(FILES) In this file photo people wait in line to undergo COVID-19 coronavirus swab tests at a testing station in Beijing on June 30, 2020. - The United States called July 7, 2020 on China to free an outspoken professor who was detained after criticizing President Xi Jinping over the coronavirus pandemic. Xu Zhangrun, a law professor at Tsinghua University, one of China's top institutions, was taken from his home in suburban Beijing on Monday along with more than 20 other people, his friends said. (Photo by GREG BAKER / AFP) (AFP / Greg Baker)

တရုတ်တွင် ပုလိပ်ကပ်ရောဂါဖြစ်ပွားနေပြီဟူသော သတင်းမှား ပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ပလိပ်ကပ်ရောဂါတစ်မျိုးကို တရုတ်နိုင်ငံမှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအစောပိုင်းက တွေ့တဲ့အကြောင်းနဲ့ “ဆိုးရွားတဲ့ကမ္ဘာ့ကပ်ရောဂါ” ဖြစ်လာနိုင်ခြေရှိတဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာတယ်ဆိုပြီး ပြောထားတဲ့ပို့စ်တွေကို Facebook နဲ့ Twitter ပေါ်မှာ အကြိမ်ရေထောင်ချီ ပြန်လည် မျှဝေခဲ့ကြပါတယ်။ ချောင်းဆိုးရာကနေထွက်တဲ့ အမှုန်အစက်တွေကနေ ပလိပ်ရောဂါပျံ့နှံ့မယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးစင်တာ (CDC) ကနေပြောတယ်ဆိုပြီးတော့လည်း အဲဒီပို့စ်တွေမှာ ထည့်ရေးထားပါသေးတယ်။ ဒီပြောကြားချက်တွေဟာ နားလည်မှု လွဲမှားစေနိုင်ပြီး ပုလိပ်ရောဂါဟာ စိုးရိမ်ရတဲ့ရောဂါမျိုးမဟုတ်တော့ကြောင်းနဲ့ ကောင်းစွာထိန်းချုပ်ကုသနိုင်တဲ့အခြေအနေမျိုးရှိနေကြောင်း WHO က ဆိုထားသလို CDC ကလည်း ပလိပ်ရောဂါဟာ များသောအားဖြင့် သန်းတွေ၊ မွှားတွေ ကိုက်ခံရတာကနေသာ ကူးစက်လေ့ရှိလို့ ပြောပါတယ်။

အဲဒီပို့စ်ကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က တင်ထားခဲ့ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၇၀၀ ကျော် ရှိခဲ့ပါတယ်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ရဲ့  screenshot

ပို့စ်မှာတော့ ပလိပ်ကပ်ရောဂါအကြောင်း WHO နဲ့ CDC က တိကျတဲ့သတင်းအချက်အလက်တွေကို ကိုးကားထားတာဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။ 

ပို့စ်နဲ့အတူ တွဲတင်ထားတဲ့ဓာတ်ပုံမှာတော့ ပလိပ်ရောဂါလူနာတစ်ယောက်ပုံကို ပုံဖော်ထားတဲ့ဖယောင်းရုပ်တုကို တွေ့ရပါတယ်။ 

တရုတ်နိုင်ငံမြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်တဲ့ အတွင်းမွန်ဂိုးလျားဒေသမှာ ပလိပ်ရောဂါတွေ့တယ်လို့ AFP သတင်းဌာနက ဒီလင့်ခ်မှာ ရေးသားဖော်ပြပြီး ရက်ပိုင်းအကြာ အခုလို နားလည်မှုလွဲစေနိုင်တဲ့ပြောဆိုမှုတွေ ထွက်ပေါ်လာတာပါ။

အလားတူပြောထားတဲ့ ပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်အပြင် Twitter ရဲ့ ဒီလင့်ခ်တွေမှာ တင်ထားပြီး ပြန်လည်မျှဝေသူ အကြိမ်ရေ ရာနဲ့ချီ ရှိခဲ့ပါတယ်။ 

ဒါပေမယ့် ဒါဟာ နားလည်မှုလွဲစေနိုင်ပါတယ်။

“ဆိုးရွားတဲ့ကပ်ရောဂါ” လို့လည်းဆို​

ပို့စ်ပါ စာသားအချို့ကတော့ အခုလိုပဲ ဖြစ်ပါတယ်။ “ကြားဖြတ်သတင်း။ ။ ပလိပ်ကပ်ရောဂါ တစ်ကျော့ပြန်လာပြီလား / တရုတ်နိုင်ငံမှာ ကူးစက်သေဆုံးနှုန်းအလွန်မြင့်တဲ့ရောဂါတစ်မျိုးကို အတည်ပြုလိုက်ပြီး ဆိုးရွားတဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်လာနိုင်ချေရှိတယ်လို့ WHO က ဆိုပါတယ်။ ခေတ်သစ်ပဋိဇီဝဆေးတွေနဲ့ကုတဲ့အခါ ဒီရောဂါကို ကုနေရင်း နောက်ရောဂါတစ်မျိုးထပ်တိုးတဲ့ဖြစ်စဉ်တွေ ရှိလာပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်” 

ဒါဟာ နားလည်မှု လွဲစေနိုင်ပါတယ်။ တကယ်တော့ WHO ကနေ ကြေညာထားတာက ပလိပ်ကပ်ရောဂါကို “ကောင်းစွာ ထိန်းချုပ်နိုင်ပြီ” ဖြစ်ပါတယ်။

ပလိပ်ကပ်ရောဂါဟာ “အဖြစ်များတဲ့ ကပ်ဆိုးတစ်မျိုးဖြစ်ပြီး ကူးစက်လွယ်တဲ့ သန်းတွေ၊ မွှားတွေကိုက်ခံရတာကနေ ဖြစ်လေ့ရှိတယ်” လို့ WHO က ဆိုထားတာပါ။

WHO ပြောခွင့်ရပုဂ္ဂိုလ်မာဂရက်ဟားရစ်ရဲ့ ပြောစကားကို AFP က ကိုးကားပြီး ဇူလိုင်လ ၇ ရက်နေ့တုန်းက ဒီလင့်ခ်မှာ အခုလို သတင်းရေးတင်ထားပါတယ်။ “တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့အရေအတွက်ကို ကျွန်မတို့ စောင့်ကြည့်နေပါတယ်။ ရောဂါကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ပါတယ်။ အခုအချိန်မှာတော့ ရောဂါက အခြေအနေဆိုးရွားတယ်လို့ ကျွန်မတို့ မယူဆပါဘူး။ ဒါပေမယ့် ကျွန်မတို့ သေချာဂရုတစိုက် စောင့်ကြည့်နေပါတယ်”

ဒီလင့်ခ်ပါ WHO ရဲ့ ထုတ်ပြန်ချက်မှာ အခုလိုပဲ ပါရှိပါတယ်။ “ပလိပ်ကပ်ရောဂါဆိုးဟာ ၁၄ ရာစုတုန်းက ဥရောပမှာ လူ သန်း ၅၀ ကျော် သေဆုံးခဲ့ရတဲ့ Black Death ကာလအပါအဝင် သမိုင်းတစ်လျှောက် ကပ်ရောဂါများစွာရဲ့ တရားခံဖြစ်ခဲ့တာမှန်ပေမယ့် ဒီနေ့ခေတ်မှာတော့ ပဋိဇီဝဆေးတွေ၊ သတ်မှတ်ထားတဲ့ ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေနဲ့ အလွယ်တကူ ကုသနိုင်နေပြီ ဖြစ်ပါတယ်” 

“ချောင်းဆိုးရင် ရောဂါပြန့်တယ်” လို့ ပြောတာလည်းရှိ​

အဲဒီပို့စ်ပါ နောက်ထပ်ပြောဆိုမှုတစ်ခုကတော့ “ပလိပ်ကပ်ရောဂါဟာ လေထဲကနေ ပျံ့နှံ့နိုင်ပြီး ရောဂါကူးစက်ခံထားရသူတစ်ဦး ချောင်းဆိုးရင် ရောဂါပျံ့နှံ့နိုင်တယ်လို့ အမေရိကန်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာ (CDC) က ဆိုပါတယ်” ဆိုပြီး ဖြစ်ပါတယ်။

ဒါဟာ နားလည်မှု လွဲစေနိုင်ပါတယ်။ 

CDC ရဲ့ အဆိုအရ “ပလိပ်ကပ်ရောဂါဟာ ပုံမှန်အားဖြင့် ရောဂါပိုးရှိတဲ့ သန်းတွေ၊ မွှားတွေ အကိုက်ခံရမှသာ ကူးစက်တာဖြစ်တယ်” လို့ သိရပါတယ်။

ပလိပ်ကပ်ရောဂါကို မကုသဘဲနေရင် ဆက်ပြီးဖြစ်နိုင်တဲ့ရောဂါကတော့ အဆုတ်ပိုင်းဆိုင်ရာပလိပ်ရောဂါဖြစ်ပြီး (ပါးစပ်နဲ့နှာခေါင်းကထွက်တဲ့ အမှုန်အစက်တွေကနေ) လူလူချင်း ကူးစက်နိုင်တယ်လို့ CDC က ဆိုပါတယ်။