အိန္ဒိယကလေယာဉ်ပျက်ကျတဲ့ဓာတ်ပုံကို KIA ပစ်ချလိုက်တဲ့ရဟတ်ယာဉ်လို့ဆိုထားတဲ့ဓာတ်ပုံမှားပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 မေ 2021 အချိန် 13h33
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှာ KIA လက်နက်ကိုင်အဖွဲ့က ပစ်ချလိုက်တဲ့ မြန်မာ့စစ်တပ်ရဟတ်ယာဉ်လို့ ဆိုထားတဲ့ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေ ထောင်နဲ့ချီ မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် အိန္ဒိယနိုင်ငံမှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်အကြောင်း ဖော်ပြထားတဲ့ သတင်းဓာတ်ပုံသာ ဖြစ်ပါတယ်။

ဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ မေလ ၃ရက်က Facebook ပေါ်က ဒီလင်ခ့်မှာ တင်ခဲ့တာဖြစ်ပြီး အကြိမ်ရေ ၃၅၀၀ ကျော် ပြန်လည်မျှဝေထားပါတယ်။

 

Image
၂၀၂၁ ခုနှစ်၊ မေလ ၄ရက်က ယူထားထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ရဲ့ screenshot

၎င်းဓာတ်ပုံနဲ့အတူ “ဒီလိုအခြေအနေဖြစ်သွားတယ်ဆိုတော့ စစ်သုံးကောင်အလောင်းဆိုရင် တစ်စစီ လိုက်ကောက်လို့တောင်ရမယ်မထင် နှမျောလိုက်တာ KIAတို့ပစ်လိုက်တဲ့ လေယာဉ်ပစ်ဒုံးကျည်ကို” ဆိုပြီး Facebook ပိုစ့်မှာ ရေးထားပါတယ်။ 

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဟာ ကချင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် မြန်မာ့စစ်တပ်ကို ဆယ်စုနှစ်များစွာကြာ ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပါတယ်။

အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအပေါ် စစ်တပ်ရဲ့ ထပ်မံနှိမ်နင်းမှုတွေကြောင့်  ပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက်ရက် မေလ ၃ ရက်နေ့မှာ မြန်မာ့စစ်တပ်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း KIA ကထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အဲဒီသတင်းကို AFP ရဲ့ ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

တူညီတဲ့ ပြောဆိုမှုနဲ့အတူ အဲ့ဒီဓာတ်ပုံကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင်ခ့်တွေမှာ ပြန်လည် မျှဝေခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံက KIAက ပစ်ချလိုက်တဲ့ စစ်တပ်လေယာဉ်လို့ ပြောတဲ့ အဆိုဟာ မှားယွင်းပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလကတည်းက Twitter ပေါ်မှာ အိန္ဒိယနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ရဟတ်ယာဉ် ပျက်ကျမှုအကြောင်းအရာနဲ့အတူ မျှဝေထားတာကိုတွေ့ရပါတယ်။ 

အဲဒီဓာတ်ပုံကို အောက်တိုဘာလ ၂၆ ရက်၊ ၂၀၁၉ ခုနှစ် မှာ ပါကစ္စတန် စစ်တပ် စစ်ဗိုလ်တစ်ဉီးဖြစ်တဲ့ Asif Ghafoor က “ထိပ်သီးစစ်ဘက်အရာရှိတစ်ဦး သယ်ဆောင်လာတဲ့ လေယာဉ် ပျက်ကျတာကို အိန္ဒိယစစ်တပ်ကနှုတ်ဆိတ်နေပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေတော့ မတွေ့ရပါဘူး။ ပျက်ကျခဲ့တဲ့ လေယာဉ်ကတော့ မြင်တဲ့အတိုင်းပါပဲ။ စက်ပစ္စည်း ချို့ယွင်းမှုကြောင့်လား အချင်းချင်း လုပ်ကြံမှုလား။ မှတ်ချက်။ ။ ထိခိုက်ဒဏ်ရာရသူတွေ အမြန်ဆုံးသက်သာပါစေလို့ စစ်သားတစ်ယောက်အနေနဲ့ဆုတောင်းပေးလိုက်ပါတယ်” ဆိုပြီး ဒီTweet မှာမျှဝေထားပါတယ်။

 

 

ဒီဓာတ်ပုံကို Press Turst of India ကတင်ပြတဲ့ သတင်းထဲမှာ ထည့်သွင်း ဖော်ပြထားတာ ကိုတွေ့ရပါတယ်။ သတင်းခေါင်းစဉ်မှာတော့ “တောင်ပိုင်းစစ်ဌာနချုပ်တပ်မှူး လိုက်ပါလာသည့် စစ်တပ်လေယာဉ် ပျက်ကျမှုဖြစ်၊ သေဆုံးသူမရှိ” ဆိုပြီး ဖော်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ