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်